ရော့ကဒ်ဒုံးကျည်များနဲ့ တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားနိုင်ငံကို အမြှောက်များနဲ့ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ပြော

 431

ဂျန်ဇက် (NP News) - ဧပြီ ၉

ရော့ကဒ်ဒုံးကျည်များနဲ့ ပစ်ခတ်တိုက်ခိုက်ခံရခြင်းကြောင့် ဆီးရီးယားနိုင်ငံကို အမြှောက်များနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ကပြောပါတယ်။

ဆီးရီးယားနိုင်ငံဘက်ခြမ်းကနေပြီး အစ္စရေးနိုင်ငံဘက်ခြမ်းကို ဧပြီ ၉ ရက်၊ နံနက်ပိုင်းက ရော့ကဒ် ဒုံးကျည်များ နဲ့ပစ်ခတ်တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်မှုအဖြစ် အမြှောက်များနဲ့ ဆီးရီးယားနိုင်ငံကို ပြန်လည်ပစ်ခတ်ခဲ့ ကြောင်း အစ္စရေးစစ်ဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လက်ဘနွန်နိုင်ငံအခြေစိုက် စစ်သွေးကြွအုပ်စုတွေဟာ အစ္စရေးနိုင်ငံဘက်ခြမ်းကို ရော့ကဒ်ဒုံးကျည်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစ္စရေးက လက်ဘနွန်နိုင်ငံအတွင်း ဟားမက်စ်စစ်သွေးကြွ အုပ်စုရဲ့နေရာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ဖူးကြောင်း သိရပါတယ်။

ဂျေရုဆလင်မြို့အတွင်းရှိ ဗလီမှာ ပုန်းခိုနေတဲ့အကြမ်းဖက်အုပ်စုများကို ဖမ်းဆီးနိုင်ဖို့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ တွေဟာ ဗလီကိုစီးနင်းခဲ့ပြီးနောက် တင်းမာမှုတွေ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဝန်ကြီးချုပ် ကိုယ်တိုင်က အစ္စရေးနိုင်ငံကို တိုက်ခိုက်တဲ့ရန်သူအားလုံးကို လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်း က ပြောခဲ့ပါတယ်။

အစ္စရေးဟာ ၁၉၆၇ ခုနှစ်ကဖြစ်ပွားတဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲမှာ ဂိုလန်ကုန်းမြင့်ကို သိမ်းပိုက်ခဲ့ပြီး ၁၉၈ဝ ခုနှစ်မှာ ဂိုလန်ကုန်းမြင့်ဒေသကို ထပ်မံချဲ့ထွင် သိမ်းပိုက်ခဲ့ကြောင်း သိရပါတယ်။ အစ္စရေးသိမ်းပိုက်မှုများကို နိုင်ငံတကာအဖွဲ့အစည်းများက အသိအမှတ်ပြုခြင်း မရှိကြောင်း သိရပါတယ်။

Zawgyi Version;
ေရာ့ကဒ္ဒုံးက်ည္မ်ားနဲ႔ တိုက္ခိုက္ခဲ့တဲ့ ဆီးရီးယားႏိုင္ငံကို အေျမႇာက္မ်ားနဲ႔ လက္တုံ႔ျပန္တိုက္ခိုက္ခဲ့ေၾကာင္း အစၥေရးစစ္ဘက္ေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၉

ေရာ့ကဒ္ဒုံးက်ည္မ်ားနဲ႔ ပစ္ခတ္တိုက္ခိုက္ခံရျခင္းေၾကာင့္ ဆီးရီးယားႏိုင္ငံကို အေျမႇာက္မ်ားနဲ႔ ျပန္လည္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း အစၥေရးစစ္ဘက္ကေျပာပါတယ္။

ဆီးရီးယားႏိုင္ငံဘက္ျခမ္းကေနၿပီး အစၥေရးႏိုင္ငံဘက္ျခမ္းကို ဧၿပီ ၉ ရက္၊ နံနက္ပိုင္းက ေရာ့ကဒ္ ဒုံးက်ည္မ်ား နဲ႔ပစ္ခတ္တိုက္ခိုက္မႈအေပၚ လက္တုံ႔ျပန္မႈအျဖစ္ အေျမႇာက္မ်ားနဲ႔ ဆီးရီးယားႏိုင္ငံကို ျပန္လည္ပစ္ခတ္ခဲ့ ေၾကာင္း အစၥေရးစစ္ဘက္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း လက္ဘႏြန္ႏိုင္ငံအေျခစိုက္ စစ္ေသြးႂကြအုပ္စုေတြဟာ အစၥေရးႏိုင္ငံဘက္ျခမ္းကို ေရာ့ကဒ္ဒုံးက်ည္မ်ားနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ အစၥေရးက လက္ဘႏြန္ႏိုင္ငံအတြင္း ဟားမက္စ္စစ္ေသြးႂကြ အုပ္စုရဲ႕ေနရာမ်ားကို ေလေၾကာင္းက ဗုံးႀကဲတိုက္ခိုက္မႈမ်ား ျပန္လည္လုပ္ေဆာင္ခဲ့ဖူးေၾကာင္း သိရပါတယ္။

ေဂ်႐ုဆလင္ၿမိဳ႕အတြင္းရွိ ဗလီမွာ ပုန္းခိုေနတဲ့အၾကမ္းဖက္အုပ္စုမ်ားကို ဖမ္းဆီးႏိုင္ဖို႔ အစၥေရးလုံၿခဳံေရးတပ္ဖြဲ႕ ေတြဟာ ဗလီကိုစီးနင္းခဲ့ၿပီးေနာက္ တင္းမာမႈေတြ ျမင့္တက္ခဲ့ေၾကာင္း သိရပါတယ္။ အစၥေရးဝန္ႀကီးခ်ဳပ္ ကိုယ္တိုင္က အစၥေရးႏိုင္ငံကို တိုက္ခိုက္တဲ့ရန္သူအားလုံးကို လက္တုံ႔ျပန္သြားမွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္း က ေျပာခဲ့ပါတယ္။

အစၥေရးဟာ ၁၉၆၇ ခုႏွစ္ကျဖစ္ပြားတဲ့ အေရွ႕အလယ္ပိုင္းစစ္ပြဲမွာ ဂိုလန္ကုန္းျမင့္ကို သိမ္းပိုက္ခဲ့ၿပီး ၁၉၈ဝ ခုႏွစ္မွာ ဂိုလန္ကုန္းျမင့္ေဒသကို ထပ္မံခ်ဲ႕ထြင္ သိမ္းပိုက္ခဲ့ေၾကာင္း သိရပါတယ္။ အစၥေရးသိမ္းပိုက္မႈမ်ားကို ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားက အသိအမွတ္ျပဳျခင္း မရွိေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.