မန်စီးတီးကိုရှုံးနိမ့်ခဲ့သည့်ပွဲတွင် အသင်းကစားသမားများ၏ခြေစွမ်းများကို စိတ်ပျက်နေတဲ့ လီဗာပူးလ်နည်းပြယာဗင်ကလော့

 413

Pika (NP News) - ဧပြီ ၂

ဧပြီလ(၁)ရက်က မန်စီးတီးအသင်းကို ဂိုးပြတ်ဖြင့်ရှုံးနိမ့်ခဲ့သော ပရီးမီးယားလိဂ်ပွဲတွင် အသင်းကစားသမားများ၏ လက်ခံနိုင်ဖွယ်မရှိသော စွမ်းဆောင်ရည်များကို လီဗာပူးလ်နည်းပြ ယာဗင်ကလော့က ပြစ်တင်ဝေဖန်ခဲ့ကြောင်းသိရသည်။

ထို့ပြင် မန်စီးတီးအသင်းနှင့်ပွဲတွင် လီဗာပူးလ်အသင်းကစားသမား(၄)ဦးကသာ အကောင်းဆုံးပုံစံများဖြင့် ခြေစွမ်းပြကစားနိုင်ခဲ့ကြောင်း ယာဗင်ကလော့ကထုတ်ဖော်ပြောဆိုခဲ့သည်။လီဗာပူးကစားသမားဆာလက်သည် ပွဲချိန်(၁၇)မိနစ်တွင် တစ်ဂိုးသွင်းယူကာ ဦးဆောင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် မန်စီးတီးအသင်းကစားသမားများဖြစ်သည့် အဲလ်ဗာရက်ဇ်၊ ဒီဘရိုင်း၊ ဂွန်ဒိုဂန် နှင့် ဂျက်ဂရီးလစ်ရှ်တို့က တစ်ဂိုးစီပြန်လည်သွင်းယူခဲ့ပြီးနောက် (၄)ဂိုး (၁)ဂိုးဖြင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် နံပါတ်(၈)နေရာမှာရပ်တည်နေကြောင်းလည်းသိရသည်။ မန်စီးတီးနှင့်ပွဲတွင် ဒုတိယပိုင်းအစမှာ မန်စီးတီးကစားသမား ဒီဘရိုင်းနှင့်ဂန်ဒိုဂန်တို့သွင်းယူခဲ့သော သွင်းဂိုးများနှင့်ပတ်သက်ပြီး မကျေမနပ်ဖြစ်မိကြောင်း လီဗာပူးလ်နည်းပြ ယာဗင်ကလော့က ပြောဆိုခဲ့သည်။

ယာဗင်ကလော့က"ဒုတိယပိုင်းအစမှာ အချိန်ခဏအတွင်း နှစ်ဂိုးပေးလိုက်ရတာက အသင်းကစားသမားတွေအတွက် တော်တော်ကို အခြေအနေဆိုးခဲ့ပါတယ်၊၊ ရိုးရိုးသားသားပြောရရင် ဒီဂိုးတွေက မပေးခဲ့သင့်တဲ့ဂိုးတွေပါ။ အဲဒီနောက်ပိုင်းမှာတော့ မန်စီးတီးအသင်းက တစ်ပွဲလုံးကို ဦးဆောင်ကစားခဲ့နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် တကယ်ကိုခက်ခဲခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။

လီဗာပူးလ်အသင်းသည် ဧပြီလ(၅)ရက်တွင် ချဲလ်ဆီးအသင်းနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ပြီး ဧပြီလ(၉)ရက်တွင် အာဆင်နယ်အသင်းနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ကြောင်းသိရသည်။ယာဗင်ကလော့က"သုံးရက်‌လောက်အကြာမှာ ကျွန်တော်တို့ အသင်းကြီးတစ်သင်းနဲ့ကစားရဦးမှာပါ။ ပြီးတော့ ဧပြီလ(၉)ရက်မှာ အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ အကြိတ်အနယ်ကစားရဦးမှာပါ" ဟုပြောဆိုခဲ့သည်။

zawgyi version
မန္စီးတီးကိုရႈံးနိမ့္ခဲ့သည့္ပြဲတြင္ အသင္းကစားသမားမ်ား၏ေျခစြမ္းမ်ားကို စိတ္ပ်က္ေနတဲ့ လီဗာပူးလ္နည္းျပယာဗင္ကေလာ့
Pika (NP News) - ဧၿပီ ၂

