ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပသွေးချောင်းအစီးဆုံးစစ်ပွဲ ယခုနှစ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် အစီအစဉ်မရှိ

 1124

Htay Oung (NP News) - ဧပြီ ၈

ရုရှားရဲ့ထိုးစစ်ကို အံတုမှုသင်္ကေတအဖြစ် အဆုံးမသတ်နိုင်အောင်ပျက်စီးနေတဲ့ အရှေ့ပိုင်းမြို့မှာ မော်စကိုတပ် များ ထိန်းချုပ်ထားရာ ဧရိယာကို ယူကရိန်းတပ်များက အမြောက်ကြီးများနဲ့ ပစ်ခတ်တဲ့အတွက် အရပ်သား ၇ ဦး သေဆုံးရကြောင်း Reuters က ယမန်နေ့ ရေးသားပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပရဲ့သွေးထွက်သံယိုအများဆုံး ပဋိပက္ခအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းဖို့အ တွက် ရုရှားကိုစည်းရုံးဖို့ ပေကျင်းရောက် ပြင်သစ်သမ္မတ အီမန်နျူရယ်_မက်ခွန်က တိုက်တွန်းနေပေမယ့် ဒီနှစ် မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အလားအလာမရှိဘူးလို့ ရုရှားထိပ်တန်းအရာရှိတဦးက ပြောပါတယ်။

မက်ခွန်နဲ့ ဥရောပသမဂ္ဂအကြီးအကဲ အူဆူလာ_ဗွန်ဒါလီယန်တို့က ဧပြီ ၆ ရက်၊ ကြသပတေးနေ့ ပေကျင်း ဆွေးနွေးပွဲပြီးနောက် ရုရှားနဲ့ ယူကရိန်းတို့အကြား စေ့စပ်ညှိနှိုင်းမှုကို တတ်နိုင်သမျှ အမြန်ဆုံးကျင်းပနိုင်လိမ့် မယ်လို့ သူ့အနေနဲ့မျှော်လင့်ကြောင်း ရှီကျင့်ဖျင်က ပြောဆိုပြီး နျူလက်နက်အသုံးပြု/မပြုဖို့ နိုင်ငံအားလုံးကို သတိပေးလိုက်တယ်လို့ သိရှိရပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမြာ_ဇီလင်းစကီးနဲ့ စကားပြောဆိုရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖျင်က မဖော်ပြပေမယ့် အခြေအနေနဲ့ အချိန်မှန်ရောက်တဲ့အခါ ဖြစ်နိုင်ခြေရှိတယ်လို့ သူ့ကိုပြောကြောင်း အာဆူလာက ဆိုပါတယ်။

အကန့်အသတ်မရှိ မိတ်ဖက်ဖြစ်ကြောင်း ရုရှားနဲ့ တရုတ်တို့က ကြေညာခဲ့ပြီး ရှီကျင့်ဖျင်ဟာ ယူကရိန်းပဋိပက္ခ မှာ တရုတ်ကို ကြားဝင်ဖျန်ဖြေသူအဖြစ် နေရာယူဖို့ ကြိုးပမ်းနေခဲ့ပါတယ်။ ငြိမ်းချမ်းရေးအစီအစဉ် ၁၂ ချက်ကို တရုတ်နိုင်ငံက ထုတ်ပြန်ထားပေမယ့် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံကိုကျူးကျော်တဲ့ ရုရှားအပေါ် ရှုတ်ချဖို့ အနောက်အုပ်စုရဲ့အဆိုပြုချက်ကို လုံးဝ ပယ်ချထားပါတယ်။

တွေ့ဆုံပွဲမတိုင်မီ ပေကျင်း ပြည်သူ့ခန်းမကြီးအပြင်ဘက်မှာ တရုတ်သမ္မတနဲ့အတူ ယှဉ်တွဲ ရပ်နေခိုက် “ယူက ရိန်းမှာ ရုရှရဲ့ရန်စမှုတွေဟာ တည်ငြိမ်ရေးကို ထိခိုက်စေပါတယ်” လို့ မက်ခွန်က ရှီကို ပြောပြပါတယ်။ "ရုရှား နိုင်ငံက ဆင်ခြင်တုံတရား ပြန်ဝင်လာစေဖို့နဲ့ လူတိုင်းကို စေ့စပ်ညှိနှိုင်းရေးစားပွဲဆီ ပြန်ခေါ်ဖို့ အဆွေတော်ကို အားကိုးနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်" လို့ မက်ခွန်က ဆိုပါတယ်။

