ထိုင်ဝမ်အနေနဲ့ အနာဂတ်မှာ စစ်ပွဲ ဒါမှမဟုတ် ငြိမ်းချမ်းရေး နှစ်ခုထဲက တစ်ခုကို ရွေးချယ်ရမယ်လို့ ထိုင်ဝမ်သမ္မတဟောင်း သတိပေး

 696

ဂျန်ဇက် (NP News) - ဧပြီ ၈

ထိုင်ဝမ်အနေနဲ့ အနာဂတ်မှာ စစ်ပွဲ ဒါမှမဟုတ် ငြိမ်းချမ်းရေး နှစ်ခုထဲ တစ်ခုကို ရွေးချယ်ရဖွယ်ရှိနေကြောင်း ထိုင်ဝမ်သမ္မတဟောင်း Ma Ying-jeou က ပြောဆိုလိုက်ပါတယ်။

ထိုင်ဝမ်သမ္မတအဖြစ် ၂ဝဝ၈ ခုနှစ်ကနေ ၂ဝ၁၆ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့ Ma Ying-jeou ဟာ ထိုင်ဝမ် နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာ မကြာသေးမီက တရုတ်နိုင်ငံကို သမိုင်းဝင်ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သူလည်းဖြစ်ပါတယ်။

၎င်းဟာ သမ္မတဆိုင်အမ်ဝမ် ဦးဆောင်တဲ့ ထိုင်ဝမ်အစိုးရရဲ့လုပ်ရပ်များနဲ့ပတ်သက်ပြီးလည်း ဝေဖန်ပြစ်တင်ခဲ့ ကြောင်း သိရပါတယ်။ ၎င်းက "ထိုင်ဝမ်ရဲ့ လက်ရှိအစိုးရအဖွဲ့ဟာ ထိုင်ဝမ်ကို ဘေးအန္တရာယ်ဖြစ်အောင် လုပ်ဆောင်နေတယ်။ ဒါကြောင့် ထိုင်ဝမ်ဟာ အနာဂတ်မှာ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲ နှစ်ခုအနက် တစ်ခုကို ရွေးချယ် ရဖွယ်ရှိနေပါတယ်" လို့ပြောပါတယ်။

၎င်းဟာ ထိုင်ဝမ်ကူမင်တန် ပါတီခေါင်းဆောင်အဖြစ် ၈ နှစ်ကြာ တာဝန်ယူခဲ့သူဖြစ်ပြီး၊ တရုတ်အစိုးရနဲ့ နီးစပ်သူ ဖြစ်ကြောင်း သိရပါတယ်။ ၎င်းဟာ မကြာသေးမီက တရုတ်နိုင်ငံကို သွားရောက်ခဲ့ရာ ၁၉၄၉ ခုနှစ်က ဖြစ်ပွားတဲ့ တရုတ်ပြည်တွင်းစစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တရုတ်ပြည်မကြီးကို ပထမဆုံးအကြိမ် သွားရောက်ခဲ့တဲ့ ထိုင်ဝမ်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

ထိုင်ဝမ်သမ္မတဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်အမေရိကတိုက်ကို သွားရောက်ချိန်အတွင်း လမ်းမှာ ခရီး တစ်ထောက်နားရာမှာ အမေရိကန်နိုင်ငံကို ဝင်ရောက်ခဲ့ပြီး အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ရာ တရုတ်အစိုးရက စိတ်ဆိုးဒေါသဖြစ်နေပါတယ်။ တရုတ်အစိုးရက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားပေမယ့် သမ္မတဆိုင်အမ်ဝမ်ဦးဆောင်တဲ့ ထိုင်ဝမ်အစိုးရက အမေရိကန်နိုင်ငံ အကူအညီနဲ့ တရုတ်လက်အောက်ကခွဲထွက်ဖို့ကြိုးပမ်းနေရာ တင်းမာမှုတွေ ပိုမိုဖြစ်ပွား လျက်ရှိနေပါတယ်။

Zawgyi Version;
ထိုင္ဝမ္အေနနဲ႔ အနာဂတ္မွာ စစ္ပြဲ ဒါမွမဟုတ္ ၿငိမ္းခ်မ္းေရး ႏွစ္ခုထဲက တစ္ခုကို ေ႐ြးခ်ယ္ရမယ္လို႔ ထိုင္ဝမ္သမၼတေဟာင္း သတိေပး
ဂ်န္ဇက္ (NP News) - ဧၿပီ ၈

