အမေရိကန်အဖွဲ့အစည်းနှစ်ခုနဲ့ ထိုင်ဝမ်ကိုယ်စားလှယ်ရုံးအကြီးအကဲကို ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခဲ့ကြောင်း တရုတ်အစိုးရ သတင်းထုတ်ပြန်

 894

ဂျန်ဇက် (NP News) - ဧပြီ ၇

တရုတ်နိုင်ငံဟာ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီနဲ့ ထိုင်ဝမ်သမ္မတဆိုင်အမ်ဝမ်တို့ တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီး အမေရိကန်အခြေစိုက်အဖွဲ့အစည်းနှစ်ခုနဲ့ အမေရိကန်ရှိ ထိုင်ဝမ်ကိုယ်စားလှယ်ရုံးအကြီး အကဲတို့ကို ပစ်မှတ်ထားပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း သိရပါတယ်။

အမေရိကန်ရှိ ထိုင်ဝမ်ကိုယ်စားလှယ်ရုံးအကြီးအကဲ Hsiao Bi-khim ဟာ သမ္မတဆိုင်အမ်ဝမ် နဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးနိုင်အောင် အဓိကစီစဉ်ပေးခဲ့တဲ့အတွက် ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ခံရခြင်းဖြစ်ပါတယ်။

ဒါ့အပြင် Hudson Institute နဲ့ Ronald Reagan Presidential Library အဖွဲ့အစည်းများကိုလည်း ဆိုင်အမ်ဝမ် နဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ တွေ့ဆုံဆွေးနွေးနိုင်အောင် နေရာစီစဉ်ပေးမှုများနဲ့ပတ်သက်ပြီး ပိတ်ဆို့မှုချမှတ်ခံရခြင်းဖြစ်ပါတယ်။

အဆိုပါ အမေရိကန်အဖွဲ့အစည်းနှစ်ခုဟာ မကာအို၊ ဟောင်ကောင် အပါအဝင် တရုတ်နိုင်ငံပိုင်နက်အတွင်းရှိ အင်စတီကျူးရှင်းများ၊ တက္ကသိုလ်များ၊ လူပုဂ္ဂိလ်များနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြန်အလှန်ဖလှယ်ခြင်း စတဲ့ လုပ်ငန်းများ လုပ်ကိုင်ခွင့်ရမှာ မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က ဆိုပါတယ်။

အဆိုပါ အမေရိကန်အဖွဲ့အစည်းနှစ်ခုရဲ့အမှုဆောင်အရာရှိများ၊ ဘုတ်အဖွဲ့ဥက္ကဋ္ဌများဟာ တရုတ်နိုင်ငံကို လာရောက်လည်ပတ်ခွင့် ဗီဇာငြင်းပယ်ခံရမှာဖြစ်ကြောင်း သိရပါတယ်။

တရုတ်ဘက်က သတိပေးမှုများရှိနေပေမယ့်လည်း ထိုင်ဝမ်သမ္မတဟာ မြောက်အမေရိကကို သွားရောက်ချိန်အတွင်း လမ်းမှာ ခရီးတစ်ထောက်နားရာမှာ အမေရိကန်နိုင်ငံကိုဝင်ရောက်ခဲ့ပြီး အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နဲ့ ထိုင်ဝမ်သမ္မတတို့တွေ့ဆုံဆွေးနွေးမှုအပေါ်တုံ့ပြန်မှုအဖြစ် တရုတ်စစ်ဘက်ဟာ ထိုင်ဝမ်ကျွန်းနားကို စစ်သင်္ဘောများ၊ တိုက်လေယာဉ်များ စေလွှတ်ခဲ့ပြီး လက်တုံ့ပြန်မှာဖြစ်ကြောင်း သိရပါတယ်။

ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တရုတ်ဟာ အမေရိကန် နဲ့ဆက်ဆံရေး ပိုမိုအေးစက်လာခဲ့ကြောင်း သိရပါတယ်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ က ထိုင်ဝမ်ကို ဝယ်ယူထားတဲ့ စစ်လက်နက်ပစ္စည်းများ အမြန်လွှဲပေးပို့နိုင်ဖို့ ကူညီသွားမှာဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။

Zawgyi Version;
အေမရိကန္အဖြဲ႕အစည္းႏွစ္ခုနဲ႔ ထိုင္ဝမ္ကိုယ္စားလွယ္႐ုံးအႀကီးအကဲကို ပစ္မွတ္ထားပိတ္ဆို႔မႈခ်မွတ္ခဲ့ေၾကာင္း တ႐ုတ္အစိုးရ သတင္းထုတ္ျပန္
ဂ်န္ဇက္ (NP News) - ဧၿပီ ၇

