ဟူသီလက်နက်ကိုင်အဖွဲ့ နဲ့ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ညွှန်ပေါင်းအဖွဲ့ကြား ယီမင်စစ်ပွဲအဆုံးသတ်အောင် အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးဖွယ်ရှိနေ

 339

ဂျန်ဇက် (NP News) - ဧပြီ ၈

တရုတ်နဲ့ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ဆော်ဒီအာရေဗျ နဲ့ အီရန်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေး ပြန်လုပ်ဆောင်ဖို့သဘာတူညီခဲ့ပြီးနောက် မကြာမီမှာပဲ ဆော်ဒီအာရေဗျဟာ ယီမင်ပြည်တွင်းစစ်ပွဲမှာ ပါဝင်နေမှုများကို အဆုံးသတ်တော့မှာဖြစ်ကြောင်း သိရပါတယ်။

ဆော်ဒီအာရေဗျနဲ့ အိုမန်နိုင်ငံကိုယ်စားလှယ်တွေဟာ လာမယ့်သီတင်းပတ်မှာ တွေ့ဆုံဆွေးနွေးပြီး ၈ နှစ်ကြာ ဖြစ်ပွားနေတဲ့ ယီမင်ပြည်တွင်းစစ်ပွဲအဆုံးသတ်စေဖို့ ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးဖွယ် ရှိနေပါတယ်။

ယီမင်ပြည်တွင်းစစ်ပွဲ အဆုံးသတ်ရေးအတွက် သဘောတူစာချုပ်များကို ဧပြီ ၂ဝ ရက်မှာ လက်မှတ်ရေးထိုးဖွယ် ရှိနေတယ်လို့လည်း အဆိုပါကိစ္စနဲ့နီးစပ်သူများက ပြောပါတယ်။ ယီမင်ပြည်တွင်းစစ်ပွဲမှာ ဟူသီသူပုန်အဖွဲ့ကို အီရန်နိုင်ငံက ကူညီထောက်ပံ့ပေးနေပြီး ယီမင်အစိုးရအဖွဲ့များကို ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ညွှန်ပေါင်းအဖွဲ့ က ကူညီထောက်ပံ့ပေးနေပါတယ်။

ညွန့်ပေါင်းအဖွဲ့ဟာ ယီမင်ပြည်တွင်းစစ်ပွဲအတွင် ဟူသီသူပုန်များကို လေကြောင်းက ကိုယ်တိုင် ပါဝင် တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။ ယီမင်နိုင်ငံဆိုင်ရာကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဖြစ်တဲ့ Yemen Hans Grundberg က အိုမန်အစိုးရအဖွဲ့တာဝန်ရှိသူများနဲ့ ယီမင်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဟာ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို ဆွေးနွေးဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

ဆော်ဒီအာရေဗျဦးဆောင်တဲ့ညွှန့်ပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယီမင်နိုင်ငံရှိ ဆိပ်ကမ်းများကို ၎င်းတို့ ရေတပ်သင်္ဘာများနဲ့ ပိတ်ဆို့ထားမှုကို ပြန်လည်ဖြေလျော့ပေးခဲ့ပြီး ယီမင်နိုင်ငံ အာဒင်ဆိပ်ကမ်းနဲ့ တောင်ပိုင်း ဆိပ်ကမ်းများကို သင်္ဘောများ ဆိုက်ကပ်ခွင့်ပြန်လည်ရရှိမှာဖြစ်ပါတယ်။ ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ယီမင် အစိုးရအဖွဲ့ကိုဖြုတ်ချခဲ့တဲ့ ၂ဝ၁၅ ခုနှစ်မှာ ဆော်ဒီအာရေဗျဦးဆောင်တဲ့ညွှန်ပေါင်းအဖွဲ့ က ယီမင်ပြည်တွင်း စစ်ပွဲမှာ ပါဝင်လာခဲ့ပြီး ဆိပ်ကမ်းများကို စစ်သင်္ဘာများနဲ့ ဝန်းရံပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။

