အနောက်အုပ်စုအနေနဲ့ ယူကရိန်းစစ်ပွဲ ပိုဆိုးလာအောင်လုပ်မယ့်အစား ငြိမ်းချမ်းရေးဆွေးနွေးနိုင်အောင် လုပ်ဆောင်သင့်ကြောင်း ဘရာဇီးသမ္မတ ဝေဖန်

 748

ဂျန်ဇက် (NP News) - ဧပြီ ၈

ဘရာဇီးသမ္မတ လူးဝစ်အင်နာစီယို လူလာဒါဆေးလ်ဗားဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံအပေါ် ပြင်းထန်တဲ့ဝေဖန်ပြစ်တင်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ယူကရိန်းစစ်ပွဲမှာ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား ဘယ်သူမှ အနိုင်ရမှာမဟုတ်ကြောင်း၊ ယူကရိန်းစစ်ပွဲ အဆုံးသတ် စေဖို့ ငြိမ်းချမ်းရေးဆွေးနွေးမှုများဖြစ်လာစေဖို့ ကြားဝင်စေ့စပ်ပေးမယ့်သူ လိုအပ်နေကြောင်း ဘရာဇီးသမ္မတ က ပြောပါတယ်။ ဥရောပသမဂ္ဂ နဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းစစ်ပွဲကို အခြေအနေ ပိုဆိုးအောင်လုပ်နေမယ့်အစား ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုများ ပြန်ရုတ်သိမ်းသင့်ကြောင်း၊ ဘရာဇီးသမ္မတ က ပြောပါတယ်။

၎င်းက "စစ်ပွဲရှိဖို့ မလိုအပ်ဘူး။ အမေရိကန် နဲ့ အနောက်အုပ်စုဟာ ယူကရိန်းစစ်ပွဲ ပိုမိုမြင့်တက်လာအောင် လုပ်ဆောင်နေတယ်။ အမေရိကန် နဲ့ အနောက်အုပ်စုဟာ သူတို့လုပ်လို့တဲ့နည်းလမ်းအတိုင်းမဖြစ်တဲ့အတွက် စစ်ပွဲထဲကို တိုက်ရိုက်ပါဝင်လာခြင်းမျိုးမရှိဘူး။ စစ်ပွဲအဆုံးသတ်အောင်လည်း စေ့စပ်ဆွေးနွေးမှုနဲ့အတူ အချိန်ကုန်ခံတာမျိုး မလုပ်ဘူး" လို့ ပြောပါတယ်။

ဘရာဇီးသမ္မတဟာ လာမယ့်သီတင်းပတ်မှာ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်မှာဖြစ်ကြောင်း သိရပါတယ်။ ဘရာဇီးသမ္မတ က ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ခရိုင်းမီးယားဒေသကို ထည့်သွင်းဆွေးနွေးခြင်းမျိုး မလုပ်သင့်ကြောင်း၊ ရုရှားသမ္မတအနေနဲ့လည်း ယူကရိန်း ပိုင်နက်များကို သိမ်းပိုက်ထားခြင်းမျိုး မဖြစ်သင့်ကြောင်း ပြောပါတယ်။

ယူကရိန်း နဲ့ ရုရှားကြားဖြစ်နေတဲ့စစ်ပွဲဟာ အချိန်တစ်နှစ်ကျော်ကြာချိန်အထိ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ခြင်း မရှိသေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုက ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့သလို ရုရှားကိုလည်း တစ်ဖတ်သတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ပါတယ်။

ယူကရိန်းကို စစ်လက်နက်ပစ္စည်းများကူညီခြင်းက စစ်ပွဲအခြေအနေပိုဆိုးရွားလာစေဖို့ နဲ့ ယူကရိန်းပြည်သူတွေ ပိုမိုသေဆုံးအောင် လုပ်ဆောင်နေသလိုမျိုးဖြစ်နေကြောင်း တရုတ်အစိုးရ တာဝန်ရှိသူများကလည်း ဝေဖန် ပြစ်တင်ခဲ့ဖူးပါတယ်။

Zawgyi Version;
အေနာက္အုပ္စုအေနနဲ႔ ယူကရိန္းစစ္ပြဲ ပိုဆိုးလာေအာင္လုပ္မယ့္အစား ၿငိမ္းခ်မ္းေရးေဆြးေႏြးႏိုင္ေအာင္ လုပ္ေဆာင္သင့္ေၾကာင္း ဘရာဇီးသမၼတ ေဝဖန္
ဂ်န္ဇက္ (NP News) - ဧၿပီ ၈

