ဥရောပသမဂ္ဂက ရုရှားနိုင်ငံထွက် ရေနံနှင့် လောင်စာဆီများကို အိန္ဒိယနိုင်ငံမှတစ်ဆင့် တိုးမြှင့်ဝယ်ယူနေဟုဆို

 442

Pika (NP News) – ဧပြီ ၉

ဥရောပသမဂ္ဂသည် ရုရှားနိုင်ငံထွက်ရေနံများကို အိန္ဒိယနိုင်ငံမှတစ်ဆင့် ပြန်လည်ဝယ်ယူလျက်ရှိနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံထံမှ လောင်စာဆီများ စံချိန်တင်ဝယ်ယူခဲ့ပြီးနောက် အဆိုပါလောင်စာဆီများကို ဥရောပသမဂ္ဂထံ တစ်ဆင့်ပြန်လည်‌ရောင်းချခဲ့ကြောင်း သိရသည်။ ဥရောပသမဂ္ဂသည် ရုရှားနိုင်ငံ၏ လောင်စာ ဆီများ တင်ပို့မှုကို ပိတ်ပင်လိုက်ချိန်ကတည်းက အိန္ဒိယသည် ၎င်းတို့ဝယ်ယူထားသော ရုရှားနိုင်ငံထွက် ရေနံနှင့် လောင်စာဆီများကို ဥရောပသမဂ္ဂထံရောင်းချမှု သိသိသာသာတိုးမြင့်လာခဲ့ကြောင်း သိရသည်။

ဥရောပသမဂ္ဂသည် ရုရှားနိုင်ငံထွက်ရေနံများကို ရယူရန်အတွက် အိန္ဒိယနိုင်ငံကို တစ်ဆင့်ခံတံခါးပေါက်အဖြစ် အသုံးပြုနေကြောင်း အဆိုပါအချက်အလက်များထဲတွင် ဖော်ပြထားသည်။ ၂ဝ၂၂-၂ဝ၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ သည် ရုရှားနိုင်ငံထံမှ တစ်ရက်လျှင် ရေနံစည်ပေါင်း(၉၇ဝဝဝဝ) မှ (၉၈၁ဝဝဝ) ကြား ဝယ်ယူခဲ့ပြီး အိန္ဒိယနိုင်ငံ အတွင်းသို့ တင်သွင်းခဲ့သော ရေနံ စုစုပေါင်း၏ (၅)ပုံ ပုံရင် (၁)ပုံခန့်ရှိကြောင်း Kpler နှင့် Vortexa တို့၏ ဒေတာ အချက်အလက်များအရ သိရသည်။

ယူကရိန်းပဋိပက္ခမတိုင်မီ အိန္ဒိယနိုင်ငံသည် ဥရောပသမဂ္ဂသို့ ဒီဇယ်နှင့် လေယာဥ်ဆီ ပျမ်းမျှတစ်ရက်လျှင် စည်ပေါင်း (၁၅၄ဝဝဝ) ခန့် ထောက်ပံ့ခဲ့ကြောင်း သိရသည်။ ဥရောပသမဂ္ဂသည် ဖေဖော်ဝါရီလတွင် ရုရှားနိုင်ငံ ၏ ရေနံထွက်ကုန်များ တင်သွင်းမှုကို ပိတ်ဆို့မှုချမှတ်လိုက်ပြီးနောက် ဥရောပသမဂ္ဂ၏ အိန္ဒိယနိုင်ငံထံမှ ရေနံ နှင့် လောင်စာဆီဝယ်ယူမှုများသည် တစ်ရက်လျှင် ပျမ်းမျှစည်ပေါင်း (၂)သိန်းခန့်သို့ တိုးလာခဲ့ကြောင်း အချက် အလက်များတွင် ဖော်ပြထားသည်။

အနောက်အုပ်စုနိုင်ငံများသည် ရုရှားထုတ်ကုန်များတင်သွင်းမှုကို ပိတ်ဆို့ခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂ၏ အိန္ဒိယ နိုင်ငံထံမှ ရေနံနှင့်လောင်စာဆီဝယ်ယူမှုများသည် ပြီးခဲ့သည့်နှစ်တွင် (၁၂) ရာခိုင်နှုန်း မှ (၁၆)ရာခိုင်နှုန်းထိ တိုးမြင့်လာခဲ့သလို ယခုနှစ်အစောပိုင်းတွင် ဥရောပသမဂ္ဂသို့ အိန္ဒိယ၏ လောင်စာဆီတင်ပို့မှုသည် (၂၄) ရာခိုင်နှုန်းမှ (၃ဝ) ရာခိုင်နှုန်းအထိ ထပ်မံတိုးမြင့်လာခဲ့ကြောင်း သိရသည်။