ထိုင္ဝမ္အေနနဲ႔ အနာဂတ္မွာ စစ္ပြဲ ဒါမွမဟုတ္ ၿငိမ္းခ်မ္းေရး ႏွစ္ခုထဲ တစ္ခုကို ေ႐ြးခ်ယ္ရဖြယ္ရွိေနေၾကာင္း ထိုင္ဝမ္သမၼတေဟာင္း Ma Ying-jeou က ေျပာဆိုလိုက္ပါတယ္။

ထိုင္ဝမ္သမၼတအျဖစ္ ၂ဝဝ၈ ခုႏွစ္ကေန ၂ဝ၁၆ ခုႏွစ္အထိ တာဝန္ယူခဲ့တဲ့ Ma Ying-jeou ဟာ ထိုင္ဝမ္ နဲ႔ တ႐ုတ္ႏိုင္ငံၾကား တင္းမာမႈအရွိန္ျမင့္တက္ေနခ်ိန္မွာ မၾကာေသးမီက တ႐ုတ္ႏိုင္ငံကို သမိုင္းဝင္ခ်စ္ၾကည္ေရး ခရီးသြားေရာက္ခဲ့သူလည္းျဖစ္ပါတယ္။

၎ဟာ သမၼတဆိုင္အမ္ဝမ္ ဦးေဆာင္တဲ့ ထိုင္ဝမ္အစိုးရရဲ႕လုပ္ရပ္မ်ားနဲ႔ပတ္သက္ၿပီးလည္း ေဝဖန္ျပစ္တင္ခဲ့ ေၾကာင္း သိရပါတယ္။ ၎က "ထိုင္ဝမ္ရဲ႕ လက္ရွိအစိုးရအဖြဲ႕ဟာ ထိုင္ဝမ္ကို ေဘးအႏၲရာယ္ျဖစ္ေအာင္ လုပ္ေဆာင္ေနတယ္။ ဒါေၾကာင့္ ထိုင္ဝမ္ဟာ အနာဂတ္မွာ ၿငိမ္းခ်မ္းေရးနဲ႔ စစ္ပြဲ ႏွစ္ခုအနက္ တစ္ခုကို ေ႐ြးခ်ယ္ ရဖြယ္ရွိေနပါတယ္" လို႔ေျပာပါတယ္။

၎ဟာ ထိုင္ဝမ္ကူမင္တန္ ပါတီေခါင္းေဆာင္အျဖစ္ ၈ ႏွစ္ၾကာ တာဝန္ယူခဲ့သူျဖစ္ၿပီး၊ တ႐ုတ္အစိုးရနဲ႔ နီးစပ္သူ ျဖစ္ေၾကာင္း သိရပါတယ္။ ၎ဟာ မၾကာေသးမီက တ႐ုတ္ႏိုင္ငံကို သြားေရာက္ခဲ့ရာ ၁၉၄၉ ခုႏွစ္က ျဖစ္ပြားတဲ့ တ႐ုတ္ျပည္တြင္းစစ္ပြဲ ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း တ႐ုတ္ျပည္မႀကီးကို ပထမဆုံးအႀကိမ္ သြားေရာက္ခဲ့တဲ့ ထိုင္ဝမ္ေခါင္းေဆာင္တစ္ဦးလည္း ျဖစ္ပါတယ္။

ထိုင္ဝမ္သမၼတဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ေျမာက္အေမရိကတိုက္ကို သြားေရာက္ခ်ိန္အတြင္း လမ္းမွာ ခရီး တစ္ေထာက္နားရာမွာ အေမရိကန္ႏိုင္ငံကို ဝင္ေရာက္ခဲ့ၿပီး အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ ကီဗင္မက္ကာသီနဲ႔လည္း ေတြ႕ဆုံေဆြးေႏြးခဲ့ရာ တ႐ုတ္အစိုးရက စိတ္ဆိုးေဒါသျဖစ္ေနပါတယ္။ တ႐ုတ္အစိုးရက ထိုင္ဝမ္ဟာ ၎တို႔ပိုင္နက္ျဖစ္တယ္လို႔ ေျပာဆိုထားေပမယ့္ သမၼတဆိုင္အမ္ဝမ္ဦးေဆာင္တဲ့ ထိုင္ဝမ္အစိုးရက အေမရိကန္ႏိုင္ငံ အကူအညီနဲ႔ တ႐ုတ္လက္ေအာက္ကခြဲထြက္ဖို႔ႀကိဳးပမ္းေနရာ တင္းမာမႈေတြ ပိုမိုျဖစ္ပြား လ်က္ရွိေနပါတယ္။

Related news

© 2021. All rights reserved.