ထိုင်ဝမ်သမ္မတနဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌတို့တွေ့ဆုံမှုကို မကျေနပ်ကြောင်းပြသဖို့ ထိုင်ဝမ်ကျွန်းနားမှာ သုံးရက်ကြာ စစ်ရေးလေ့ကျင့်မယ်လို့ တရုတ်စစ်ဘက်ပြော

 498

ဂျန်ဇက် (NP News) - ဧပြီ ၈

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီ နဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အမ်ဝမ်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံဆွေးနွေးမှုများအပေါ် လက်တုံ့ပြန်မှုအဖြစ် ထိုင်ဝမ်ကျွန်းနားမှာ သုံးရက်ကြာ စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်သွားမယို့ တရုတ်စစ်ဘက်က သတင်းထုတ်ပြန်လိုက်ပါတယ်။

တရုတ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ဦးဆောင်ပြီး ထိုင်ဝမ်ကျွန်းနား စစ်ရေးလေ့ကျင့်ခန်းများကို ဧပြီ ၈ ရက်မှာ စတင်လုပ်ဆောင်မှာဖြစ်ကြောင်း သိရပါတယ်။

တရုတ်စစ်တပ်က "စီစဉ်ထားတဲ့အတိုင်း ထိုင်ဝမ်ကျွန်း အရှေ့ပိုင်း၊ တောင်ပိုင်း နဲ့ ထိုင်ဝမ်ရေလက်ကြား ဝန်းကျင်နားမှာ စစ်ရေးလေ့ကျင့်ခန်းတွေ၊ ကင်းလှည့်မှုအရှိန် ပိုမိုလုပ်ဆောင်သွားမှာဖြစ်တယ်" လို့ ပြောပါ တယ်။

ထိုင်ဝမ်သမ္မတဟာ မြောက်အမေရိကကို သွားရောက်ချိန်အတွင်း အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့မယ်ဆိုရင် အကျိုးဆက်တွေ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ကြောင်း ခရီးစဉ်မတိုင်ခင်ကတည်းက သတိပေး ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဆိုင်အမ်ဝမ်ဟာ ခရီးတစ်ထောက်နားစခန်းအဖြစ် အမေရိကန်ကို ဝင်ရောက်ပြီး အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့တွေ့ဆုံဆွေးနွေးခဲ့ရာ တရုတ်အစိုးရဘက် စိတ်ဆိုးဒေါသ ဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ပြောဆိုထားပြီး ထိုင်ဝမ်က တရုတ်လက်အောက် က ခွဲထွက်ကာ ကိုယ်ပိုင်လွတ်လပ်ရေးရယူဖို့ ကြိုးပမ်းနေရာ ထိုင်ဝမ်နဲ့ တရုတ်ကြား တင်းမာမှုအရှိန်မြင့်တက်နေ ခဲ့ပါတယ်။ ဆိုင်အမ်ဝမ် နဲ့ ကီဗင်မက်ကာသီတို့ တွေ့ဆုံဆွေးနွေးချိန်တည်းက တရုတ်တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေဟာ ထိုင်ဝမ်းကျွန်းနယ်နိမိတ်မျဉ်းကို ဖြတ်ကျော် ပျံသန်းမှုများလည်း ရှိခဲ့ကြောင်း ထိုင်ဝမ်စစ်ဘက် က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ လာရောက်မှုအပေါ် မကျေနပ်ကြောင်း လက်တုံ့ပြန်မှုအဖြစ် တရုတ်စစ်ဘက်က ထိုင်ဝမ်ကျွန်းနားမှာ တိုက်လေယာဉ်များ၊ စစ်သင်္ဘောများနဲ့အတူ ဒုံးကျည်များပစ်လွှတ်ကာ ကြီးမားတဲ့စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ခဲ့ဖူးပါတယ်။

တရုတ်စစ်ဘက်က ပြုလုပ်မယ့်စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်နဲ့ပတ်သက်ပြီး ထိုင်ဝမ်စစ်ဘက်ကတော့ တစ်စုံတရာတုံ့ပြန်ခြင်းမရှိသေးကြောင်း သိရပါတယ်။

Zawgyi Version;
ထိုင္ဝမ္သမၼတနဲ႔ အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒တို႔ေတြ႕ဆုံမႈကို မေက်နပ္ေၾကာင္းျပသဖို႔ ထိုင္ဝမ္ကြၽန္းနားမွာ သုံးရက္ၾကာ စစ္ေရးေလ့က်င့္မယ္လို႔ တ႐ုတ္စစ္ဘက္ေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၈

အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ ကီဗင္မက္ကာသီ နဲ႔ ထိုင္ဝမ္သမၼတ ဆိုင္အမ္ဝမ္တို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက ေတြ႕ဆုံေဆြးေႏြးမႈမ်ားအေပၚ လက္တုံ႔ျပန္မႈအျဖစ္ ထိုင္ဝမ္ကြၽန္းနားမွာ သုံးရက္ၾကာ စစ္ေရးေလ့က်င့္ခန္းမ်ား လုပ္ေဆာင္သြားမယို႔ တ႐ုတ္စစ္ဘက္က သတင္းထုတ္ျပန္လိုက္ပါတယ္။

တ႐ုတ္အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က ဦးေဆာင္ၿပီး ထိုင္ဝမ္ကြၽန္းနား စစ္ေရးေလ့က်င့္ခန္းမ်ားကို ဧၿပီ ၈ ရက္မွာ စတင္လုပ္ေဆာင္မွာျဖစ္ေၾကာင္း သိရပါတယ္။

တ႐ုတ္စစ္တပ္က "စီစဥ္ထားတဲ့အတိုင္း ထိုင္ဝမ္ကြၽန္း အေရွ႕ပိုင္း၊ ေတာင္ပိုင္း နဲ႔ ထိုင္ဝမ္ေရလက္ၾကား ဝန္းက်င္နားမွာ စစ္ေရးေလ့က်င့္ခန္းေတြ၊ ကင္းလွည့္မႈအရွိန္ ပိုမိုလုပ္ေဆာင္သြားမွာျဖစ္တယ္" လို႔ ေျပာပါ တယ္။

ထိုင္ဝမ္သမၼတဟာ ေျမာက္အေမရိကကို သြားေရာက္ခ်ိန္အတြင္း အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒နဲ႔ ေတြ႕ဆုံခဲ့မယ္ဆိုရင္ အက်ိဳးဆက္ေတြ ျပန္လည္ရင္ဆိုင္ရမွာျဖစ္ေၾကာင္း ခရီးစဥ္မတိုင္ခင္ကတည္းက သတိေပး ေျပာဆိုခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း ဆိုင္အမ္ဝမ္ဟာ ခရီးတစ္ေထာက္နားစခန္းအျဖစ္ အေမရိကန္ကို ဝင္ေရာက္ၿပီး အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ရာ တ႐ုတ္အစိုးရဘက္ စိတ္ဆိုးေဒါသ ျဖစ္ခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ဟာ ၎တို႔ပိုင္နက္ျဖစ္တယ္လို႔ေျပာဆိုထားၿပီး ထိုင္ဝမ္က တ႐ုတ္လက္ေအာက္ က ခြဲထြက္ကာ ကိုယ္ပိုင္လြတ္လပ္ေရးရယူဖို႔ ႀကိဳးပမ္းေနရာ ထိုင္ဝမ္နဲ႔ တ႐ုတ္ၾကား တင္းမာမႈအရွိန္ျမင့္တက္ေန ခဲ့ပါတယ္။ ဆိုင္အမ္ဝမ္ နဲ႔ ကီဗင္မက္ကာသီတို႔ ေတြ႕ဆုံေဆြးေႏြးခ်ိန္တည္းက တ႐ုတ္တိုက္ေလယာဥ္ေတြ၊ စစ္သေဘၤာေတြဟာ ထိုင္ဝမ္းကြၽန္းနယ္နိမိတ္မ်ဥ္းကို ျဖတ္ေက်ာ္ ပ်ံသန္းမႈမ်ားလည္း ရွိခဲ့ေၾကာင္း ထိုင္ဝမ္စစ္ဘက္ က ေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း ထိုင္ဝမ္ကို အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပီလိုစီ လာေရာက္မႈအေပၚ မေက်နပ္ေၾကာင္း လက္တုံ႔ျပန္မႈအျဖစ္ တ႐ုတ္စစ္ဘက္က ထိုင္ဝမ္ကြၽန္းနားမွာ တိုက္ေလယာဥ္မ်ား၊ စစ္သေဘၤာမ်ားနဲ႔အတူ ဒုံးက်ည္မ်ားပစ္လႊတ္ကာ ႀကီးမားတဲ့စစ္ေရးေလ့က်င့္ခန္းေတြ လုပ္ခဲ့ဖူးပါတယ္။

တ႐ုတ္စစ္ဘက္က ျပဳလုပ္မယ့္စစ္ေရးေလ့က်င့္ခန္းအစီအစဥ္နဲ႔ပတ္သက္ၿပီး ထိုင္ဝမ္စစ္ဘက္ကေတာ့ တစ္စုံတရာတုံ႔ျပန္ျခင္းမရွိေသးေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.