မြန်မာနိုင်ငံ၏ နိုင်ငံခြား‌ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံသည် နံပါတ်(၁) လုပ်ဖော်ကိုင်ဖက်အဖြစ် ရပ် တည်နေကြောင်း DICA ဆို

 951

ယွန်း (NP News) - မတ် ၂၂

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံသည် နံပါတ်(၁) လုပ်‌ဖော်ကိုင်ဖက်အဖြစ်ရှိနေ ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က အသိပေးပြောဆိုထားသည်။

ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးက ယနေ့(မတ်လ ၂၂ ရက်)တွင် ရန်ကုန်မြို့ရှိ LOTTE Hotel တွင် ကျင်းပခဲ့သည့် တရုတ်(ချုံချင့် ပိရှန်း)- မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲတွင် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသည့် ကုမ္ပဏီလုပ်ငန်းပေါင်း (၆ဝဝ)နီးပါးရှိနေပြီး လုပ်ငန်းအများစုသည် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

“မြန်မာနိုင်ငံအနေနဲ့ ပြောရရင် တရုတ်နိုင်ငံဟာ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ဒုတိယအကြီးဆုံးလို့ စာရင်းဇယားများအရ ပေါ်ပါတယ်၊ ဒါပေမဲ့ ဒါကတိုက်ရိုက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုကိုပဲ ပြောတာဖြစ်ပါတယ်။ စုစုပေါင်း တရုတ်နိုင်ငံရဲ့ ကုမ္ပဏီလုပ်ငန်းပေါင်း (၅၈၃)ခုက investment ဘက်ကနေ ခွင့်ပြုထားတဲ့ဟာပေါ့၊ ရိုးရိုး ကုမ္ပဏီထောင်နေတာတွေ မဟုတ်ပါဘူး။ အဲဒီ (၅၈၃)ခုထဲမှာမှ စက်မှုလုပ်ငန်းထဲမှာ လုပ်နေတာ (၅၂၄)ခုတောင် ရှိနေပါတယ်။ (၉ဝ) ရာခိုင်နှုန်းလောက်က စက်မှုကုန်ထုတ်လုပ်ငန်းတွေကို ဆောင်ရွက်နေကြတာဖြစ်ပါတယ်” ဟု ဒုညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

ထို့ကြောင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စာရင်းများအရဆိုပါက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှု ဒုတိယအများဆုံးနိုင်ငံဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

သို့သော် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများရှိနေသည့်အပြင် အခြားနိုင်ငံများမှသွယ်ဝိုက်၍ ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုများလည်း ရှိနေကြောင်း သိရသည်။

“တရုတ်နိုင်ငံဟာ ဒုတိယလို့ ကျွန်တော်ခုန ပြောလိုက်တဲ့အထဲမှာမှ တရုတ်က တိုက်ရိုက်လာတဲ့ စာရင်းအရပေါ့။ (၅ဝဝ)ကျော်ကနေ ပေါင်းစပ်ပြီးတော့ ဖြစ်လာတဲ့စာရင်း ဖြစ်ပါတယ်။ တကယ်တော့ တရုတ်နိုင်ငံက ကျွန်တော်တို့ဆီမှာ No.1 ပါပဲ။ တရုတ်နိုင်ငံကနေပြီးတော့မှ ဟောင်ကောင်ဘက်က ပတ်လာတာရှိတယ်၊ စင်ကာပူက ပတ်လာတာတွေရှိပါတယ်။ ဒါတွေကိုပေါင်းစပ်လိုက်ရင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှမှာ ကျွန်တော်တို့နိုင်ငံအတွက် No.1 partner လို့ ပြောလိုပါတယ်” ဟု ဦးမင်းဇော်ဦးက အတည်ပြု ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် အဓိကရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နေခြင်းကြောင့် မြန်မာနိုင်ငံ၏ လုပ်သားများအတွက် များစွာအထောက် အကူပြုနေကြောင်း ၎င်းက ထည့်သွင်းပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂ဝ၂၃ ခုနှစ် ဖေ‌ဖော်ဝါရီလကုန်အထိ အမေရိကန်ဒေါ်လာ (၂၁ ဒသမ ၇)ဘီလျံကျော်ရှိကြောင်း DICA ၏ စာရင်းအချက်အလက်များအရသိရသည်။

zawgyi version
ျမန္မာႏိုင္ငံ၏ ႏိုင္ငံျခား‌ရင္းႏွီးျမႇဳပ္ႏွံမႈတြင္ တ႐ုတ္ႏိုင္ငံသည္ နံပါတ္(၁) လုပ္ေဖာ္ကိုင္ဖက္အျဖစ္ ရပ္ တည္ေနေၾကာင္း DICA ဆို

