မိဘများက ပြန်လည်တောင်းဆိုပါက ယူကရိန်းကလေးငယ်များကို ပြန်ပေးမည်ဟု ရုရှားအစိုးရပြော

 1632

Pika (NP News) - ဧပြီ ၅

ယူကရိန်းနိုင်ငံသား မိသားစုများက ကလေးများကို ပြန်ပေးရန်တောင်းဆိုပါက ရုရှားသည် ကလေးများကို ပြန်ပို့ပေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ရုရှားကလေးငယ်များအခွင့်အရေးဆိုင်ရာကော်မရှင်နာ Maria Lvova-Belova က ပြောကြားခဲ့သည်။

ရုရှားသည် ကျူးကျော်တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့သည့် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလကတည်းက ယူကရိန်းကလေး (၁၆ဝဝဝ) ကျော်ကို ခေါ်ယူခဲ့သည်ဟု ယူကရိန်းကစွပ်စွဲထားကြောင်းလည်း သိရသည်။

ရုရှားက ကလေးငယ်များကို တိုက်ပွဲဇုန်အတွင်းမှ ကယ်တင်ထားခြင်းသာဖြစ်ကြောင်း ၎င်းတို့၏ မိသားစုများနှင့် ပြန်လည်ပေါင်းစည်းနိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းများ ရှိနေကြောင်း ရုရှားဖက်က ပြန်လည်တုံ့ပြန် ပြောဆိုခဲ့သည်။ ပြီးခဲ့သည့်လက နိုင်ငံတကာရာဇဝတ်တရားရုံး ICC သည် ရုရှားသမ္မတပူတင်နှင့် ရုရှား ကလေးငယ်များ အခွင့်အရေးဆိုင်ရာကော်မရှင်နာတို့ကို ကလေးငယ်များအား တရားမဝင်ရွှေ့ပြောင်းခြင်းများ လုပ်ဆောင်သည်ဟု စွပ်စွဲခဲ့ပြီး ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။

ပဋိပက္ခစတင်ပြီးကတည်းက ကလေးငယ်များကို ယူကရိန်းသို့ ပြန်ပို့ပေးခြင်းနှင့်ပတ်သက်ပြီး ယူကရိန်း အာဏာပိုင်များ၏ ကိုယ်စားလှယ်တစ်ဦးတစ်ယောက်နှင့်မျှ ဆက်သွယ်ခြင်းမျိုး မရှိသေးကြောင်း ရုရှားကလေး ငယ်များ အခွင့်အရေးဆိုင်ရာကော်မရှင်နာ Maria Lvova-Belova က ပြောကြားခဲ့သည်။

ထို့အပြင် Maria Lvova-Belova က မိဘများသည် ၎င်းတို့၏ ကလေးများကို ရှာဖွေရန်အတွက် ၎င်းကို စာရေး ပို့နိုင်ကြောင်း ပြောကြားခဲ့သည်။ Maria Lvova-Belova က "ကျွန်မကို စာရေးပါ။ ကလေးတွေကို ရှာဖွေဖို့ အတွက် ကျွန်မကို စာရေးကြပါ" ဟု ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် မတ်လ(၂၉)ရက်နေ့တွင် မိသားစု(၉)ခုမှ ကလေးငယ်(၁၆)ဦးသည် ၎င်းတို့ ၏မိသားစုများနှင့် ပြန်လည်တွေ့ဆုံပြီးပြီဖြစ်ကြောင်း ၎င်း၏ ရုံးက ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ရုရှားနိုင်ငံသို့ ခေါ်ဆောင်လာသော ယူကရိန်းကလေးငယ်များ၏ စာရင်းအပြည့်အစုံကို ထုတ်ပြန်ရန် Maria Lvova-Belova က ငြင်းဆိုခဲ့ကြောင်း သိရသည်။ ထို့အပြင် Mariupol မြို့တွင် စွန့်ပစ်ခံရသော ကလေးငယ် (၂၂) ဦး အပါအဝင် ယူကရိန်းမိဘမဲ့ကလေးငယ်(၃၈ဝ) ဦးကို ရုရှားနိုင်ငံရှိ မွေးစားမိသားစုများတွင် ထားရှိခဲ့ ကြောင်း အစီရင်ခံစာတစ်ခုအရ သိရသည်။ ထို့အပြင် မွေးစားခံရသော ယူကရိန်းကလေးငယ်အားလုံးကို ရုရှား နိုင်ငံသားအဖြစ် ပေးအပ်ခဲ့ကြောင်း Maria Lvova-Belova က ထပ်မံပြောကြားခဲ့သည်။

Zawgyi Version;
မိဘမ်ားက ျပန္လည္ေတာင္းဆိုပါက ယူကရိန္းကေလးငယ္မ်ားကို ျပန္ေပးမည္ဟု ႐ုရွားအစိုးရေျပာ
Pika (NP News) - ဧၿပီ ၅