စစ်ပွဲအဆုံးသတ်ဖို့ရည်ရွယ်တဲ့ ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နေခြင်း မရှိသေးကြောင်း၊ ၂ဝ၂၃ ခုနှစ် အတွင်း ဆွေးနွေးဖြစ်ဖို့ အလားအလာ လုံးဝမရှိကြောင်း ရုရှားသမ္မတဗလာဒီမာပူတင့်ရဲ့အကြံပေးပုဂ္ဂိုလ် ဒီမီထရီ_ဆူစလော့ဗ်ရဲ့ပြောဆိုချက်ကို ကိုးကားပြီး အီတလီနိုင်ငံ Corriere della Sera သတင်းစာက ဧပြီ ၆ ရက်၊ ကြသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။

ယူကရိန်းနာဇီတွေကို ချေမှုန်းဖို့နဲ့ ရုရှားအပေါ်ရန်လိုတဲ့ အနောက်နိုင်ငံတွေလက်ကနေ ကာကွယ်ဖို့ ရုရှားရဲ့ #အထူးစစ်ဆင်ရေးဟာ လိုအပ်တယ်လို့ ပူတင်က ပြောပါတယ်။ ယူကရိန်းနဲ့ သူ့ရဲ့မဟာမိတ်တွေကတော့ “အကြောင်းမဲ့ အောင်ပွဲခံတဲ့စစ်ပွဲ” လို့ သမုတ်ကြပါတယ်။ စစ်ပွဲကြောင့် လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ ရပြီး မြို့ကြီးများကို ပြိုကျပျက်စီးစေခဲ့ပါတယ်။ လူသန်းပေါင်းများစွာကို သူတို့ရဲ့နေအိမ်များမှ နှင်ထုတ်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးကို မတည်မငြိမ်ဖြစ်စေခဲ့ပါတယ်။

အရှေ့ပိုင်း ဒွန်ညက်ပြည်နယ်ရှိ နောက်ဆုံးမြို့ပြများအနက် တစ်ခုဖြစ်တဲ့ ဘာ့ခ်မွတ်အတွက် လချီကြာတိုက်ပွဲ တွေဟာ ရုရှားတပ်များအောက် မကျရောက်သေးဘဲ စစ်ပွဲရဲ့သွေးထွက်သံယို အများဆုံး လက်နက်ကိုင်ပဋိပက္ခ ဖြစ်လာရပါတယ်။

"လမ်းတွေပေါ်မှာ တိုက်ပွဲတွေ ဖော်ဆောင်နေပါတယ်။ မြို့ကိုဝိုင်းဖို့ ရန်သူရဲ့ကြိုးပမ်းမှုတွေဟာ ပျက်ပြားသွား တယ်။ ကျွန်တော်တို့ရဲ့အုပ်ချုပ်ကွပ်ကဲမှုဟာ အခြေအနေကို အပြည့်အဝထိန်းချုပ်ထားပါတယ်" လို့ ဇီလင်စကီး ရဲ့ အကြီးတန်းအကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။

(ဘာ့ခ်မွတ်) မြို့ရဲ့ အနောက်ဘက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ ရုရှား “ဝက်ဂ်နာ” ပုဂ္ဂလိက စစ်တပ်ခေါင်းဆောင် ယက်ဗ်ဂါနီ_ပရီကိုဇင်က အတည်ပြုပါတယ်။ “ရန်သူတွေ ဘယ်မှမသွားဘူးဆိုတာ ရှင်းရှင်းပြောရမှာပဲ” လို့ သူ့ရဲ့ Telegram ရုပ်သံချန်နယ်မှာ ရေးသားပါတယ်။