ဧၿပီလ(၁)ရက္က မန္စီးတီးအသင္းကို ဂိုးျပတ္ျဖင့္ရႈံးနိမ့္ခဲ့ေသာ ပရီးမီးယားလိဂ္ပြဲတြင္ အသင္းကစားသမားမ်ား၏ လက္ခံႏိုင္ဖြယ္မရွိေသာ စြမ္းေဆာင္ရည္မ်ားကို လီဗာပူးလ္နည္းျပ ယာဗင္ကေလာ့က ျပစ္တင္ေဝဖန္ခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ မန္စီးတီးအသင္းႏွင့္ပြဲတြင္ လီဗာပူးလ္အသင္းကစားသမား(၄)ဦးကသာ အေကာင္းဆုံးပုံစံမ်ားျဖင့္ ေျခစြမ္းျပကစားႏိုင္ခဲ့ေၾကာင္း ယာဗင္ကေလာ့ကထုတ္ေဖာ္ေျပာဆိုခဲ့သည္။လီဗာပူးကစားသမားဆာလက္သည္ ပြဲခ်ိန္(၁၇)မိနစ္တြင္ တစ္ဂိုးသြင္းယူကာ ဦးေဆာင္ေပးခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ မန္စီးတီးအသင္းကစားသမားမ်ားျဖစ္သည့္ အဲလ္ဗာရက္ဇ္၊ ဒီဘ႐ိုင္း၊ ဂြန္ဒိုဂန္ ႏွင့္ ဂ်က္ဂရီးလစ္ရွ္တို႔က တစ္ဂိုးစီျပန္လည္သြင္းယူခဲ့ၿပီးေနာက္ (၄)ဂိုး (၁)ဂိုးျဖင့္ရႈံးနိမ့္ခဲ့ျခင္းျဖစ္သည္။

လီဗာပူးလ္အသင္းသည္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားတြင္ နံပါတ္(၈)ေနရာမွာရပ္တည္ေနေၾကာင္းလည္းသိရသည္။ မန္စီးတီးႏွင့္ပြဲတြင္ ဒုတိယပိုင္းအစမွာ မန္စီးတီးကစားသမား ဒီဘ႐ိုင္းႏွင့္ဂန္ဒိုဂန္တို႔သြင္းယူခဲ့ေသာ သြင္းဂိုးမ်ားႏွင့္ပတ္သက္ၿပီး မေက်မနပ္ျဖစ္မိေၾကာင္း လီဗာပူးလ္နည္းျပ ယာဗင္ကေလာ့က ေျပာဆိုခဲ့သည္။

ယာဗင္ကေလာ့က"ဒုတိယပိုင္းအစမွာ အခ်ိန္ခဏအတြင္း ႏွစ္ဂိုးေပးလိုက္ရတာက အသင္းကစားသမားေတြအတြက္ ေတာ္ေတာ္ကို အေျခအေနဆိုးခဲ့ပါတယ္၊၊ ႐ိုး႐ိုးသားသားေျပာရရင္ ဒီဂိုးေတြက မေပးခဲ့သင့္တဲ့ဂိုးေတြပါ။ အဲဒီေနာက္ပိုင္းမွာေတာ့ မန္စီးတီးအသင္းက တစ္ပြဲလုံးကို ဦးေဆာင္ကစားခဲ့ႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔အတြက္ တကယ္ကိုခက္ခဲခဲ့ပါတယ္"ဟုေျပာဆိုခဲ့သည္။

လီဗာပူးလ္အသင္းသည္ ဧၿပီလ(၅)ရက္တြင္ ခ်ဲလ္ဆီးအသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ၿပီး ဧၿပီလ(၉)ရက္တြင္ အာဆင္နယ္အသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ေၾကာင္းသိရသည္။ယာဗင္ကေလာ့က"သုံးရက္‌ေလာက္အၾကာမွာ ကြၽန္ေတာ္တို႔ အသင္းႀကီးတစ္သင္းနဲ႔ကစားရဦးမွာပါ။ ၿပီးေတာ့ ဧၿပီလ(၉)ရက္မွာ အမွတ္ေပးဇယားထိပ္ဆုံးက အာဆင္နယ္အသင္းနဲ႔ အႀကိတ္အနယ္ကစားရဦးမွာပါ" ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.