အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ရုရှားသို့လာရောက်ရန် လက်နက်ကုန်သည်တစ်ဦးဖြစ်သူ ဖိတ်ခေါ်

 823

Pika (NP News) - ဧပြီ ၈

ရုရှားစီးပွားရေးလုပ်ငန်းရှင် ဗစ်တာဘော့တ် သည် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် ထံသို့ စာတစ်စောင်ပေးပို့ခဲ့ပြီး ရုရှားနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း ပြည်တွင်းမီဒီယာများ က ဖော်ပြခဲ့သည်။

ဗစ်တာဘော့တ် က "ဒီနေ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဆီကို စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ကတော့ ဒေါ်နယ်ထရမ့် အသက်အန္တရာယ်ကျရောက်ပြီလို့ ယုံကြည်ပါတယ်။ နယူးယောက်မြို့ မှာ စတင်ခဲ့တဲ့ ရုံးတင်စစ်ဆေးမှုမှာ ဒေါ်နယ်ထရမ့်ဟာ ပြစ်မှုထင်ရှားမယ်ဆိုရင် ပြစ်ဒဏ်ချမှတ်ခံရရုံသာမက သမ္မတဖြစ်နိုင်ဖို့ အခွင့်အရေးကိုလည်း ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီကိစ္စတွေက ဒီလောက်နဲ့ပြီးသွားမှာ မဟုတ်ပါဘူး" ဟု ပြောဆိုခဲ့သည်။

ရုရှားစီးပွားရေးလုပ်ငန်းရှင် ဗစ်တာဘော့တ်သည် ဒေါ်နယ်ထရမ့်ကို ရုရှားသို့လာရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံများကို ကြီးစိုးနိုင်ရေးအယူဝါဒရှိသူတို့ကို ပုန်ကန်ဆန့်ကျင်ရန်၊ အမေရိကန်ပြည်သူများကို ကယ်တင် စေနိုင်ရန်အတွက် ဒေါ်နယ်ထရမ့်ကို အကာအကွယ်ပေးရန်နှင့် နိုင်ငံရေးခိုလှုံခွင့်ကို ကမ်းလှမ်းခဲ့ကြောင်းလည်း သိရသည်။

ဗစ်တာဘော့တ်သည် လက်နက်မှောင်ခိုသမားတစ်ဦးဖြစ်ပြီး ရုရှားနှင့် အမေရိကန်တို့ကြား အကျဥ်းသား လဲလှယ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ အမေရိကန်၏ တောင်းဆိုမှုကြောင့် ဗစ်တာဘော့တ်သည် (၂ဝဝ၈) ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးခံရပြီးနောက် Viktor Boutသည် (၂ဝ၁၂) ခုနှစ် ဧပြီလတွင် ထောင်ဒဏ်(၂၅)နှစ်နှင့် ဒဏ်ငွေအဖြစ် အမေရိကန်ဒေါ်လာ(၁၅) သန်း ပေးချေရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်းလည်း သိရသည်။

Zawgyi Version;
အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ကို ႐ုရွားသို႔လာေရာက္ရန္ လက္နက္ကုန္သည္တစ္ဦးျဖစ္သူ ဖိတ္ေခၚ
Pika (NP News) - ဧၿပီ ၈

႐ုရွားစီးပြားေရးလုပ္ငန္းရွင္ ဗစ္တာေဘာ့တ္ သည္ အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္ ထံသို႔ စာတစ္ေစာင္ေပးပို႔ခဲ့ၿပီး ႐ုရွားႏိုင္ငံသို႔ လာေရာက္ရန္ ဖိတ္ၾကားခဲ့ေၾကာင္း ျပည္တြင္းမီဒီယာမ်ား က ေဖာ္ျပခဲ့သည္။

ဗစ္တာေဘာ့တ္ က "ဒီေန႔ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ဆီကို စာတစ္ေစာင္ ေပးပို႔ခဲ့ပါတယ္။ ပထမဆုံးအေနနဲ႔ကေတာ့ ေဒၚနယ္ထရမ့္ အသက္အႏၲရာယ္က်ေရာက္ၿပီလို႔ ယုံၾကည္ပါတယ္။ နယူးေယာက္ၿမိဳ႕ မွာ စတင္ခဲ့တဲ့ ႐ုံးတင္စစ္ေဆးမႈမွာ ေဒၚနယ္ထရမ့္ဟာ ျပစ္မႈထင္ရွားမယ္ဆိုရင္ ျပစ္ဒဏ္ခ်မွတ္ခံရ႐ုံသာမက သမၼတျဖစ္ႏိုင္ဖို႔ အခြင့္အေရးကိုလည္း ဆုံးရႈံးသြားႏိုင္ပါတယ္။ ဒါေပမယ့္ အဲဒီကိစၥေတြက ဒီေလာက္နဲ႔ၿပီးသြားမွာ မဟုတ္ပါဘူး" ဟု ေျပာဆိုခဲ့သည္။

႐ုရွားစီးပြားေရးလုပ္ငန္းရွင္ ဗစ္တာေဘာ့တ္သည္ ေဒၚနယ္ထရမ့္ကို ႐ုရွားသို႔လာေရာက္ရန္ ဖိတ္ေခၚခဲ့ၿပီး ကမာၻ႔ႏိုင္ငံမ်ားကို ႀကီးစိုးႏိုင္ေရးအယူဝါဒရွိသူတို႔ကို ပုန္ကန္ဆန႔္က်င္ရန္၊ အေမရိကန္ျပည္သူမ်ားကို ကယ္တင္ ေစႏိုင္ရန္အတြက္ ေဒၚနယ္ထရမ့္ကို အကာအကြယ္ေပးရန္ႏွင့္ ႏိုင္ငံေရးခိုလႈံခြင့္ကို ကမ္းလွမ္းခဲ့ေၾကာင္းလည္း သိရသည္။

ဗစ္တာေဘာ့တ္သည္ လက္နက္ေမွာင္ခိုသမားတစ္ဦးျဖစ္ၿပီး ႐ုရွားႏွင့္ အေမရိကန္တို႔ၾကား အက်ဥ္းသား လဲလွယ္မႈ၏ တစ္စိတ္တစ္ပိုင္းအျဖစ္ ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလတြင္ ျပန္လႊတ္ေပးခဲ့ေၾကာင္း သိရသည္။ အေမရိကန္၏ ေတာင္းဆိုမႈေၾကာင့္ ဗစ္တာေဘာ့တ္သည္ (၂ဝဝ၈) ခုႏွစ္တြင္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ဖမ္းဆီးခံခဲ့ရေၾကာင္း သိရသည္။

ဖမ္းဆီးခံရၿပီးေနာက္ Viktor Boutသည္ (၂ဝ၁၂) ခုႏွစ္ ဧၿပီလတြင္ ေထာင္ဒဏ္(၂၅)ႏွစ္ႏွင့္ ဒဏ္ေငြအျဖစ္ အေမရိကန္ေဒၚလာ(၁၅) သန္း ေပးေခ်ရန္ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.