တ႐ုတ္ႏိုင္ငံဟာ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ ကီဗင္မက္ကာသီနဲ႔ ထိုင္ဝမ္သမၼတဆိုင္အမ္ဝမ္တို႔ ေတြ႕ဆုံေဆြးေႏြးမႈနဲ႔ပတ္သက္ၿပီး အေမရိကန္အေျခစိုက္အဖြဲ႕အစည္းႏွစ္ခုနဲ႔ အေမရိကန္ရွိ ထိုင္ဝမ္ကိုယ္စားလွယ္႐ုံးအႀကီး အကဲတို႔ကို ပစ္မွတ္ထားပိတ္ဆို႔မႈမ်ား ခ်မွတ္ခဲ့ေၾကာင္း သိရပါတယ္။

အေမရိကန္ရွိ ထိုင္ဝမ္ကိုယ္စားလွယ္႐ုံးအႀကီးအကဲ Hsiao Bi-khim ဟာ သမၼတဆိုင္အမ္ဝမ္ နဲ႔ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒တို႔ ေတြ႕ဆုံေဆြးေႏြးႏိုင္ေအာင္ အဓိကစီစဥ္ေပးခဲ့တဲ့အတြက္ ပစ္မွတ္ထား ပိတ္ဆို႔မႈခ်မွတ္ခံရျခင္းျဖစ္ပါတယ္။

ဒါ့အျပင္ Hudson Institute နဲ႔ Ronald Reagan Presidential Library အဖြဲ႕အစည္းမ်ားကိုလည္း ဆိုင္အမ္ဝမ္ နဲ႔ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ ေတြ႕ဆုံေဆြးေႏြးႏိုင္ေအာင္ ေနရာစီစဥ္ေပးမႈမ်ားနဲ႔ပတ္သက္ၿပီး ပိတ္ဆို႔မႈခ်မွတ္ခံရျခင္းျဖစ္ပါတယ္။

အဆိုပါ အေမရိကန္အဖြဲ႕အစည္းႏွစ္ခုဟာ မကာအို၊ ေဟာင္ေကာင္ အပါအဝင္ တ႐ုတ္ႏိုင္ငံပိုင္နက္အတြင္းရွိ အင္စတီက်ဴးရွင္းမ်ား၊ တကၠသိုလ္မ်ား၊ လူပုဂၢိလ္မ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္ျခင္း၊ အျပန္အလွန္ဖလွယ္ျခင္း စတဲ့ လုပ္ငန္းမ်ား လုပ္ကိုင္ခြင့္ရမွာ မဟုတ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန က ဆိုပါတယ္။

အဆိုပါ အေမရိကန္အဖြဲ႕အစည္းႏွစ္ခုရဲ႕အမႈေဆာင္အရာရွိမ်ား၊ ဘုတ္အဖြဲ႕ဥကၠ႒မ်ားဟာ တ႐ုတ္ႏိုင္ငံကို လာေရာက္လည္ပတ္ခြင့္ ဗီဇာျငင္းပယ္ခံရမွာျဖစ္ေၾကာင္း သိရပါတယ္။

တ႐ုတ္ဘက္က သတိေပးမႈမ်ားရွိေနေပမယ့္လည္း ထိုင္ဝမ္သမၼတဟာ ေျမာက္အေမရိကကို သြားေရာက္ခ်ိန္အတြင္း လမ္းမွာ ခရီးတစ္ေထာက္နားရာမွာ အေမရိကန္ႏိုင္ငံကိုဝင္ေရာက္ခဲ့ၿပီး အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒နဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။

အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နဲ႔ ထိုင္ဝမ္သမၼတတို႔ေတြ႕ဆုံေဆြးေႏြးမႈအေပၚတုံ႔ျပန္မႈအျဖစ္ တ႐ုတ္စစ္ဘက္ဟာ ထိုင္ဝမ္ကြၽန္းနားကို စစ္သေဘၤာမ်ား၊ တိုက္ေလယာဥ္မ်ား ေစလႊတ္ခဲ့ၿပီး လက္တုံ႔ျပန္မွာျဖစ္ေၾကာင္း သိရပါတယ္။

ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္ဟာ အေမရိကန္ နဲ႔ဆက္ဆံေရး ပိုမိုေအးစက္လာခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ က ထိုင္ဝမ္ကို ဝယ္ယူထားတဲ့ စစ္လက္နက္ပစၥည္းမ်ား အျမန္လႊဲေပးပို႔ႏိုင္ဖို႔ ကူညီသြားမွာျဖစ္ေၾကာင္း ကတိျပဳခဲ့ပါတယ္။

Related news

© 2021. All rights reserved.