အများသုံးသောက်ရေကန်တွင် သမဝါယမဦးစီးမှူး ရေနစ်သေဆုံးမှု ပေါက်တောမြို့တွင် ဖြစ်ပွား

2331

Pearl (NP News) - မတ် ၂၄
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရှိအများသုံးသောက်ရေကန်တွင် သမဝါယမဦးစီးမှူး အမျိုးသမီးတစ်ဦး ရေနစ် သေဆုံးနေခဲ့ကြောင်း ပေါက်တောမြို့ မီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၂၄ ရက်)၊ နံနက် (၇)နာရီ အချိန်ခန့်တွင် ပေါက်တောမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ အများသုံး သောက်ရေကန်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အများသုံး သောက်ရေကန်တွင် ပေါက်တောမြို့ အလယ်ပိုင်းရပ်ကွက်တွင် နေထိုင်သော အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ဖုန်းရတာတော့ မနက် ၆ နာရီ ၄၅ လောက်ကပါ၊ လူတစ်ယောက်ရေကန်မှာ ရေနစ်လို့ အလောင်း ပေါ်တယ်ပြောလို့ ကျွန်တော်တို့ သွားဆယ်ပေးတာပါ၊ အလောင်းမှာ ဘာဒဏ်ရာမှ မတွေ့ဘူး၊ ရိုးရိုးရေနစ်သေတာ မျိုးပဲ ဖြစ်နိုင်တယ်၊ ပတ်ဝန်းကျင်က ပြောတာတော့ သူက မနက်တိုင်း အဲ့ကန်မှာ ရေခပ်နေကျလို့ပြောတယ်" ဟု ပေါက်တောမြို့ မီးသတ်စခန်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကိုပြောသည်။
အဆိုပါ ရေနစ်သေဆုံးသူ အမျိုးသမီးသည် ဒေါ်အုံးတင်(၅၇)နှစ် ဖြစ်ပြီး သမဝါယမဦးစီးမှူး ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းအား နာရေးကူညီမှုကားဖြင့် ပေါက်တောမြို့ ပြည်သူဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

Zawgyi Version;
အမ်ားသုံးေသာက္ေရကန္တြင္ သမဝါယမဦးစီးမႉး ေရနစ္ေသဆုံးမႈ ေပါက္ေတာၿမိဳ႕တြင္ ျဖစ္ပြား
Pearl (NP News) - မတ္ ၂၄
ရခိုင္ျပည္နယ္၊ ေပါက္ေတာၿမိဳ႕ရွိအမ်ားသုံးေသာက္ေရကန္တြင္ သမဝါယမဦးစီးမႉး အမ်ိဳးသမီးတစ္ဦး ေရနစ္ ေသဆုံးေနခဲ့ေၾကာင္း ေပါက္ေတာၿမိဳ႕ မီးသတ္တပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၂၄ ရက္)၊ နံနက္ (၇)နာရီ အခ်ိန္ခန႔္တြင္ ေပါက္ေတာၿမိဳ႕၊ အလယ္ပိုင္းရပ္ကြက္ရွိ အမ်ားသုံး ေသာက္ေရကန္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ အမ်ားသုံး ေသာက္ေရကန္တြင္ ေပါက္ေတာၿမိဳ႕ အလယ္ပိုင္းရပ္ကြက္တြင္ ေနထိုင္ေသာ အမ်ိဳးသမီးတစ္ဦး ေရနစ္ေသဆုံးေနျခင္းျဖစ္ေၾကာင္း သိရသည္။
"ကြၽန္ေတာ္တို႔ ဖုန္းရတာေတာ့ မနက္ ၆ နာရီ ၄၅ ေလာက္ကပါ၊ လူတစ္ေယာက္ေရကန္မွာ ေရနစ္လို႔ အေလာင္း ေပၚတယ္ေျပာလို႔ ကြၽန္ေတာ္တို႔ သြားဆယ္ေပးတာပါ၊ အေလာင္းမွာ ဘာဒဏ္ရာမွ မေတြ႕ဘူး၊ ႐ိုး႐ိုးေရနစ္ေသတာ မ်ိဳးပဲ ျဖစ္ႏိုင္တယ္၊ ပတ္ဝန္းက်င္က ေျပာတာေတာ့ သူက မနက္တိုင္း အဲ့ကန္မွာ ေရခပ္ေနက်လို႔ေျပာတယ္" ဟု ေပါက္ေတာၿမိဳ႕ မီးသတ္စခန္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကိုေျပာသည္။
အဆိုပါ ေရနစ္ေသဆုံးသူ အမ်ိဳးသမီးသည္ ေဒၚအုံးတင္(၅၇)ႏွစ္ ျဖစ္ၿပီး သမဝါယမဦးစီးမႉး ျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎အား နာေရးကူညီမႈကားျဖင့္ ေပါက္ေတာၿမိဳ႕ ျပည္သူေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။