စပါးအသင်းမှ နည်းပြကွန်တီထုတ်ပယ်ခံရခြင်းအတွက် တာဝန်ရှိသလို ခံစားမိကြောင်း တိုက်စစ်မှူး ဆွန်ဟောင်မင် ပြော

 495

Pika (NP News) - မတ် ၂၉

စပါးအသင်းနည်းပြကွန်တီအသင်းမှ ထွက်ခွာသွားသည်ကို မြင်တွေ့ခဲ့ရသည့်အတွက် အလွန်စိတ်မကောင်းဖြစ်မိ ကြောင်း တိုက်စစ်မှူးဆွန်ဟောင်မင် က ဝန်ခံပြောဆိုခဲ့သည်။

ပြီးခဲ့သည့်ရာသီက အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း ယခုရာသီတွင် အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခြင်းမျိုး မရှိခဲ့ခြင်းကြောင့် နည်းပြကွန်တီအသင်းမှ ထွက်ခွာခြင်းအတွက် တာဝန်ရှိသည်ဟု ခံစားမိ ကြောင်း ဆွန်ဟောင်မင် က ပြောကြားခဲ့သည်။ အသက်(၃ဝ)အရွယ် ဆွန်ဟောင်မင်သည် ပြီးခဲ့သည့်နှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၂၃)ဂိုး သွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သလို စပါးအ သင်းကို အမှတ်ပေးဇယားတွင် နံပါတ်(၄)နေရာမှာ ရပ်တည်နိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း ဆွန်ဟောင်မင်သည် လက်ရှိပရီးမီးယားလိဂ်ရာသီတွင် (၂၆)ပွဲ ကစားထားပြီး (၆)ဂိုးသာ သွင်းယူ ထားနိုင်ကြောင်း သိရသည်။ စပါးအသင်းသည် မတ်လ(၁၈)ရက်က ဆောက်သမ်တန်အသင်းနှင့် ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲတွင် သရေကျခဲ့ပြီးနောက် ရှစ်ရက်အကြာတွင် နည်းပြကွန်တီကို နည်းပြအဖြစ်မှ ထုတ်ပယ်ခဲ့ ကြောင်း သိရသည်။

ဆွန်ဟောင်မင် က "ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော်တကယ်ကို တောင်းပန်ပါတယ်။ ကွန်တီက အကောင်းဆုံး ကမ္ဘာ့အဆင့်မှီနည်းပြတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ အကောင်းဆုံးပြိုင်ပွဲတွေကို အတူတူ ဖြတ်သန်းခဲ့ကြပါတယ်။ ကျွန်တော် ဒီထက်ပိုကောင်းအောင် ကစားခဲ့သင့်တာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် အသင်းကိုမကူညီနိုင်ခဲ့လို့ ကွန်တီကခုလိုထွက်ခဲ့ရတာလို့ ထင်ပါတယ်။ အဲဒါကြောင့် ကျွန်တော့်မှာ တာဝန်ရှိသလို ခံစားရပါတယ်။ ကွန်တီလုပ်ဆောင်နိုင်ခဲ့တာတွေနဲ့ပတ်သက်ပြီး တကယ်ကို ဂုဏ်ယူမိပါတယ်။ သူက အရမ်းတော်တဲ့နည်းပြတစ်ယောက်ဖြစ်ပြီး အတွေ့အကြုံတွေလည်း အများကြီးရှိပါတယ်" ဟု ပြောဆိုခဲ့ သည်။

လက်ရှိရာသီတွင် စပါးသည် ပြည်တွင်းဖလားပြိုင်ပွဲများအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲကနေပါ ထွက်ခဲ့ရကြောင်း သိရသည်။ စပါးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ (၂၈) ပွဲကစားထားပြီး ရမှတ်(၄၉)မှတ်ဖြင့် အမှတ်ပေးဇယား တွင် နံပါတ်(၄) နေရာမှာ ရပ်တည်နေကြောင်းသိရသည်။

Zawgyi Version;
စပါးအသင္းမွ နည္းျပကြန္တီထုတ္ပယ္ခံရျခင္းအတြက္ တာဝန္ရွိသလို ခံစားမိေၾကာင္း တိုက္စစ္မႉး ဆြန္ေဟာင္မင္ ေျပာ
Pika (NP News) - မတ္ ၂၉

