ယူကရိန်းစစ်ပွဲအဆုံးသတ်အောင် ကြားဝင်စေ့စပ်ဆောင်ရွက်ပေးဖို့ တရုတ်သမ္မတရှီကျင့်ဖျင်ကို ပြင်သစ်သမ္မတ တိုက်တွန်းတောင်းဆို

 503

ဂျန်ဇက် (NP News) - ဧပြီ ၇

ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် တရုတ်သမ္မတရှီကျင့်ဖျင်ကို ကြားဝင်စေ့စပ်ဆွေးနွေးမှုများ ပြုလုပ် ပေးစေလိုကြောင်း ပြင်သစ်သမ္မတမက်ခရွန်က ထပ်မံတောင်းဆိုလိုက်ပါတယ်။

ပြင်သစ်သမ္မတဟာ တရုတ်နိုင်ငံကို ရောက်ရှိနေချိန်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင် နဲ့တွေ့ဆုံဆွေးနွေးရာမှာ အခုလိုမျိုး တိုက်တွန်းတောင်းဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ပြင်သစ်သမ္မတ က "ကျွန်တော်တို့ဟာ ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ တရုတ်သမ္မတကို အားကိုးရမယ်ဆိုတာ သိပါတယ်။ ရုရှားကို စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းကို ခေါ်ဆောင်ပေးစေလိုတယ်။ လူတိုင်းကို စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းကို ခေါ်ဆောင်ပေးစေလို တယ်" လို့ပြောပါတယ်။

ယူကရိန်းနဲ့ ရုရှားကြား စစ်ပွဲဖြစ်ပွားလာရခြင်းဟာ နေတိုးမဟာမိတ်အုပ်စုရဲ့ နယ်မြေချဲ့ထွင်မှုများကြောင့်ဖြစ် တယ်လို့ တရုတ်အစိုးရက ဝေဖန်ထောက်ပြမှုများလည်း ရှိခဲ့ဖူးပါတယ်။ တရုတ်သမ္မတက စစ်ပွဲအဆုံးသတ်ဖို့ ယူကရိန်းနဲ့ ရုရှားတို့ကို တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ တိုက်တွန်းတောင်းဆိုမှုတွေလည်း ရှိခဲ့ဖူးပြီး ကြားဝင် ဆောင်ရွက်ဖို့ စီစဉ်မှုတွေလည်းရှိနေပါတယ်။

ဒါ့အပြင် ပြင်သစ်သမ္မတက တရုတ်သမ္မတအနေနဲ့ ရုရှားကို နျူကလီးယားလက်နက်မပြန့်ပွားရေး ဥပဒေကို လိုက်နာဖို့ ရပ်ဆိုင်းလိုက်ခြင်းနဲ့ပတ်သက်ပြီး ဖိအားပေးစေလိုကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ရုရှားက ၎င်းတို့အနေနဲ့ ဘီလာရုစ့်နိုင်ငံမှာ နျူကလီးယားလက်နက်များ ဖြန့်ကြတ်ချထားမယ်လို့ မကြာသေးမီက ကြေညာခဲ့ပြီး ၎င်းတို့နျူကလီးယားလက်နက်များချထားမှုဟာ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ နယ်သာလန်၊ နိုင်ငံတို့ အပါအဝင် ဥရောပတိုက်နိုင်ငံတွေမှာ အမေရိကန်တို့ နျူကလီးယားလက်နက်များ ဖြန့်ကြတ်ချထားမှုနဲ့ ကွဲပြား ခြားနားမှုမရှိကြောင်း ဆိုထားပါတယ်။

တရုတ်သမ္မတရှီကျင့်ဖျင်က နိုင်ငံအားလုံးအနေနဲ့ နျူကလီးယားလက်နက်များ အသုံးမပြုရေး ကတိတွေကို လိုက်နာရမှာဖြစ်သလို စစ်ပွဲအခြေအနေကို ထိန်းချုပ်လို့မရအောင် ဒါမှမဟုတ် ပိုမိုဆိုးရွားလာအောင် ဖြစ်လာ စေနိုင်တဲ့လုပ်ရပ်များ မလုပ်ဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Zawgyi Version;
ယူကရိန္းစစ္ပြဲအဆုံးသတ္ေအာင္ ၾကားဝင္ေစ့စပ္ေဆာင္႐ြက္ေပးဖို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္ကို ျပင္သစ္ သမၼတ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၇

ယူကရိန္းစစ္ပြဲအဆုံးသတ္ႏိုင္ေရးအတြက္ တ႐ုတ္သမၼတရွီက်င့္ဖ်င္ကို ၾကားဝင္ေစ့စပ္ေဆြးေႏြးမႈမ်ား ျပဳလုပ္ ေပးေစလိုေၾကာင္း ျပင္သစ္သမၼတမက္ခ႐ြန္က ထပ္မံေတာင္းဆိုလိုက္ပါတယ္။

