မီးပွိုင့်မိပြီး ယာဥ်ကြောပိတ်ဆို့နေချိန်တွင် ကားလမ်းလယ်မှာ ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ထိုင်းရဲအရာရှိ

 792

Pika (NP News) - မတ် ၂၉

ထိုင်းရဲအရာရှိတစ်ဦးသည် ယာဥ်ကြောပိတ်ဆို့နေသည့် လမ်းတစ်ခုတွင် ၎င်း၏ချစ်သူအား လက်ထပ်ခွင့်တောင်းခံ ခဲ့သည့်ဗီဒီယိုတစ်ခုကို TikTok အကောင့်တွင် တင်ခဲ့ပြီးနောက် TikTok အသုံးပြုသူများ၏ likes (၁၆ဝဝဝဝ) ကျော် ကို ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရဲအရာရှိ Piyawat Chaiyawet က ၎င်း၏ ချစ်သူကို လက်ထပ်ခွင့်‌တောင်းခံခဲ့သည့် ဗီဒီယိုကို TikTok တွင် တင်ခဲ့ပြီးနောက် အဆိုပါဗီဒီယိုသည် အချိန်ခဏအတွင်း ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့သွားခဲ့ ကြောင်း သိရသည်။ ရဲအရာရှိ Piyawat Chaiyawet လက်ထပ်ခွင့်တောင်းခံခဲ့သည့် လမ်းတည်နေရာနှင့် ရက်စွဲကို မသိရှိရသော်လည်း အဆိုပါဗီဒီယိုကို အင်တာနက်အသုံးပြုသော် အတော်များများက သ‌ဘောကျခဲ့ကြောင်း သိရသည်။

အဆိုပါဗီဒီယိုထဲတွင် ရဲအရာရှိ Piyawat Chaiyawet သည် မီးပွိုင့်မိနေချိန်တွင် ကားထဲမှ ဆင်းလာခဲ့သည်ကို တွေ့ရ သည်။ ရဲအရာရှိ Piyawat Chaiyawet သည် ကားပေါ်မှ မဆင်းခင် ၎င်း၏ ချစ်သူကို ဗီဒီယိုရိုက်ထားရန် ပြောဆိုခဲ့ ကြောင်းလည်း သိရသည်။ ၎င်း၏ ချစ်သူက "ကျွန်မဒီကိစ္စကို သိနှင့်နေသလိုပါပဲ။ ဘာလို့လဲဆိုတော့ သူတစ်နေ့လုံး ထူးထူးဆန်းဆန်းအပြုအမူတွေ လုပ်နေတယ်ဆိုတာ ကျွန်မသတိထားမိပါတယ်" ဟု ပြောဆိုခဲ့သည်။

Piyawat Chaiyawet သည် ကားထဲမှထွက်လာပြီးနောက် ၎င်း၏ ချစ်သူကိုပြောချင်သည့် စာတိုရေးထားသော စာရွက်များကိုကိုင်၍ ကားရှေ့တွင် ရပ်ခဲ့ကြောင်းသိရသည်။ အဆိုပါစာထဲတွင် "ကလေးရေ.. ကိုယ်တို့ အချိန်ခဏတာ အတူရှိပြီးပြီ။ အခုချိန်က ကိုယ်မင်းကို ထာဝရစောင့်ရှောက်ပေးရမယ့်အချိန် ကျလာပြီလို့ ထင်တယ်" ဟု ရေးသားထားသည်၊၊

ထို့နောက် Piyawat Chaiyawetသည် လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ "ကိုယ့်ကိုယ် လက်ထပ်နိုင်မလား" ဟု ရေးထားသော အခြားစာရွက်တစ်ရွက်ကို ထုတ်ပြခဲ့ကြောင်းသိရသည်။ ကားပေါ်တွင် ထိုင်နေသော Piyawat Chaiyawet ၏ ချစ်သူသည် ၎င်းကိုပြုံးပြခဲ့ပြီး အိုကေဆိုသည့် လက်အမူအရာဖြင့် ပြန်လည်တုံ့ပြန်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
မီးပြိဳင့္မိၿပီး ယာဥ္ေၾကာပိတ္ဆို႔ေနခ်ိန္တြင္ ကားလမ္းလယ္မွာ ခ်စ္သူေကာင္မေလးကို လက္ထပ္ခြင့္ေတာင္းခဲ့တဲ့ ထိုင္းရဲအရာရွိ
Pika (NP News) - မတ္ ၂၉

