ဖြူးမြို့တွင် တံတား(၂)စင်းအား PDF အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ဟု နစက ထုတ်ပြန်

 1055

Pearl (NP News) - ဧပြီ ၂

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် PDF အဖွဲ့မှ သံကူကွန်ကရစ်အမျိုးအစားတံတား (၂)စင်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း နစကထံမှသတင်းရရှိသည်။

နစကမှ ဧပြီလ (၁)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၃၁)ရက်၊ နေ့လည် (၁၂)နာရီခွဲအချိန်ခန့်တွင် ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ဘုရားလဟာကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာရှိ အလျား ၄ဝ ပေ၊ အနံ ၂ဝ ပေရှိ မဂျမ်းရိုးတံတား နှင့် အလျား ၈ဝ ပေ၊ အနံ ၂ဝ ပေရှိ သစ်ပတ်ချောင်းတံတားတို့အား PDF အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မဂျမ်းရိုးတံတား အနည်းငယ်ပျက်စီးခဲ့ပြီး သစ်ပတ်ချောင်းတံတားမှာလည်း ပျက်စီးမှုကြောင့် ယာဉ်များဖြတ်သန်းသွား လာ၍မရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ကျူးလွန်သူများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawygyi version

Pearl (NP News) - ဧပြီ ၂







Picture

hla thein

02/04/2023 11:06

Bravo Bravo you all mother fucker terroist of published privacy. မအေလိုးများ အဖျက်တော့ရတယ် ဘာမှတော့မလုပ်တတ် တံတားဆောက်တတ်ကြလား မအေလိုးအမျိုးယုတ် မိရင်သတ်

Related news

© 2021. All rights reserved.