ယြန္း (NP News) - မတ္ ၂၂

ျမန္မာႏိုင္ငံ၏ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈတြင္ တ႐ုတ္ႏိုင္ငံသည္ နံပါတ္(၁) လုပ္‌ေဖာ္ကိုင္ဖက္အျဖစ္ရွိေန ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္က အသိေပးေျပာဆိုထားသည္။

ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမင္းေဇာ္ဦးက ယေန႔(မတ္လ ၂၂ ရက္)တြင္ ရန္ကုန္ၿမိဳ႕ရွိ LOTTE Hotel တြင္ က်င္းပခဲ့သည့္ တ႐ုတ္(ခ်ဳံခ်င့္ ပိရွန္း)- ျမန္မာ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ မိတ္ဆက္ပြဲတြင္ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ တ႐ုတ္ႏိုင္ငံမွ တိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ေဆာင္႐ြက္ေနသည့္ ကုမၸဏီလုပ္ငန္းေပါင္း (၆ဝဝ)နီးပါးရွိေနၿပီး လုပ္ငန္းအမ်ားစုသည္ စက္မႈကုန္ထုတ္လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

“ျမန္မာႏိုင္ငံအေနနဲ႔ ေျပာရရင္ တ႐ုတ္ႏိုင္ငံဟာ ကြၽန္ေတာ္တို႔ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈမွာ ဒုတိယအႀကီးဆုံးလို႔ စာရင္းဇယားမ်ားအရ ေပၚပါတယ္၊ ဒါေပမဲ့ ဒါကတိုက္႐ိုက္လာတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈကိုပဲ ေျပာတာျဖစ္ပါတယ္။ စုစုေပါင္း တ႐ုတ္ႏိုင္ငံရဲ႕ ကုမၸဏီလုပ္ငန္းေပါင္း (၅၈၃)ခုက investment ဘက္ကေန ခြင့္ျပဳထားတဲ့ဟာေပါ့၊ ႐ိုး႐ိုး ကုမၸဏီေထာင္ေနတာေတြ မဟုတ္ပါဘူး။ အဲဒီ (၅၈၃)ခုထဲမွာမွ စက္မႈလုပ္ငန္းထဲမွာ လုပ္ေနတာ (၅၂၄)ခုေတာင္ ရွိေနပါတယ္။ (၉ဝ) ရာခိုင္ႏႈန္းေလာက္က စက္မႈကုန္ထုတ္လုပ္ငန္းေတြကို ေဆာင္႐ြက္ေနၾကတာျဖစ္ပါတယ္” ဟု ဒုၫႊန္ၾကားေရးမႉးခ်ဳပ္က ဆိုသည္။

ထို႔ေၾကာင့္ တိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈ စာရင္းမ်ားအရဆိုပါက တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံတြင္ ရင္းႏွီး ျမႇဳပ္ႏွံမႈ ဒုတိယအမ်ားဆုံးႏိုင္ငံျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။

သို႔ေသာ္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံတြင္ တိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားရွိေနသည့္အျပင္ အျခားႏိုင္ငံမ်ားမွသြယ္ဝိုက္၍ ဝင္ေရာက္လာသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။

“တ႐ုတ္ႏိုင္ငံဟာ ဒုတိယလို႔ ကြၽန္ေတာ္ခုန ေျပာလိုက္တဲ့အထဲမွာမွ တ႐ုတ္က တိုက္႐ိုက္လာတဲ့ စာရင္းအရေပါ့။ (၅ဝဝ)ေက်ာ္ကေန ေပါင္းစပ္ၿပီးေတာ့ ျဖစ္လာတဲ့စာရင္း ျဖစ္ပါတယ္။ တကယ္ေတာ့ တ႐ုတ္ႏိုင္ငံက ကြၽန္ေတာ္တို႔ဆီမွာ No.1 ပါပဲ။ တ႐ုတ္ႏိုင္ငံကေနၿပီးေတာ့မွ ေဟာင္ေကာင္ဘက္က ပတ္လာတာရွိတယ္၊ စင္ကာပူက ပတ္လာတာေတြရွိပါတယ္။ ဒါေတြကိုေပါင္းစပ္လိုက္ရင္ တ႐ုတ္ႏိုင္ငံက ရင္းႏွီးျမႇဳပ္ႏွံမွမွာ ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ No.1 partner လို႔ ေျပာလိုပါတယ္” ဟု ဦးမင္းေဇာ္ဦးက အတည္ျပဳ ေျပာဆိုခဲ့သည္။

