အသက်(၄)နှစ်နဲ့ စာအုပ်ထုတ်ဝေနိုင်ခဲ့ပြီးနောက် ကမ္ဘာ့အသက် အငယ်ဆုံးစာအုပ်ထုတ်ဝေသူဖြစ်လာခဲ့တဲ့ ကလေး

 656

Pika (NP News) - ဧပြီ ၃

ယူအေအီးမှ Saeed Rashed AlMheiri အမည်ရှိ ကလေးငယ်တစ်ဦးသည် အသက်(၄)နှစ်နှင့် (၂၁၈)ရက်အရွယ်တွင် စာအုပ်ထုတ်ဝေနိုင်ခဲ့သည့် ကမ္ဘာ့အသက်အငယ်ဆုံးကလေးဖြစ်လာခဲ့ကြောင်းသိရသည်။

Saeed Rashed AlMheiri သည် ၎င်း၏ Elephant Saeed and the Bear စာအုပ်ကို ထုတ်ဝေစဥ်အချိန်တွင် အသက်(၄)နှစ်နှင့်(၂၁၈)ရက် အရွယ်သာရှိသေးကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းတင်သည့် အဖွဲ့ကပြောကြားခဲ့သည်။ Saeed Rashed AlMheiri ၏ စာအုပ်ကို စာအုပ်ရေ(၁ဝဝဝ)ရောင်းချပြီးချိန်တွင် ဂင်းနစ်စံချိန်မှတ်တမ်းကို အတည်ပြုခဲ့ကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းတင်သည့် အဖွဲ့ကပြောကြားခဲ့သည်။ ကြင်နာမှုနှင့် ခင်မင်ရင်းနှီးမှုအ ကြောင်း စာအုပ်ထုတ်ဝေထားသော Saeed Rashed AlMheiri က ယခုကဲ့သို့လုပ်ဆောင်ရန်အတွက် ၎င်း၏ညီမဖြစ်သူထံမှ လှုံ့ဆော်မှုကို ရရှိခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

Saeed Rashed AlMheiri ၏အစ်မဖြစ်သူ AlDhabi သည် ဘာသာစကားနှစ်မျိုးစာအုပ် (အမျိုးသမီး) ထုတ်ဝေရန်နှင့် ဘာသာစကားနှစ်မျိုးစာအုပ်တွဲ (အမျိုးသမီး) ထုတ်ဝေရန် အသက်အငယ်ဆုံးလူအတွက် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းကို ရရှိထားသူဖြစ်ကြောင်းသိရသည်။ Saeed Rashed AlMheiri က"ကျွန်တော့်အစ်မကို အရမ်းချစ်ပြီး သူနဲ့ တစ်ချိန်လုံးကစားနေရတာကို နှစ်သက်ပါတယ်။ ကျွန်တော်တို့ စာဖတ်တာ၊ ရေးတာ၊ ဆွဲတာနဲ့ လှုပ်ရှားတာတွေ အများကြီးလုပ်ကြပါတယ်၊၊ ကိုယ်ပိုင်စာအုပ်ရှိသင့်တယ်လို့ ခံစားမိတဲ့အတွက် ကျွန်တော့်စာအုပ်ကိုရေးခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။

zawgyi version
အသက္(၄)ႏွစ္နဲ႔ စာအုပ္ထုတ္ေဝႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔အသက္ အငယ္ဆုံးစာအုပ္ထုတ္ေဝသူျဖစ္လာခဲ့တဲ့ ကေလး
Pika (NP News) - ဧၿပီ ၃

ယူေအအီးမွ Saeed Rashed AlMheiri အမည္ရွိ ကေလးငယ္တစ္ဦးသည္ အသက္(၄)ႏွစ္ႏွင့္ (၂၁၈)ရက္အ႐ြယ္တြင္ စာအုပ္ထုတ္ေဝႏိုင္ခဲ့သည့္ ကမာၻ႔အသက္အငယ္ဆုံးကေလးျဖစ္လာခဲ့ေၾကာင္းသိရသည္။

Saeed Rashed AlMheiri သည္ ၎၏ Elephant Saeed and the Bear စာအုပ္ကို ထုတ္ေဝစဥ္အခ်ိန္တြင္ အသက္(၄)ႏွစ္ႏွင့္(၂၁၈)ရက္ အ႐ြယ္သာရွိေသးေၾကာင္း ဂင္းနစ္စံခ်ိန္မွတ္တမ္းတင္သည့္ အဖြဲ႕ကေျပာၾကားခဲ့သည္။ Saeed Rashed AlMheiri ၏ စာအုပ္ကို စာအုပ္ေရ(၁ဝဝဝ)ေရာင္းခ်ၿပီးခ်ိန္တြင္ ဂင္းနစ္စံခ်ိန္မွတ္တမ္းကို အတည္ျပဳခဲ့ေၾကာင္း ဂင္းနစ္စံခ်ိန္မွတ္တမ္းတင္သည့္ အဖြဲ႕ကေျပာၾကားခဲ့သည္။ ၾကင္နာမႈႏွင့္ ခင္မင္ရင္းႏွီးမႈအ ေၾကာင္း စာအုပ္ထုတ္ေဝထားေသာ Saeed Rashed AlMheiri က ယခုကဲ့သို႔လုပ္ေဆာင္ရန္အတြက္ ၎၏ညီမျဖစ္သူထံမွ လႈံ႕ေဆာ္မႈကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။

Saeed Rashed AlMheiri ၏အစ္မျဖစ္သူ AlDhabi သည္ ဘာသာစကားႏွစ္မ်ိဳးစာအုပ္ (အမ်ိဳးသမီး) ထုတ္ေဝရန္ႏွင့္ ဘာသာစကားႏွစ္မ်ိဳးစာအုပ္တြဲ (အမ်ိဳးသမီး) ထုတ္ေဝရန္ အသက္အငယ္ဆုံးလူအတြက္ ဂင္းနစ္ကမာၻ႔စံခ်ိန္မွတ္တမ္းကို ရရွိထားသူျဖစ္ေၾကာင္းသိရသည္။ Saeed Rashed AlMheiri က"ကြၽန္ေတာ့္အစ္မကို အရမ္းခ်စ္ၿပီး သူနဲ႔ တစ္ခ်ိန္လုံးကစားေနရတာကို ႏွစ္သက္ပါတယ္။ ကြၽန္ေတာ္တို႔ စာဖတ္တာ၊ ေရးတာ၊ ဆြဲတာနဲ႔ လႈပ္ရွားတာေတြ အမ်ားႀကီးလုပ္ၾကပါတယ္၊၊ ကိုယ္ပိုင္စာအုပ္ရွိသင့္တယ္လို႔ ခံစားမိတဲ့အတြက္ ကြၽန္ေတာ့္စာအုပ္ကိုေရးခဲ့ပါတယ္"ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.