စပါးအသင္းနည္းျပကြန္တီအသင္းမွ ထြက္ခြာသြားသည္ကို ျမင္ေတြ႕ခဲ့ရသည့္အတြက္ အလြန္စိတ္မေကာင္းျဖစ္မိ ေၾကာင္း တိုက္စစ္မႉးဆြန္ေဟာင္မင္ က ဝန္ခံေျပာဆိုခဲ့သည္။

ၿပီးခဲ့သည့္ရာသီက အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ေသာ္လည္း ယခုရာသီတြင္ အေကာင္းဆုံးေျခစြမ္းျပ ကစားႏိုင္ျခင္းမ်ိဳး မရွိခဲ့ျခင္းေၾကာင့္ နည္းျပကြန္တီအသင္းမွ ထြက္ခြာျခင္းအတြက္ တာဝန္ရွိသည္ဟု ခံစားမိ ေၾကာင္း ဆြန္ေဟာင္မင္ က ေျပာၾကားခဲ့သည္။ အသက္(၃ဝ)အ႐ြယ္ ဆြန္ေဟာင္မင္သည္ ၿပီးခဲ့သည့္ႏွစ္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲတြင္ (၂၃)ဂိုး သြင္းယူကာ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့သလို စပါးအ သင္းကို အမွတ္ေပးဇယားတြင္ နံပါတ္(၄)ေနရာမွာ ရပ္တည္ႏိုင္ေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္လည္း ဆြန္ေဟာင္မင္သည္ လက္ရွိပရီးမီးယားလိဂ္ရာသီတြင္ (၂၆)ပြဲ ကစားထားၿပီး (၆)ဂိုးသာ သြင္းယူ ထားႏိုင္ေၾကာင္း သိရသည္။ စပါးအသင္းသည္ မတ္လ(၁၈)ရက္က ေဆာက္သမ္တန္အသင္းႏွင့္ ကစားခဲ့ေသာ ပရီးမီးယားလိဂ္ပြဲတြင္ သေရက်ခဲ့ၿပီးေနာက္ ရွစ္ရက္အၾကာတြင္ နည္းျပကြန္တီကို နည္းျပအျဖစ္မွ ထုတ္ပယ္ခဲ့ ေၾကာင္း သိရသည္။

ဆြန္ေဟာင္မင္ က "ကစားသမားတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္တကယ္ကို ေတာင္းပန္ပါတယ္။ ကြန္တီက အေကာင္းဆုံး ကမာၻ႔အဆင့္မွီနည္းျပတစ္ေယာက္ျဖစ္ၿပီး ကြၽန္ေတာ္တို႔ အေကာင္းဆုံးၿပိဳင္ပြဲေတြကို အတူတူ ျဖတ္သန္းခဲ့ၾကပါတယ္။ ကြၽန္ေတာ္ ဒီထက္ပိုေကာင္းေအာင္ ကစားခဲ့သင့္တာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္ အသင္းကိုမကူညီႏိုင္ခဲ့လို႔ ကြန္တီကခုလိုထြက္ခဲ့ရတာလို႔ ထင္ပါတယ္။ အဲဒါေၾကာင့္ ကြၽန္ေတာ့္မွာ တာဝန္ရွိသလို ခံစားရပါတယ္။ ကြန္တီလုပ္ေဆာင္ႏိုင္ခဲ့တာေတြနဲ႔ပတ္သက္ၿပီး တကယ္ကို ဂုဏ္ယူမိပါတယ္။ သူက အရမ္းေတာ္တဲ့နည္းျပတစ္ေယာက္ျဖစ္ၿပီး အေတြ႕အႀကဳံေတြလည္း အမ်ားႀကီးရွိပါတယ္" ဟု ေျပာဆိုခဲ့ သည္။

လက္ရွိရာသီတြင္ စပါးသည္ ျပည္တြင္းဖလားၿပိဳင္ပြဲမ်ားအျပင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေနပါ ထြက္ခဲ့ရေၾကာင္း သိရသည္။ စပါးအသင္းသည္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ (၂၈) ပြဲကစားထားၿပီး ရမွတ္(၄၉)မွတ္ျဖင့္ အမွတ္ေပးဇယား တြင္ နံပါတ္(၄) ေနရာမွာ ရပ္တည္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.