ကမ္ဘာကျော် အမေရိကန် အဆိုတော် လာနာဒယ်လ်ရေးက ချစ်သူဖြစ်သူ အီဗန်ဝီနီကာနဲ့ စေ့စပ်

 461

ရောင်နီ (NP News) - မတ် ၃ဝ

ကမ္ဘာကျော် အမေရိကန် အဆိုတော် လာနာဒယ်လ်ရေး နဲ့ သူမရဲ့ ချစ်သူအီဗန်ဝီနီကာ တို့ဟာ စေ့စပ်ကြောင်းလမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောကြားပါတယ်။

၎င်းတို့စုံတွဲဟာ ၎င်းတို့ရဲ့ ဆက်ဆံရေးကို ကြာရှည်စွာ ထိန်းသိမ်းထားခဲ့ပြီး ကိုယ်ရေးကိုယ် တာ လျှို့ဝှက်စွာ နေကြသူတွေဖြစ်တာကြောင့် ပြီးခဲ့တဲ့လများအတွင်း လူသိရှင်ကြား ဒိတ်ခြင်းကို အကြိမ်ရေ အနည်းငယ်သာ တွေ့ခဲ့ရပါတယ်။ ယခုလ အစောပိုင်းမှာတော့ ၎င်းတို့ စုံတွဲဟာ ကယ်လီဖိုးနီးယားပြည်နယ် ပိုင်ရိုးနီးယားမြို့မှာ ပရိသတ်တွေနဲ့ ဓာတ်ပုံအတူ တွဲရိုက်ခဲ့ကြပါတယ်။

Range Media မှ မန်နေဂျင်းပါတနာ ဝီနီကာဟာ Tegan and Sara ၊ Ben Folds ၊ The Fray ၊ Silversun Pickups နဲ့ အခြားအနုပညာရှင်များနဲ့အတူ Steel Train တီးဝိုင်းတွေမှာ တီးခတ်ခဲ့ဖူးတဲ့ ဂီတပညာရှင်တစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။

ဒဲလ်ရေးရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ သီချင်းအယ်လ်ဘမ် Did You Know There’s a Tunnel Under Ocean Blvd ဟာ Midweek U.K. chart မှာ အဆင့် (၉)နေရာကို ရယူထားပြီး သူမရဲ့ ဒီအဆင့်ကို ဆက်ပြီးထိန်းထားနိုင်မယ်ဆိုရင် Ocean Blvd အယ်လ်ဘမ် ဟာ ဆယ်စုနှစ်တစ်ခုအတွင်း ခြောက်ခုမြောက် U.K. chart crown ကို ရရှိမှာ ဖြစ်ပါတယ်။

သူမဟာ U.K. chart crown ကို (Born to Die) နဲ့ ၂ဝ၁၂ ခုနှစ်မှာတစ်ကြိမ်၊ Ultraviolence နဲ့ ၂ဝ၁၄ ခုနှစ်မှာ တစ်ကြိမ်၊ Lust for Life နဲ့ ၂ဝ၁၇ ခုနှစ်မှာ တစ်ကြိမ်၊ Norman F*cking Rockwell နဲ့ ၂ဝ၁၉ ခုနှစ်မှာတစ်ကြိမ်၊ Chemtrails Over the Country Club နဲ့ ၂ဝ၂၁ ခုနှစ် မှာတစ်ကြိမ် ရရှိထားတာ ဖြစ်ပါတယ်။ သူမဟာ ယခုလ အစောပိုင်းကလည်း Billboard ရဲ့ 2023 Women in Music အခမ်းအနားမှာ Visionary Award ကို ထိုက်ထိုက်တန်တန် ရရှိထားခဲ့ပါတယ်။

zawgyi version
ကမာၻေက်ာ္ အေမရိကန္ အဆိုေတာ္ လာနာဒယ္လ္ေရးက ခ်စ္သူျဖစ္သူ အီဗန္ဝီနီကာနဲ႔ ေစ့စပ္
ေရာင္နီ (NP News) - မတ္ ၃ဝ