တ႐ုတ္ႏိုင္ငံမွ လုပ္ငန္းရွင္မ်ားအေနျဖင့္ ျမန္မာႏိုင္ငံတြင္ စက္မႈကုန္ထုတ္လုပ္ငန္းမ်ားတြင္ အဓိကရင္းႏွီးျမႇဳပ္ႏွံမႈမ်ားေဆာင္႐ြက္ေနျခင္းေၾကာင့္ ျမန္မာႏိုင္ငံ၏ လုပ္သားမ်ားအတြက္ မ်ားစြာအေထာက္ အကူျပဳေနေၾကာင္း ၎က ထည့္သြင္းေျပာဆိုထားသည္။

ျမန္မာႏိုင္ငံတြင္ တ႐ုတ္ႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈသည္ ၂ဝ၂၃ ခုႏွစ္ ေဖ‌ေဖာ္ဝါရီလကုန္အထိ အေမရိကန္ေဒၚလာ (၂၁ ဒသမ ၇)ဘီလ်ံေက်ာ္ရွိေၾကာင္း DICA ၏ စာရင္းအခ်က္အလက္မ်ားအရသိရသည္။

Picture

L Mone

22/03/2023 22:17

USA ရဲ့ အင်ဘက်စမန့်က ၂၀၁၅ ကနေ ၂၀၂၀ အတွင်းမှာလည်း ဘာ့ကြောင့် မဝင်လာတာပါလဲ?.။တရုတ်ကို မယှဥ်နိုက်လို့လား သို့မဟုတ် ယနေ့အခြေအနေကို ကြိုတင် စီမံကိန်းရှိထားကြလို့လား ဆိုတာပါပဲ..။ယနေ့အခြေအနေဟာ ဘယ်လိုမဖြစ်သင့်ဘူး အာဏာ သိမ်းသိမ်း ထိမ်းထိမ်း ဒါကြီးက ကြိုဆင်ကြံစည်မှူ့ကြီးပါ..ထိုင်ဝမ်ကို စစ်မြူခဲ့သလို မြန်မာကို စစ်အားစမ်းခဲ့တယ် ရုရှားပါနေတော့ ငြိမ်နေရတယ် တောင်နဲ့ မြောက်ကို စစ်ကစားချင်တယ် ဟိုက ဆော်မယ်ကြီးလုပ်နေတာ တောင်ကိုးရီးယားက သေးပါ ဂျပန်က သူ့ပိုင်လက်နက်အားကိုးလာနေကြတယ် အမေရိကန်ကို ဂျပန် က ခပ်လန့်လန့်ပဲ ပေါင်းနေကြတာ မြောက်ကိုးရီးယားဘက်ကို အမေရိကန်စစ်တပ်က သက်ဆိုင်ရာနိုင်ငံထံ ခွင့်ပြုချက်မတောင်းပဲနဲ့ ဒုံး ကျည် ၄/၅ ချက်လောက် တောင်းကိုးရီးယား သို့မဟုတ် ဂျပန်စခန်းတွေကနေတာ ခလုပ်နှိပ်ပေးလိုက်ရင်တော့ သွားပါပြီ ဂျပန်နဲ့ကိုးရီးယား ပြာကျသွားမှာပါ။အဲတော့ ကျွန်တော်သာ ဂျပန်တောင်ကိုးရီးယားသားဆိုရင် တော်ပြီ မြန်မာ့ဥပဒေပဲ ပြဌာန်းလိုက်တော့မယ်..။ဖိလစ်ပိုင်မှာ စခန်းချတာ အမေရိကန်က တကယ်ချတော့မယ့်ပုံပဲနော်...ဂျပန်တို့ အခြောင်အတီးခံရရင်တော့ ဖြင့် အင်း ကိုယ်က ရန်မစရပါပဲနဲ့ လက်မဲကနောကိကနေ လုပ်ကြံခံရရင်တော့ ရှက်လို့ပါသေလိုက် ယုံပါပဲလို့ သုံးသပ်ပါ၏

Picture

Kyaw Arkar Tun

24/03/2023 04:06

ဇဏဇဏဖz/ဖဖဇဖဖဇဖဇဖဇဇဇဇဖိဇဇဖဇz/zz÷÷zzz÷zဖဇဖဖိဏဖဇိဇဇဇဇဖ

Picture

Kyaw Arkar Tun

24/03/2023 04:07

ဇဖဇဌဖဇဇထဇဖဏဇ/

Related news

© 2021. All rights reserved.