အဋ္ဌမတန်းအောင်မြင်ပြီးသူများ ပန်တျာအပါအဝင် ပန်းချီ၊ ပန်းပုသင်တန်းများကို ရန်ကုန်နှင့် မန္တလေးတို့ရှိ အနုပညာကျောင်းများတွင် တက်ရောက်နိုင်မည်

 1032

စော (NP News) - မတ် ၂၈

ပန်တျာ အပါအဝင် ပန်းချီ၊ ပန်းပုသင်တန်းများကို ရန်ကုန်နှင့် မန္တလေးတို့ရှိ အနုပညာအထက်တန်းကျောင်းများတွင် သင်ကြားပေးမည်ဖြစ်ကြောင်း အနုပညာဦးစီးဌာနမှ အသိပေးကြေညာထားသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ယနေ့(မတ်လ ၂၈ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ သင်တန်းသည် ၂ဝ၂၃- ၂ဝ၂၄ ပညာသင်နှစ်တွင် ပထမနှစ် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် အဋ္ဌမတန်းအောင်မြင်ရန်လိုအပ်ပြီး သက် ဆိုင်ရာသင်တန်း၏ အခြေခံပညာရပ်တစ်ခုခုကို အသင့်အတင့်တက်ရန်လိုကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် လျှောက်ထားသူများသည် အသက် (၁၃)နှစ်မှ (၁၇)နှစ်အတွင်းရှိရန် လိုအပ်ကြောင်း သိရသည်။

ပညာသင်ကြားနေသည့် ကာလများတွင် တစ်လလျှင် ငွေကျပ်(၃ဝဝဝဝ)နှုန်းဖြင့်ထောက်ပံ့ကြေးပေးမည်ဖြစ်ပြီး (၃)နှစ်သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက် မှတ်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အ႒မတန္းေအာင္ျမင္ၿပီးသူမ်ား ပန္တ်ာအပါအဝင္ ပန္းခ်ီ၊ ပန္းပုသင္တန္းမ်ားကို ရန္ကုန္ႏွင့္ မႏၲေလးတို႔ရွိ အႏုပညာေက်ာင္းမ်ားတြင္ တက္ေရာက္ႏိုင္မည္

ေစာ (NP News) - မတ္ ၂၈

ပန္တ်ာ အပါအဝင္ ပန္းခ်ီ၊ ပန္းပုသင္တန္းမ်ားကို ရန္ကုန္ႏွင့္ မႏၲေလးတို႔ရွိ အႏုပညာအထက္တန္းေက်ာင္းမ်ားတြင္ သင္ၾကားေပးမည္ျဖစ္ေၾကာင္း အႏုပညာဦးစီးဌာနမွ အသိေပးေၾကညာထားသည္။

သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ အႏုပညာဦးစီးဌာနမွ ယေန႔(မတ္လ ၂၈ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

အဆိုပါ သင္တန္းသည္ ၂ဝ၂၃- ၂ဝ၂၄ ပညာသင္ႏွစ္တြင္ ပထမႏွစ္ စတင္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ အ႒မတန္းေအာင္ျမင္ရန္လိုအပ္ၿပီး သက္ ဆိုင္ရာသင္တန္း၏ အေျခခံပညာရပ္တစ္ခုခုကို အသင့္အတင့္တက္ရန္လိုေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ ေလွ်ာက္ထားသူမ်ားသည္ အသက္ (၁၃)ႏွစ္မွ (၁၇)ႏွစ္အတြင္းရွိရန္ လိုအပ္ေၾကာင္း သိရသည္။

ပညာသင္ၾကားေနသည့္ ကာလမ်ားတြင္ တစ္လလွ်င္ ေငြက်ပ္(၃ဝဝဝဝ)ႏႈန္းျဖင့္ေထာက္ပံ့ေၾကးေပးမည္ျဖစ္ၿပီး (၃)ႏွစ္သင္တန္းၿပီးဆုံးပါက သင္တန္းဆင္းလက္ မွတ္ေပးအပ္မည္ျဖစ္ေၾကာင္း သိရသည္။

Picture

L Mone

29/03/2023 07:37

၃၀၀၀၀ တို့ ဆိုတာက နည်းလွန်းနေပါတယ်..

Picture

L Mone

29/03/2023 07:38

ပညာရတာဆိုတော့ လည်း မဆိုးပါဘူး ပညာရှင်များ မွေးထုတ်နိုင်ကြပါစေ

Related news

© 2021. All rights reserved.