ဘရာဇီးသမၼတ လူးဝစ္အင္နာစီယို လူလာဒါေဆးလ္ဗားဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အေမရိကန္ ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံအေပၚ ျပင္းထန္တဲ့ေဝဖန္ျပစ္တင္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။

ယူကရိန္းစစ္ပြဲမွာ ႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကား ဘယ္သူမွ အႏိုင္ရမွာမဟုတ္ေၾကာင္း၊ ယူကရိန္းစစ္ပြဲ အဆုံးသတ္ ေစဖို႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ားျဖစ္လာေစဖို႔ ၾကားဝင္ေစ့စပ္ေပးမယ့္သူ လိုအပ္ေနေၾကာင္း ဘရာဇီးသမၼတ က ေျပာပါတယ္။ ဥေရာပသမဂၢ နဲ႔ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းစစ္ပြဲကို အေျခအေန ပိုဆိုးေအာင္လုပ္ေနမယ့္အစား ယူကရိန္းကို ကူညီေထာက္ပံ့ေပးမႈမ်ား ျပန္႐ုတ္သိမ္းသင့္ေၾကာင္း၊ ဘရာဇီးသမၼတ က ေျပာပါတယ္။

၎က "စစ္ပြဲရွိဖို႔ မလိုအပ္ဘူး။ အေမရိကန္ နဲ႔ အေနာက္အုပ္စုဟာ ယူကရိန္းစစ္ပြဲ ပိုမိုျမင့္တက္လာေအာင္ လုပ္ေဆာင္ေနတယ္။ အေမရိကန္ နဲ႔ အေနာက္အုပ္စုဟာ သူတို႔လုပ္လို႔တဲ့နည္းလမ္းအတိုင္းမျဖစ္တဲ့အတြက္ စစ္ပြဲထဲကို တိုက္႐ိုက္ပါဝင္လာျခင္းမ်ိဳးမရွိဘူး။ စစ္ပြဲအဆုံးသတ္ေအာင္လည္း ေစ့စပ္ေဆြးေႏြးမႈနဲ႔အတူ အခ်ိန္ကုန္ခံတာမ်ိဳး မလုပ္ဘူး" လို႔ ေျပာပါတယ္။

ဘရာဇီးသမၼတဟာ လာမယ့္သီတင္းပတ္မွာ တ႐ုတ္ႏိုင္ငံကို ခ်စ္ၾကည္ေရးခရီးသြားေရာက္မွာျဖစ္ေၾကာင္း သိရပါတယ္။ ဘရာဇီးသမၼတ က ယူကရိန္းစစ္ပြဲအဆုံးသတ္ေရးအတြက္ ၿငိမ္းခ်မ္းေရးေဆြးေႏြးရာမွာ ခ႐ိုင္းမီးယားေဒသကို ထည့္သြင္းေဆြးေႏြးျခင္းမ်ိဳး မလုပ္သင့္ေၾကာင္း၊ ႐ုရွားသမၼတအေနနဲ႔လည္း ယူကရိန္း ပိုင္နက္မ်ားကို သိမ္းပိုက္ထားျခင္းမ်ိဳး မျဖစ္သင့္ေၾကာင္း ေျပာပါတယ္။

ယူကရိန္း နဲ႔ ႐ုရွားၾကားျဖစ္ေနတဲ့စစ္ပြဲဟာ အခ်ိန္တစ္ႏွစ္ေက်ာ္ၾကာခ်ိန္အထိ ၿငိမ္းခ်မ္းေရးေဆြးေႏြးႏိုင္ျခင္း မရွိေသးဘဲ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနၿပီး၊ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုက ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးခဲ့သလို ႐ုရွားကိုလည္း တစ္ဖတ္သတ္ပိတ္ဆို႔မႈမ်ား ခ်မွတ္ခဲ့ပါတယ္။

ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ားကူညီျခင္းက စစ္ပြဲအေျခအေနပိုဆိုး႐ြားလာေစဖို႔ နဲ႔ ယူကရိန္းျပည္သူေတြ ပိုမိုေသဆုံးေအာင္ လုပ္ေဆာင္ေနသလိုမ်ိဳးျဖစ္ေနေၾကာင္း တ႐ုတ္အစိုးရ တာဝန္ရွိသူမ်ားကလည္း ေဝဖန္ ျပစ္တင္ခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.