ဘာ့ခ်မွတ်စစ်မြေရောက် သူ့ရဲ့တိုက်ခိုက်ရေးသမားများအတွက် ခဲယမ်းမီးကျောက်များ ပြတ်တောက်သွား ကြောင်း ပရီကိုဇင်က မကြာခဏ ညည်းညူခဲ့ဖူးပါတယ်။ ဒါပေမဲ့ ယူကရိန်းနယ်ခြားစောင့်တပ် “လက်ဗ်ကို _ဆက်” ကတော့ ရုရှားတွေဘက်ခြမ်းမှာ ခဲယမ်းမီးကျောက် ပြတ်လပ်နေတယ်လို့ ဘယ်တုန်းကမှ ယူကရိန်း တပ်တွေ မခံစားရကြောင်း ပေါက်ကွဲမှုများအကြား ဗွီဒီယိုရုပ်သံမှာ ပြောပြပါတယ်။

ဘာ့ခ်မွတ်ရဲ့ဗျူဟာမြောက်အရေးပါမှုကို အနောက်နိုင်ငံမှ လေ့လာသုံးသပ်သူများက ငြင်းပယ်ခဲ့ကြပေမယ့် ယူကရိန်းအနေနဲ့ အနောက်နိုင်ငံများမှ ပံ့ပိုးပေးတဲ့လက်နက်များနဲ့ အားကောင်းတဲ့တန်ပြန်ထိုးစစ် မတိုင်မီ ဘာ့ခ် မွတ်မြို့ကို မဆုတ်မနစ်ကာကွယ်ရေးနဲ့သာ ရုရှားတပ်များကို ဖြိုခွင်းဖို့နည်းလမ်းအဖြစ် ရွေးချယ်စရာရှိနေပါ တယ်။

သူတို့ဘက်မှာ အသင့်ရှိနေပြီဖြစ်ကြောင်း၊ မြန်မြန်လုပ်နိုင်ရင် ပိုကောင်းပေမယ့် ရန်သူကို မောင်းထုတ်ဖို့ ရာသီဥ တုအပြောင်းအလဲကို စောင့်ဆိုင်းနေရပြီး ရွှံညွံတွေဟာ အတားအဆီးဖြစ်နေတယ်လို့ အသက် ၂၁ နှစ်အရွယ် ယူကရိန်းတပ်မှူးတစ်ဦးက ဘာ့ခ်မွတ်မြို့ပြင်မှာ ရိုက်တာကို ပြောပြပါတယ်။ ရှေ့တန်းမှာ မရှိတဲ့ စစ်မှုထမ်းတွေ ဟာ လေ့ကျင့်နေကြလို့ဖြစ်ကြောင်း ယူကရိန်းအမှတ် ၅ သီးခြား ချေမှုန်းရေးတပ်မဟာ အကြီးအကဲက ဆိုပါ တယ်။

ယခုနောက်ဆုံးရရှိတဲ့ Reuters သတင်းအရ ရုရှားတပ်များဟာ ဘာ့ခ်မွတ်ကာမြစ် အနောက်ဘက်ကမ်းကို သိမ်းယူလိုက်ကြောင်း စစ်ပွဲကို စောင့်ကြည့်နေတဲ့ ဗြိတိန်ကာကွယ်ရေးန်ကြီးဋ္ဌာနက အတည်ပြုတယ်လို့ သိရှိရ ပါတယ်။ ဘာ့ခ်မွတ်ဟာ မြို့ငယ်လေးဖြစ်ပေမယ့် ယူကရိန်းတို့ရဲ့ထောက်ပံ့ရေးလမ်းကြောင်းပေါ်မှာ တည်ရှိနေ ပါတယ်။ မြစ်အနောက်ဘက်ကမ်းအထိ ရုရှားတို့လက်အောက် ရောက်ရှိသွားခဲ့ရင် ယူကရိန်းတို့ ခြေကုပ်ယူထား တဲ့ ဘာ့ခ်မွတ်မြို့တွင်းနဲ့ လက်တစ်ကမ်းအကွာထိ ရောက်ရှိလာခြင်းပဲ ဖြစ်ပါတယ်။