ဆော်ဒီအာရေဗျကာကွယ်ရေးဝန်ကြီး Khalid bin Salman က ယီမင်ပြည်တွင်းစစ်ပွဲအဆုံးသတ်စေဖို့ အဖြေရှာကြမှာဖြစ်ပြီး ဟူသီလက်နက်ကိုင်အဖွဲ့နဲ့ အပစ်ခတ်ရပ်စဲရေးကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးသွားဖွယ်ရှိနေကြောင်း ဆိုပါတယ်။ ဆော်ဒီအာရေဗျဟာ မကြာမီမှာ ယီမင်စစ်ပွဲအတွင်း ၎င်းတို့ပါဝင်မှု အဆုံးသတ်ခြင်းကို မကြာမီကြေညာနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ဆော်ဒီအာရေဗျ နဲ့ ကုလသမဂ္ဂဟာ ယီမင်ပြည်တွင်းစစ်ပွဲ အလုံးစုံအဆုံးသတ်နိုင်ဖို့ ဟူသီလက်နက်ကိုင်အဖွဲ့ နဲ့ ပြိုင်ဘက်လက်နက်ကိုင်အဖွဲ့များကြား ငြိမ်းချမ်းရေးဆွေးနွေးနိုင်အောင် ကူညီပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ဟူသီလက္နက္ကိုင္အဖြဲ႕ နဲ႔ ေဆာ္ဒီအာေရဗ် ဦးေဆာင္တဲ့ၫႊန္ေပါင္းအဖြဲ႕ၾကား ယီမင္စစ္ပြဲအဆုံးသတ္ေအာင္ အပစ္ခတ္ရပ္စဲေရးသေဘာတူညီခ်က္စာခ်ဳပ္ လက္မွတ္ေရးထိုးဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဧၿပီ ၈

တ႐ုတ္နဲ႔ ၾကားဝင္ေဆာင္႐ြက္ေပးမႈေၾကာင့္ ေဆာ္ဒီအာေရဗ် နဲ႔ အီရန္ႏိုင္ငံၾကား အျပန္အလွန္ဆက္ဆံေရး ျပန္လုပ္ေဆာင္ဖို႔သဘာတူညီခဲ့ၿပီးေနာက္ မၾကာမီမွာပဲ ေဆာ္ဒီအာေရဗ်ဟာ ယီမင္ျပည္တြင္းစစ္ပြဲမွာ ပါဝင္ေနမႈမ်ားကို အဆုံးသတ္ေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။

ေဆာ္ဒီအာေရဗ်နဲ႔ အိုမန္ႏိုင္ငံကိုယ္စားလွယ္ေတြဟာ လာမယ့္သီတင္းပတ္မွာ ေတြ႕ဆုံေဆြးေႏြးၿပီး ၈ ႏွစ္ၾကာ ျဖစ္ပြားေနတဲ့ ယီမင္ျပည္တြင္းစစ္ပြဲအဆုံးသတ္ေစဖို႔ ၿငိမ္းခ်မ္းေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးဖြယ္ ရွိေနပါတယ္။

ယီမင္ျပည္တြင္းစစ္ပြဲ အဆုံးသတ္ေရးအတြက္ သေဘာတူစာခ်ဳပ္မ်ားကို ဧၿပီ ၂ဝ ရက္မွာ လက္မွတ္ေရးထိုးဖြယ္ ရွိေနတယ္လို႔လည္း အဆိုပါကိစၥနဲ႔နီးစပ္သူမ်ားက ေျပာပါတယ္။ ယီမင္ျပည္တြင္းစစ္ပြဲမွာ ဟူသီသူပုန္အဖြဲ႕ကို အီရန္ႏိုင္ငံက ကူညီေထာက္ပံ့ေပးေနၿပီး ယီမင္အစိုးရအဖြဲ႕မ်ားကို ေဆာ္ဒီအာေရဗ် ဦးေဆာင္တဲ့ၫႊန္ေပါင္းအဖြဲ႕ က ကူညီေထာက္ပံ့ေပးေနပါတယ္။