ကမာၻေက်ာ္ အေမရိကန္ အဆိုေတာ္ လာနာဒယ္လ္ေရး နဲ႔ သူမရဲ႕ ခ်စ္သူအီဗန္ဝီနီကာ တို႔ဟာ ေစ့စပ္ေၾကာင္းလမ္းလိုက္ၿပီျဖစ္ေၾကာင္း သတင္းရင္းျမစ္မ်ားက ေျပာၾကားပါတယ္။

၎တို႔စုံတြဲဟာ ၎တို႔ရဲ႕ ဆက္ဆံေရးကို ၾကာရွည္စြာ ထိန္းသိမ္းထားခဲ့ၿပီး ကိုယ္ေရးကိုယ္ တာ လွ်ိဳ႕ဝွက္စြာ ေနၾကသူေတြျဖစ္တာေၾကာင့္ ၿပီးခဲ့တဲ့လမ်ားအတြင္း လူသိရွင္ၾကား ဒိတ္ျခင္းကို အႀကိမ္ေရ အနည္းငယ္သာ ေတြ႕ခဲ့ရပါတယ္။ ယခုလ အေစာပိုင္းမွာေတာ့ ၎တို႔ စုံတြဲဟာ ကယ္လီဖိုးနီးယားျပည္နယ္ ပိုင္႐ိုးနီးယားၿမိဳ႕မွာ ပရိသတ္ေတြနဲ႔ ဓာတ္ပုံအတူ တြဲ႐ိုက္ခဲ့ၾကပါတယ္။

Range Media မွ မန္ေနဂ်င္းပါတနာ ဝီနီကာဟာ Tegan and Sara ၊ Ben Folds ၊ The Fray ၊ Silversun Pickups နဲ႔ အျခားအႏုပညာရွင္မ်ားနဲ႔အတူ Steel Train တီးဝိုင္းေတြမွာ တီးခတ္ခဲ့ဖူးတဲ့ ဂီတပညာရွင္တစ္ဦးလည္းျဖစ္တယ္လို႔ သိရပါတယ္။

ဒဲလ္ေရးရဲ႕ ေနာက္ဆုံးထြက္ရွိထားတဲ့ သီခ်င္းအယ္လ္ဘမ္ Did You Know There’s a Tunnel Under Ocean Blvd ဟာ Midweek U.K. chart မွာ အဆင့္ (၉)ေနရာကို ရယူထားၿပီး သူမရဲ႕ ဒီအဆင့္ကို ဆက္ၿပီးထိန္းထားႏိုင္မယ္ဆိုရင္ Ocean Blvd အယ္လ္ဘမ္ ဟာ ဆယ္စုႏွစ္တစ္ခုအတြင္း ေျခာက္ခုေျမာက္ U.K. chart crown ကို ရရွိမွာ ျဖစ္ပါတယ္။

သူမဟာ U.K. chart crown ကို (Born to Die) နဲ႔ ၂ဝ၁၂ ခုႏွစ္မွာတစ္ႀကိမ္၊ Ultraviolence နဲ႔ ၂ဝ၁၄ ခုႏွစ္မွာ တစ္ႀကိမ္၊ Lust for Life နဲ႔ ၂ဝ၁၇ ခုႏွစ္မွာ တစ္ႀကိမ္၊ Norman F*cking Rockwell နဲ႔ ၂ဝ၁၉ ခုႏွစ္မွာတစ္ႀကိမ္၊ Chemtrails Over the Country Club နဲ႔ ၂ဝ၂၁ ခုႏွစ္ မွာတစ္ႀကိမ္ ရရွိထားတာ ျဖစ္ပါတယ္။ သူမဟာ ယခုလ အေစာပိုင္းကလည္း Billboard ရဲ႕ 2023 Women in Music အခမ္းအနားမွာ Visionary Award ကို ထိုက္ထိုက္တန္တန္ ရရွိထားခဲ့ပါတယ္။

Related news

© 2021. All rights reserved.