#ဘာ့ခ်မွတ်မြို့ #ယူကရိန်းအရှေ့ပိုင်း #ဒွန်ညက်ဒေသ #အီမန်နျူရယ်_မက်ခွန် #ရှီကျင့်ဖျင် #ရုရှား_ဝက်ဂ်နာတပ် #ယက်ဗ်ဂါနီ_ပရီကိုဇင် #ယူကရိန်းနယ်ခြားစောင့်တပ်_လက်ဗ်ကို_ဆက်

(Reuters., 6 April 2023,” Ukrainian forces cling onto besieged city, China pressed to help end war” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ဒုတိယကမာၻစစ္ေနာက္ပိုင္း ဥေရာပေသြးေခ်ာင္းအစီးဆုံးစစ္ပြဲ ယခုႏွစ္အတြင္း ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ အစီအစဥ္မရွိ
Htay Oung (NP News) - ဧၿပီ ၈

႐ုရွားရဲ႕ထိုးစစ္ကို အံတုမႈသေကၤတအျဖစ္ အဆုံးမသတ္ႏိုင္ေအာင္ပ်က္စီးေနတဲ့ အေရွ႕ပိုင္းၿမိဳ႕မွာ ေမာ္စကိုတပ္ မ်ား ထိန္းခ်ဳပ္ထားရာ ဧရိယာကို ယူကရိန္းတပ္မ်ားက အေျမာက္ႀကီးမ်ားနဲ႔ ပစ္ခတ္တဲ့အတြက္ အရပ္သား ၇ ဦး ေသဆုံးရေၾကာင္း Reuters က ယမန္ေန႔ ေရးသားပါတယ္။

ဒုတိယကမာၻစစ္ေနာက္ပိုင္း ဥေရာပရဲ႕ေသြးထြက္သံယိုအမ်ားဆုံး ပဋိပကၡအဆုံးသတ္ေရး ေစ့စပ္ညႇိႏႈိင္းဖို႔အ တြက္ ႐ုရွားကိုစည္း႐ုံးဖို႔ ေပက်င္းေရာက္ ျပင္သစ္သမၼတ အီမန္န်ဴရယ္_မက္ခြန္က တိုက္တြန္းေနေပမယ့္ ဒီႏွစ္ မွာ ၿငိမ္းခ်မ္းေရး ေဆြးေႏြးဖို႔ အလားအလာမရွိဘူးလို႔ ႐ုရွားထိပ္တန္းအရာရွိတဦးက ေျပာပါတယ္။

မက္ခြန္နဲ႔ ဥေရာပသမဂၢအႀကီးအကဲ အူဆူလာ_ဗြန္ဒါလီယန္တို႔က ဧၿပီ ၆ ရက္၊ ၾကသပေတးေန႔ ေပက်င္း ေဆြးေႏြးပြဲၿပီးေနာက္ ႐ုရွားနဲ႔ ယူကရိန္းတို႔အၾကား ေစ့စပ္ညႇိႏႈိင္းမႈကို တတ္ႏိုင္သမွ် အျမန္ဆုံးက်င္းပႏိုင္လိမ့္ မယ္လို႔ သူ႔အေနနဲ႔ေမွ်ာ္လင့္ေၾကာင္း ရွီက်င့္ဖ်င္က ေျပာဆိုၿပီး န်ဴလက္နက္အသုံးျပဳ/မျပဳဖို႔ ႏိုင္ငံအားလုံးကို သတိေပးလိုက္တယ္လို႔ သိရွိရပါတယ္။

ယူကရိန္းသမၼတ ဗိုလိုဒီျမာ_ဇီလင္းစကီးနဲ႔ စကားေျပာဆိုရန္ ဆႏၵရွိေၾကာင္း ရွီက်င့္ဖ်င္က မေဖာ္ျပေပမယ့္ အေျခအေနနဲ႔ အခ်ိန္မွန္ေရာက္တဲ့အခါ ျဖစ္ႏိုင္ေျခရွိတယ္လို႔ သူ႔ကိုေျပာေၾကာင္း အာဆူလာက ဆိုပါတယ္။