ၫြန္႔ေပါင္းအဖြဲ႕ဟာ ယီမင္ျပည္တြင္းစစ္ပြဲအတြင္ ဟူသီသူပုန္မ်ားကို ေလေၾကာင္းက ကိုယ္တိုင္ ပါဝင္ တိုက္ခိုက္မႈေတြလည္း ရွိခဲ့ပါတယ္။ ယီမင္ႏိုင္ငံဆိုင္ရာကုလသမဂၢ အထူးကိုယ္စားလွယ္ျဖစ္တဲ့ Yemen Hans Grundberg က အိုမန္အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားနဲ႔ ယီမင္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ေတြဟာ ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္ကို ေဆြးေႏြးဖြယ္ရွိေနတယ္လို႔ ဆိုပါတယ္။

ေဆာ္ဒီအာေရဗ်ဦးေဆာင္တဲ့ၫႊန႔္ေပါင္းအဖြဲ႕ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ယီမင္ႏိုင္ငံရွိ ဆိပ္ကမ္းမ်ားကို ၎တို႔ ေရတပ္သဘၤာမ်ားနဲ႔ ပိတ္ဆို႔ထားမႈကို ျပန္လည္ေျဖေလ်ာ့ေပးခဲ့ၿပီး ယီမင္ႏိုင္ငံ အာဒင္ဆိပ္ကမ္းနဲ႔ ေတာင္ပိုင္း ဆိပ္ကမ္းမ်ားကို သေဘၤာမ်ား ဆိုက္ကပ္ခြင့္ျပန္လည္ရရွိမွာျဖစ္ပါတယ္။ ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ ယီမင္ အစိုးရအဖြဲ႕ကိုျဖဳတ္ခ်ခဲ့တဲ့ ၂ဝ၁၅ ခုႏွစ္မွာ ေဆာ္ဒီအာေရဗ်ဦးေဆာင္တဲ့ၫႊန္ေပါင္းအဖြဲ႕ က ယီမင္ျပည္တြင္း စစ္ပြဲမွာ ပါဝင္လာခဲ့ၿပီး ဆိပ္ကမ္းမ်ားကို စစ္သဘၤာမ်ားနဲ႔ ဝန္းရံပိတ္ဆို႔ထားခဲ့တာျဖစ္ပါတယ္။

ေဆာ္ဒီအာေရဗ်ကာကြယ္ေရးဝန္ႀကီး Khalid bin Salman က ယီမင္ျပည္တြင္းစစ္ပြဲအဆုံးသတ္ေစဖို႔ အေျဖရွာၾကမွာျဖစ္ၿပီး ဟူသီလက္နက္ကိုင္အဖြဲ႕နဲ႔ အပစ္ခတ္ရပ္စဲေရးကို ေနာက္ထပ္တစ္ႏွစ္ သက္တမ္းတိုးသြားဖြယ္ရွိေနေၾကာင္း ဆိုပါတယ္။ ေဆာ္ဒီအာေရဗ်ဟာ မၾကာမီမွာ ယီမင္စစ္ပြဲအတြင္း ၎တို႔ပါဝင္မႈ အဆုံးသတ္ျခင္းကို မၾကာမီေၾကညာႏိုင္ဖို႔ ေမွ်ာ္လင့္ေနေၾကာင္း သိရပါတယ္။ ေဆာ္ဒီအာေရဗ် နဲ႔ ကုလသမဂၢဟာ ယီမင္ျပည္တြင္းစစ္ပြဲ အလုံးစုံအဆုံးသတ္ႏိုင္ဖို႔ ဟူသီလက္နက္ကိုင္အဖြဲ႕ နဲ႔ ၿပိဳင္ဘက္လက္နက္ကိုင္အဖြဲ႕မ်ားၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးႏိုင္ေအာင္ ကူညီေပးသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.