ရုရှားစွမ်းအင်ကုမ္ပဏီ Rosneft နှင့် အိန္ဒိယ ရေနံကော်ပိုရေးရှင်းတို့သည် အိန္ဒိယသို့ရေနံစိမ်းတင်ပို့မှု သိသိ သာသာတိုးမြင့်လာစေမည့် သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ယင်းကဲ့သို့ အချက် အလက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ခြင်းကြောင့် အနောက်အုပ်စု နိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်နေသည့်ကြားက အိန္ဒိယသည် ရုရှားနိုင်ငံထွက် ရေနံ ဝယ်ယူမှုများကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာခဲ့ကြောင်းသိရသည်။

၂ဝ၂၁ ခုနှစ်တွင် အိန္ဒိယ၏ ရုရှားနိုင်ငံထွက်ရေနံတင်သွင်းမှုသည် (၁)ရာခိုင်နှုန်းအောက်သာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ရုရှားနိုင်ငံထွက် ရေနံတင်သွင်းမှုသည် နိုင်ငံတွင်းသို့ တင်သွင်းမှုအားလုံး စုစုပေါင်း၏ (၃၅) ရာခိုင်နှုန်းထိ ရှိလာခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဥေရာပသမဂၢက ႐ုရွားႏိုင္ငံထြက္ ေရနံႏွင့္ ေလာင္စာဆီမ်ားကို အိႏၵိယႏိုင္ငံမွတစ္ဆင့္ တိုးျမႇင့္ဝယ္ယူေနဟုဆို
Pika (NP News) – ဧၿပီ ၉

ဥေရာပသမဂၢသည္ ႐ုရွားႏိုင္ငံထြက္ေရနံမ်ားကို အိႏၵိယႏိုင္ငံမွတစ္ဆင့္ ျပန္လည္ဝယ္ယူလ်က္ရွိေနေၾကာင္း သိရသည္။

အိႏၵိယႏိုင္ငံသည္ ႐ုရွားႏိုင္ငံထံမွ ေလာင္စာဆီမ်ား စံခ်ိန္တင္ဝယ္ယူခဲ့ၿပီးေနာက္ အဆိုပါေလာင္စာဆီမ်ားကို ဥေရာပသမဂၢထံ တစ္ဆင့္ျပန္လည္‌ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။ ဥေရာပသမဂၢသည္ ႐ုရွားႏိုင္ငံ၏ ေလာင္စာ ဆီမ်ား တင္ပို႔မႈကို ပိတ္ပင္လိုက္ခ်ိန္ကတည္းက အိႏၵိယသည္ ၎တို႔ဝယ္ယူထားေသာ ႐ုရွားႏိုင္ငံထြက္ ေရနံႏွင့္ ေလာင္စာဆီမ်ားကို ဥေရာပသမဂၢထံေရာင္းခ်မႈ သိသိသာသာတိုးျမင့္လာခဲ့ေၾကာင္း သိရသည္။

ဥေရာပသမဂၢသည္ ႐ုရွားႏိုင္ငံထြက္ေရနံမ်ားကို ရယူရန္အတြက္ အိႏၵိယႏိုင္ငံကို တစ္ဆင့္ခံတံခါးေပါက္အျဖစ္ အသုံးျပဳေနေၾကာင္း အဆိုပါအခ်က္အလက္မ်ားထဲတြင္ ေဖာ္ျပထားသည္။ ၂ဝ၂၂-၂ဝ၂၃ ခုႏွစ္တြင္ အိႏၵိယႏိုင္ငံ သည္ ႐ုရွားႏိုင္ငံထံမွ တစ္ရက္လွ်င္ ေရနံစည္ေပါင္း(၉၇ဝဝဝဝ) မွ (၉၈၁ဝဝဝ) ၾကား ဝယ္ယူခဲ့ၿပီး အိႏၵိယႏိုင္ငံ အတြင္းသို႔ တင္သြင္းခဲ့ေသာ ေရနံ စုစုေပါင္း၏ (၅)ပုံ ပုံရင္ (၁)ပုံခန႔္ရွိေၾကာင္း Kpler ႏွင့္ Vortexa တို႔၏ ေဒတာ အခ်က္အလက္မ်ားအရ သိရသည္။