အကန႔္အသတ္မရွိ မိတ္ဖက္ျဖစ္ေၾကာင္း ႐ုရွားနဲ႔ တ႐ုတ္တို႔က ေၾကညာခဲ့ၿပီး ရွီက်င့္ဖ်င္ဟာ ယူကရိန္းပဋိပကၡ မွာ တ႐ုတ္ကို ၾကားဝင္ဖ်န္ေျဖသူအျဖစ္ ေနရာယူဖို႔ ႀကိဳးပမ္းေနခဲ့ပါတယ္။ ၿငိမ္းခ်မ္းေရးအစီအစဥ္ ၁၂ ခ်က္ကို တ႐ုတ္ႏိုင္ငံက ထုတ္ျပန္ထားေပမယ့္ အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံတစ္ႏိုင္ငံကိုက်ဴးေက်ာ္တဲ့ ႐ုရွားအေပၚ ရႈတ္ခ်ဖို႔ အေနာက္အုပ္စုရဲ႕အဆိုျပဳခ်က္ကို လုံးဝ ပယ္ခ်ထားပါတယ္။

ေတြ႕ဆုံပြဲမတိုင္မီ ေပက်င္း ျပည္သူ႔ခန္းမႀကီးအျပင္ဘက္မွာ တ႐ုတ္သမၼတနဲ႔အတူ ယွဥ္တြဲ ရပ္ေနခိုက္ “ယူက ရိန္းမွာ ႐ုရွရဲ႕ရန္စမႈေတြဟာ တည္ၿငိမ္ေရးကို ထိခိုက္ေစပါတယ္” လို႔ မက္ခြန္က ရွီကို ေျပာျပပါတယ္။ "႐ုရွား ႏိုင္ငံက ဆင္ျခင္တုံတရား ျပန္ဝင္လာေစဖို႔နဲ႔ လူတိုင္းကို ေစ့စပ္ညႇိႏႈိင္းေရးစားပြဲဆီ ျပန္ေခၚဖို႔ အေဆြေတာ္ကို အားကိုးႏိုင္တယ္ဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္" လို႔ မက္ခြန္က ဆိုပါတယ္။

စစ္ပြဲအဆုံးသတ္ဖို႔ရည္႐ြယ္တဲ့ ေဆြးေႏြးပြဲမ်ား ဆက္လက္လုပ္ေဆာင္ေနျခင္း မရွိေသးေၾကာင္း၊ ၂ဝ၂၃ ခုႏွစ္ အတြင္း ေဆြးေႏြးျဖစ္ဖို႔ အလားအလာ လုံးဝမရွိေၾကာင္း ႐ုရွားသမၼတဗလာဒီမာပူတင့္ရဲ႕အႀကံေပးပုဂၢိဳလ္ ဒီမီထရီ_ဆူစေလာ့ဗ္ရဲ႕ေျပာဆိုခ်က္ကို ကိုးကားၿပီး အီတလီႏိုင္ငံ Corriere della Sera သတင္းစာက ဧၿပီ ၆ ရက္၊ ၾကသပေတးေန႔မွာ ေဖာ္ျပခဲ့ပါတယ္။

ယူကရိန္းနာဇီေတြကို ေခ်မႈန္းဖို႔နဲ႔ ႐ုရွားအေပၚရန္လိုတဲ့ အေနာက္ႏိုင္ငံေတြလက္ကေန ကာကြယ္ဖို႔ ႐ုရွားရဲ႕ #အထူးစစ္ဆင္ေရးဟာ လိုအပ္တယ္လို႔ ပူတင္က ေျပာပါတယ္။ ယူကရိန္းနဲ႔ သူ႔ရဲ႕မဟာမိတ္ေတြကေတာ့ “အေၾကာင္းမဲ့ ေအာင္ပြဲခံတဲ့စစ္ပြဲ” လို႔ သမုတ္ၾကပါတယ္။ စစ္ပြဲေၾကာင့္ လူေထာင္ေပါင္းမ်ားစြာ အသက္ဆုံးရႈံးခဲ့ ရၿပီး ၿမိဳ႕ႀကီးမ်ားကို ၿပိဳက်ပ်က္စီးေစခဲ့ပါတယ္။ လူသန္းေပါင္းမ်ားစြာကို သူတို႔ရဲ႕ေနအိမ္မ်ားမွ ႏွင္ထုတ္ခဲ့ၿပီး ကမာၻ႔စီးပြားေရးကို မတည္မၿငိမ္ျဖစ္ေစခဲ့ပါတယ္။