ထိုင္းရဲအရာရွိတစ္ဦးသည္ ယာဥ္ေၾကာပိတ္ဆို႔ေနသည့္ လမ္းတစ္ခုတြင္ ၎၏ခ်စ္သူအား လက္ထပ္ခြင့္ေတာင္းခံ ခဲ့သည့္ဗီဒီယိုတစ္ခုကို TikTok အေကာင့္တြင္ တင္ခဲ့ၿပီးေနာက္ TikTok အသုံးျပဳသူမ်ား၏ likes (၁၆ဝဝဝဝ) ေက်ာ္ ကို ရရွိခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ရဲအရာရွိ Piyawat Chaiyawet က ၎၏ ခ်စ္သူကို လက္ထပ္ခြင့္‌ေတာင္းခံခဲ့သည့္ ဗီဒီယိုကို TikTok တြင္ တင္ခဲ့ၿပီးေနာက္ အဆိုပါဗီဒီယိုသည္ အခ်ိန္ခဏအတြင္း ဆိုရွယ္မီဒီယာေပၚတြင္ ပ်ံ႕ႏွံ႔သြားခဲ့ ေၾကာင္း သိရသည္။ ရဲအရာရွိ Piyawat Chaiyawet လက္ထပ္ခြင့္ေတာင္းခံခဲ့သည့္ လမ္းတည္ေနရာႏွင့္ ရက္စြဲကို မသိရွိရေသာ္လည္း အဆိုပါဗီဒီယိုကို အင္တာနက္အသုံးျပဳေသာ္ အေတာ္မ်ားမ်ားက သ‌ေဘာက်ခဲ့ေၾကာင္း သိရသည္။

အဆိုပါဗီဒီယိုထဲတြင္ ရဲအရာရွိ Piyawat Chaiyawet သည္ မီးပြိဳင့္မိေနခ်ိန္တြင္ ကားထဲမွ ဆင္းလာခဲ့သည္ကို ေတြ႕ရ သည္။ ရဲအရာရွိ Piyawat Chaiyawet သည္ ကားေပၚမွ မဆင္းခင္ ၎၏ ခ်စ္သူကို ဗီဒီယို႐ိုက္ထားရန္ ေျပာဆိုခဲ့ ေၾကာင္းလည္း သိရသည္။ ၎၏ ခ်စ္သူက "ကြၽန္မဒီကိစၥကို သိႏွင့္ေနသလိုပါပဲ။ ဘာလို႔လဲဆိုေတာ့ သူတစ္ေန႔လုံး ထူးထူးဆန္းဆန္းအျပဳအမူေတြ လုပ္ေနတယ္ဆိုတာ ကြၽန္မသတိထားမိပါတယ္" ဟု ေျပာဆိုခဲ့သည္။

Piyawat Chaiyawet သည္ ကားထဲမွထြက္လာၿပီးေနာက္ ၎၏ ခ်စ္သူကိုေျပာခ်င္သည့္ စာတိုေရးထားေသာ စာ႐ြက္မ်ားကိုကိုင္၍ ကားေရွ႕တြင္ ရပ္ခဲ့ေၾကာင္းသိရသည္။ အဆိုပါစာထဲတြင္ "ကေလးေရ.. ကိုယ္တို႔ အခ်ိန္ခဏတာ အတူရွိၿပီးၿပီ။ အခုခ်ိန္က ကိုယ္မင္းကို ထာဝရေစာင့္ေရွာက္ေပးရမယ့္အခ်ိန္ က်လာၿပီလို႔ ထင္တယ္" ဟု ေရးသားထားသည္၊၊

ထို႔ေနာက္ Piyawat Chaiyawetသည္ လက္စြပ္တစ္ကြင္းကို ထုတ္ယူကာ "ကိုယ့္ကိုယ္ လက္ထပ္ႏိုင္မလား" ဟု ေရးထားေသာ အျခားစာ႐ြက္တစ္႐ြက္ကို ထုတ္ျပခဲ့ေၾကာင္းသိရသည္။ ကားေပၚတြင္ ထိုင္ေနေသာ Piyawat Chaiyawet ၏ ခ်စ္သူသည္ ၎ကိုၿပဳံးျပခဲ့ၿပီး အိုေကဆိုသည့္ လက္အမူအရာျဖင့္ ျပန္လည္တုံ႔ျပန္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.