ယူကရိန္းပဋိပကၡမတိုင္မီ အိႏၵိယႏိုင္ငံသည္ ဥေရာပသမဂၢသို႔ ဒီဇယ္ႏွင့္ ေလယာဥ္ဆီ ပ်မ္းမွ်တစ္ရက္လွ်င္ စည္ေပါင္း (၁၅၄ဝဝဝ) ခန႔္ ေထာက္ပံ့ခဲ့ေၾကာင္း သိရသည္။ ဥေရာပသမဂၢသည္ ေဖေဖာ္ဝါရီလတြင္ ႐ုရွားႏိုင္ငံ ၏ ေရနံထြက္ကုန္မ်ား တင္သြင္းမႈကို ပိတ္ဆို႔မႈခ်မွတ္လိုက္ၿပီးေနာက္ ဥေရာပသမဂၢ၏ အိႏၵိယႏိုင္ငံထံမွ ေရနံ ႏွင့္ ေလာင္စာဆီဝယ္ယူမႈမ်ားသည္ တစ္ရက္လွ်င္ ပ်မ္းမွ်စည္ေပါင္း (၂)သိန္းခန႔္သို႔ တိုးလာခဲ့ေၾကာင္း အခ်က္ အလက္မ်ားတြင္ ေဖာ္ျပထားသည္။

အေနာက္အုပ္စုႏိုင္ငံမ်ားသည္ ႐ုရွားထုတ္ကုန္မ်ားတင္သြင္းမႈကို ပိတ္ဆို႔ခဲ့ျခင္းေၾကာင့္ ဥေရာပသမဂၢ၏ အိႏၵိယ ႏိုင္ငံထံမွ ေရနံႏွင့္ေလာင္စာဆီဝယ္ယူမႈမ်ားသည္ ၿပီးခဲ့သည့္ႏွစ္တြင္ (၁၂) ရာခိုင္ႏႈန္း မွ (၁၆)ရာခိုင္ႏႈန္းထိ တိုးျမင့္လာခဲ့သလို ယခုႏွစ္အေစာပိုင္းတြင္ ဥေရာပသမဂၢသို႔ အိႏၵိယ၏ ေလာင္စာဆီတင္ပို႔မႈသည္ (၂၄) ရာခိုင္ႏႈန္းမွ (၃ဝ) ရာခိုင္ႏႈန္းအထိ ထပ္မံတိုးျမင့္လာခဲ့ေၾကာင္း သိရသည္။

႐ုရွားစြမ္းအင္ကုမၸဏီ Rosneft ႏွင့္ အိႏၵိယ ေရနံေကာ္ပိုေရးရွင္းတို႔သည္ အိႏၵိယသို႔ေရနံစိမ္းတင္ပို႔မႈ သိသိ သာသာတိုးျမင့္လာေစမည့္ သေဘာတူစာခ်ဳပ္တစ္ရပ္ကို လက္မွတ္ေရးထိုးခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ အခ်က္ အလက္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ အေနာက္အုပ္စု ႏိုင္ငံမ်ားက ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈမ်ား ခ်မွတ္ေနသည့္ၾကားက အိႏၵိယသည္ ႐ုရွားႏိုင္ငံထြက္ ေရနံ ဝယ္ယူမႈမ်ားကို ပိုမိုအရွိန္ျမႇင့္ လုပ္ေဆာင္လာခဲ့ေၾကာင္းသိရသည္။

၂ဝ၂၁ ခုႏွစ္တြင္ အိႏၵိယ၏ ႐ုရွားႏိုင္ငံထြက္ေရနံတင္သြင္းမႈသည္ (၁)ရာခိုင္ႏႈန္းေအာက္သာရွိခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ ႐ုရွားႏိုင္ငံထြက္ ေရနံတင္သြင္းမႈသည္ ႏိုင္ငံတြင္းသို႔ တင္သြင္းမႈအားလုံး စုစုေပါင္း၏ (၃၅) ရာခိုင္ႏႈန္းထိ ရွိလာခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.