အေရွ႕ပိုင္း ဒြန္ညက္ျပည္နယ္ရွိ ေနာက္ဆုံးၿမိဳ႕ျပမ်ားအနက္ တစ္ခုျဖစ္တဲ့ ဘာ့ခ္မြတ္အတြက္ လခ်ီၾကာတိုက္ပြဲ ေတြဟာ ႐ုရွားတပ္မ်ားေအာက္ မက်ေရာက္ေသးဘဲ စစ္ပြဲရဲ႕ေသြးထြက္သံယို အမ်ားဆုံး လက္နက္ကိုင္ပဋိပကၡ ျဖစ္လာရပါတယ္။

"လမ္းေတြေပၚမွာ တိုက္ပြဲေတြ ေဖာ္ေဆာင္ေနပါတယ္။ ၿမိဳ႕ကိုဝိုင္းဖို႔ ရန္သူရဲ႕ႀကိဳးပမ္းမႈေတြဟာ ပ်က္ျပားသြား တယ္။ ကြၽန္ေတာ္တို႔ရဲ႕အုပ္ခ်ဳပ္ကြပ္ကဲမႈဟာ အေျခအေနကို အျပည့္အဝထိန္းခ်ဳပ္ထားပါတယ္" လို႔ ဇီလင္စကီး ရဲ႕ အႀကီးတန္းအႀကံေပးပုဂၢိဳလ္က ေျပာပါတယ္။

(ဘာ့ခ္မြတ္) ၿမိဳ႕ရဲ႕ အေနာက္ဘက္မွာ တိုက္ပြဲအျပင္းအထန္ျဖစ္ပြားေနတယ္လို႔ ႐ုရွား “ဝက္ဂ္နာ” ပုဂၢလိက စစ္တပ္ေခါင္းေဆာင္ ယက္ဗ္ဂါနီ_ပရီကိုဇင္က အတည္ျပဳပါတယ္။ “ရန္သူေတြ ဘယ္မွမသြားဘူးဆိုတာ ရွင္းရွင္းေျပာရမွာပဲ” လို႔ သူ႔ရဲ႕ Telegram ႐ုပ္သံခ်န္နယ္မွာ ေရးသားပါတယ္။

ဘာ့ခ္မြတ္စစ္ေျမေရာက္ သူ႔ရဲ႕တိုက္ခိုက္ေရးသမားမ်ားအတြက္ ခဲယမ္းမီးေက်ာက္မ်ား ျပတ္ေတာက္သြား ေၾကာင္း ပရီကိုဇင္က မၾကာခဏ ညည္းညဴခဲ့ဖူးပါတယ္။ ဒါေပမဲ့ ယူကရိန္းနယ္ျခားေစာင့္တပ္ “လက္ဗ္ကို _ဆက္” ကေတာ့ ႐ုရွားေတြဘက္ျခမ္းမွာ ခဲယမ္းမီးေက်ာက္ ျပတ္လပ္ေနတယ္လို႔ ဘယ္တုန္းကမွ ယူကရိန္း တပ္ေတြ မခံစားရေၾကာင္း ေပါက္ကြဲမႈမ်ားအၾကား ဗြီဒီယို႐ုပ္သံမွာ ေျပာျပပါတယ္။

ဘာ့ခ္မြတ္ရဲ႕ဗ်ဴဟာေျမာက္အေရးပါမႈကို အေနာက္ႏိုင္ငံမွ ေလ့လာသုံးသပ္သူမ်ားက ျငင္းပယ္ခဲ့ၾကေပမယ့္ ယူကရိန္းအေနနဲ႔ အေနာက္ႏိုင္ငံမ်ားမွ ပံ့ပိုးေပးတဲ့လက္နက္မ်ားနဲ႔ အားေကာင္းတဲ့တန္ျပန္ထိုးစစ္ မတိုင္မီ ဘာ့ခ္ မြတ္ၿမိဳ႕ကို မဆုတ္မနစ္ကာကြယ္ေရးနဲ႔သာ ႐ုရွားတပ္မ်ားကို ၿဖိဳခြင္းဖို႔နည္းလမ္းအျဖစ္ ေ႐ြးခ်ယ္စရာရွိေနပါ တယ္။