ယူကရိန္းႏိုင္ငံသား မိသားစုမ်ားက ကေလးမ်ားကို ျပန္ေပးရန္ေတာင္းဆိုပါက ႐ုရွားသည္ ကေလးမ်ားကို ျပန္ပို႔ေပးရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း ႐ုရွားကေလးငယ္မ်ားအခြင့္အေရးဆိုင္ရာေကာ္မရွင္နာ Maria Lvova-Belova က ေျပာၾကားခဲ့သည္။

႐ုရွားသည္ က်ဴးေက်ာ္တိုက္ခိုက္မႈမ်ား စတင္လုပ္ေဆာင္ခဲ့သည့္ ၿပီးခဲ့သည့္ႏွစ္ ေဖေဖာ္ဝါရီလကတည္းက ယူကရိန္းကေလး (၁၆ဝဝဝ) ေက်ာ္ကို ေခၚယူခဲ့သည္ဟု ယူကရိန္းကစြပ္စြဲထားေၾကာင္းလည္း သိရသည္။

႐ုရွားက ကေလးငယ္မ်ားကို တိုက္ပြဲဇုန္အတြင္းမွ ကယ္တင္ထားျခင္းသာျဖစ္ေၾကာင္း ၎တို႔၏ မိသားစုမ်ားႏွင့္ ျပန္လည္ေပါင္းစည္းႏိုင္ရန္အတြက္ လုပ္ထုံးလုပ္နည္းမ်ား ရွိေနေၾကာင္း ႐ုရွားဖက္က ျပန္လည္တုံ႔ျပန္ ေျပာဆိုခဲ့သည္။ ၿပီးခဲ့သည့္လက ႏိုင္ငံတကာရာဇဝတ္တရား႐ုံး ICC သည္ ႐ုရွားသမၼတပူတင္ႏွင့္ ႐ုရွား ကေလးငယ္မ်ား အခြင့္အေရးဆိုင္ရာေကာ္မရွင္နာတို႔ကို ကေလးငယ္မ်ားအား တရားမဝင္ေ႐ႊ႕ေျပာင္းျခင္းမ်ား လုပ္ေဆာင္သည္ဟု စြပ္စြဲခဲ့ၿပီး ဖမ္းဝရမ္းထုတ္ခဲ့ေၾကာင္း သိရသည္။

ပဋိပကၡစတင္ၿပီးကတည္းက ကေလးငယ္မ်ားကို ယူကရိန္းသို႔ ျပန္ပို႔ေပးျခင္းႏွင့္ပတ္သက္ၿပီး ယူကရိန္း အာဏာပိုင္မ်ား၏ ကိုယ္စားလွယ္တစ္ဦးတစ္ေယာက္ႏွင့္မွ် ဆက္သြယ္ျခင္းမ်ိဳး မရွိေသးေၾကာင္း ႐ုရွားကေလး ငယ္မ်ား အခြင့္အေရးဆိုင္ရာေကာ္မရွင္နာ Maria Lvova-Belova က ေျပာၾကားခဲ့သည္။

ထို႔အျပင္ Maria Lvova-Belova က မိဘမ်ားသည္ ၎တို႔၏ ကေလးမ်ားကို ရွာေဖြရန္အတြက္ ၎ကို စာေရး ပို႔ႏိုင္ေၾကာင္း ေျပာၾကားခဲ့သည္။ Maria Lvova-Belova က "ကြၽန္မကို စာေရးပါ။ ကေလးေတြကို ရွာေဖြဖို႔ အတြက္ ကြၽန္မကို စာေရးၾကပါ" ဟု ေျပာဆိုခဲ့သည္။

ၿပီးခဲ့သည့္ မတ္လ(၂၉)ရက္ေန႔တြင္ မိသားစု(၉)ခုမွ ကေလးငယ္(၁၆)ဦးသည္ ၎တို႔ ၏မိသားစုမ်ားႏွင့္ ျပန္လည္ေတြ႕ဆုံၿပီးၿပီျဖစ္ေၾကာင္း ၎၏ ႐ုံးက ထုတ္ျပန္ေသာ အခ်က္အလက္မ်ားအရ သိရသည္။

႐ုရွားႏိုင္ငံသို႔ ေခၚေဆာင္လာေသာ ယူကရိန္းကေလးငယ္မ်ား၏ စာရင္းအျပည့္အစုံကို ထုတ္ျပန္ရန္ Maria Lvova-Belova က ျငင္းဆိုခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ Mariupol ၿမိဳ႕တြင္ စြန႔္ပစ္ခံရေသာ ကေလးငယ္ (၂၂) ဦး အပါအဝင္ ယူကရိန္းမိဘမဲ့ကေလးငယ္(၃၈ဝ) ဦးကို ႐ုရွားႏိုင္ငံရွိ ေမြးစားမိသားစုမ်ားတြင္ ထားရွိခဲ့ ေၾကာင္း အစီရင္ခံစာတစ္ခုအရ သိရသည္။ ထို႔အျပင္ ေမြးစားခံရေသာ ယူကရိန္းကေလးငယ္အားလုံးကို ႐ုရွား ႏိုင္ငံသားအျဖစ္ ေပးအပ္ခဲ့ေၾကာင္း Maria Lvova-Belova က ထပ္မံေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.