ျပင္သစ္သမၼတဟာ တ႐ုတ္ႏိုင္ငံကို ေရာက္ရွိေနခ်ိန္အတြင္း တ႐ုတ္သမၼတရွီက်င့္ဖ်င္ နဲ႔ေတြ႕ဆုံေဆြးေႏြးရာမွာ အခုလိုမ်ိဳး တိုက္တြန္းေတာင္းဆိုခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ျပင္သစ္သမၼတ က "ကြၽန္ေတာ္တို႔ဟာ ယူကရိန္းစစ္ပြဲအဆုံးသတ္ဖို႔ တ႐ုတ္သမၼတကို အားကိုးရမယ္ဆိုတာ သိပါတယ္။ ႐ုရွားကို ေစ့စပ္ေဆြးေႏြးေရး စားပြဲဝိုင္းကို ေခၚေဆာင္ေပးေစလိုတယ္။ လူတိုင္းကို ေစ့စပ္ေဆြးေႏြးေရးစားပြဲဝိုင္းကို ေခၚေဆာင္ေပးေစလို တယ္" လို႔ေျပာပါတယ္။

ယူကရိန္းနဲ႔ ႐ုရွားၾကား စစ္ပြဲျဖစ္ပြားလာရျခင္းဟာ ေနတိုးမဟာမိတ္အုပ္စုရဲ႕ နယ္ေျမခ်ဲ႕ထြင္မႈမ်ားေၾကာင့္ျဖစ္ တယ္လို႔ တ႐ုတ္အစိုးရက ေဝဖန္ေထာက္ျပမႈမ်ားလည္း ရွိခဲ့ဖူးပါတယ္။ တ႐ုတ္သမၼတက စစ္ပြဲအဆုံးသတ္ဖို႔ ယူကရိန္းနဲ႔ ႐ုရွားတို႔ကို ေတြ႕ဆုံေဆြးေႏြးမႈလုပ္ဖို႔ တိုက္တြန္းေတာင္းဆိုမႈေတြလည္း ရွိခဲ့ဖူးၿပီး ၾကားဝင္ ေဆာင္႐ြက္ဖို႔ စီစဥ္မႈေတြလည္းရွိေနပါတယ္။

ဒါ့အျပင္ ျပင္သစ္သမၼတက တ႐ုတ္သမၼတအေနနဲ႔ ႐ုရွားကို န်ဴကလီးယားလက္နက္မျပန႔္ပြားေရး ဥပေဒကို လိုက္နာဖို႔ ရပ္ဆိုင္းလိုက္ျခင္းနဲ႔ပတ္သက္ၿပီး ဖိအားေပးေစလိုေၾကာင္း တိုက္တြန္းေျပာဆိုခဲ့ပါတယ္။ ႐ုရွားက ၎တို႔အေနနဲ႔ ဘီလာ႐ုစ့္ႏိုင္ငံမွာ န်ဴကလီးယားလက္နက္မ်ား ျဖန႔္ၾကတ္ခ်ထားမယ္လို႔ မၾကာေသးမီက ေၾကညာခဲ့ၿပီး ၎တို႔န်ဴကလီးယားလက္နက္မ်ားခ်ထားမႈဟာ ဘယ္လ္ဂ်ီယံ၊ ဂ်ာမနီ၊ နယ္သာလန္၊ ႏိုင္ငံတို႔ အပါအဝင္ ဥေရာပတိုက္ႏိုင္ငံေတြမွာ အေမရိကန္တို႔ န်ဴကလီးယားလက္နက္မ်ား ျဖန႔္ၾကတ္ခ်ထားမႈနဲ႔ ကြဲျပား ျခားနားမႈမရွိေၾကာင္း ဆိုထားပါတယ္။

တ႐ုတ္သမၼတရွီက်င့္ဖ်င္က ႏိုင္ငံအားလုံးအေနနဲ႔ န်ဴကလီးယားလက္နက္မ်ား အသုံးမျပဳေရး ကတိေတြကို လိုက္နာရမွာျဖစ္သလို စစ္ပြဲအေျခအေနကို ထိန္းခ်ဳပ္လို႔မရေအာင္ ဒါမွမဟုတ္ ပိုမိုဆိုး႐ြားလာေအာင္ ျဖစ္လာ ေစႏိုင္တဲ့လုပ္ရပ္မ်ား မလုပ္ဖို႔ လိုအပ္ေၾကာင္း တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.