သူတို႔ဘက္မွာ အသင့္ရွိေနၿပီျဖစ္ေၾကာင္း၊ ျမန္ျမန္လုပ္ႏိုင္ရင္ ပိုေကာင္းေပမယ့္ ရန္သူကို ေမာင္းထုတ္ဖို႔ ရာသီဥ တုအေျပာင္းအလဲကို ေစာင့္ဆိုင္းေနရၿပီး ႐ႊံၫြံေတြဟာ အတားအဆီးျဖစ္ေနတယ္လို႔ အသက္ ၂၁ ႏွစ္အ႐ြယ္ ယူကရိန္းတပ္မႉးတစ္ဦးက ဘာ့ခ္မြတ္ၿမိဳ႕ျပင္မွာ ႐ိုက္တာကို ေျပာျပပါတယ္။ ေရွ႕တန္းမွာ မရွိတဲ့ စစ္မႈထမ္းေတြ ဟာ ေလ့က်င့္ေနၾကလို႔ျဖစ္ေၾကာင္း ယူကရိန္းအမွတ္ ၅ သီးျခား ေခ်မႈန္းေရးတပ္မဟာ အႀကီးအကဲက ဆိုပါ တယ္။

ယခုေနာက္ဆုံးရရွိတဲ့ Reuters သတင္းအရ ႐ုရွားတပ္မ်ားဟာ ဘာ့ခ္မြတ္ကာျမစ္ အေနာက္ဘက္ကမ္းကို သိမ္းယူလိုက္ေၾကာင္း စစ္ပြဲကို ေစာင့္ၾကည့္ေနတဲ့ ၿဗိတိန္ကာကြယ္ေရးန္ႀကီး႒ာနက အတည္ျပဳတယ္လို႔ သိရွိရ ပါတယ္။ ဘာ့ခ္မြတ္ဟာ ၿမိဳ႕ငယ္ေလးျဖစ္ေပမယ့္ ယူကရိန္းတို႔ရဲ႕ေထာက္ပံ့ေရးလမ္းေၾကာင္းေပၚမွာ တည္ရွိေန ပါတယ္။ ျမစ္အေနာက္ဘက္ကမ္းအထိ ႐ုရွားတို႔လက္ေအာက္ ေရာက္ရွိသြားခဲ့ရင္ ယူကရိန္းတို႔ ေျခကုပ္ယူထား တဲ့ ဘာ့ခ္မြတ္ၿမိဳ႕တြင္းနဲ႔ လက္တစ္ကမ္းအကြာထိ ေရာက္ရွိလာျခင္းပဲ ျဖစ္ပါတယ္။

#ဘာ့ခ္မြတ္ၿမိဳ႕ #ယူကရိန္းအေရွ႕ပိုင္း #ဒြန္ညက္ေဒသ #အီမန္န်ဴရယ္_မက္ခြန္ #ရွီက်င့္ဖ်င္ #႐ုရွား_ဝက္ဂ္နာတပ္ #ယက္ဗ္ဂါနီ_ပရီကိုဇင္ #ယူကရိန္းနယ္ျခားေစာင့္တပ္_လက္ဗ္ကို_ဆက္

(Reuters., 6 April 2023,” Ukrainian forces cling onto besieged city, China pressed to help end war” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Picture

L Mone

08/04/2023 16:36

NATO နဲ့ Russia ကြားက ပြဿနာကို မဆီမဆိုင် ဝင်ပါရာက ဖြစ်လာရတဲ့ ကိစ္စမို့ ယူကရိန်းဟာ မိုက်ရူးရဲဆန်သော သတ္တိသိပ်ကောင်းသော နိုင်ငံ ဖြစ်လာရပါတော့၏။

Related news

© 2021. All rights reserved.