အမေရိကန်အစိုးရရဲ့ ဒီမိုကရေစီနဲ့ပတ်သက်တဲ့ကတိတွေကို ကျူးကျော်ခံရတဲ့အီရတ် အပါအဝင် မွတ်စလင်နိုင်ငံတွေရဲ့ ပြည်သူများကလည်း ယုံကြည်မှု မရှိဟုဆို

 546

ဂျန်ဇက် (NP News) - ဧပြီ ၉

ကမ္ဘာ့နိုင်ငံအများအပြားဟာ ၎င်းတို့ရဲ့ကိုယ်ပိုင် နိုင်ငံရေးအနာဂတ်ကို ဖန်တီးပုံဖော်ခွင့်ကို အမေရိကန်နိုင်ငံက ခွင့်မပြုမှာ စိုးရိမ်ကြောက်ရွှံ့နေကြောင်း မကြာသေးမီကပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ရဲ့ကျူးကျော်တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ အီရတ်နိုင်ငံရှိ ပြည်သူများနဲ့ အခြားမွတ်စလင်နိုင်ငံ ၁၂ နိုင်ငံ ဟာ ဒီမိုကရေစီတည်ဆောက်ရေးနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ကတိတွေကို ယုံကြည်မှုမရှိသလို သံသယ ဖြစ်ပွားမှုများ ရှိနေကြောင်း Gallup အဖွဲ့က ပြောပါတယ်။

Gallup အဖွဲ့ဟာ မကြာသေးမီက ၎င်းတို့ရဲ့စစ်တမ်းများကိုထုတ်ပြန်ခဲ့ရာ မွတ်စလင်နိုင်ငံရှိ ပြည်သူအများစုက မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ကို ပုံဖော်ဖို့အတွက် ၎င်းတို့အပေါ်ပေးထားတဲ့ အမေရိကန်ရဲ့ကတိတွေကို သံသယရှိနေကြောင်း ဖော်ပြခဲ့ကြပါတယ်။

အီရတ်နိုင်ငံအပေါ် အမေရိကန်ဦးဆောင်တဲ့ ညွှန်ပေါင်းအဖွဲ့များ ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ ပြည့် နှစ်ပတ်လည်နေ့ပြီးနောက် Gallup အဖွဲ့က စစ်တမ်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ၂ဝဝ၃ ခုနှစ်တုန်းက သမ္မတ ဂျော့ဘုရှ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ အီရတ်နိုင်ငံမှာ ဖျက်အားပြင်းလက်နက်တွေရှိတယ်ဆိုကာ အီရတ်နိုင်ငံအပေါ် တစ်ဖက်သတ်ကျူးကျော်တိုက်ခိုက်ပြီး၊ အီရတ်သမ္မတဆက်ဒန်ဟူစိန် ကို ဖြုတ်ချခဲ့ပါတယ်။

ဒါပေမယ့်လည်း အီရတ်နိုင်ငံကို ကျူးကျော်ပြီးချိန်မှာ အမေရိကန်တို့ စွပ်စွဲခဲ့သလိုမျိုး ဖျက်အားပြင်းလက်နက် များမတွေ့ရှိခဲ့ကြောင်း သတင်းများလည်းထွက်ပေါ်ခဲ့ပါတယ်။ အီရတ်နိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်မှုက အမေရိကန်သမိုင်းမှာ အဆိုးရွားသော နိုင်ငံခြားရေးမူဝါဒတွေက တစ်ခုဖြစ်လာစေခဲ့ပါတယ်။ အီရတ်နိုင်ငံရှိ ပြည်သူ ၄ ပုံ ၁ ပုံက အီရတ်နိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဖန်တီးပေးမယ်ဆိုတဲ့ အမေရိကန်ကတိတွေကို ယုံကြည်ပေမယ့်လည်း ကျန် ၇၂ ရာခိုင်နှုန်းက အီရတ်နိုင်ငံအတွင်း လွတ်လပ်ပွင့်လင်းတဲ့ရွေးကောက်ပွဲ ကျင်းပ ပေးမယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ကတိတွေကို လက်ခံသဘောတူညီခြင်းမရှိကြောင်း Gallup အဖွဲ့က စစ်တမ်း က ဆိုပါတယ်။

အဆိုပါ စစ်တမ်းထဲမှာ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံတွေထဲမှာ အမေရိကန်ရဲ့ရည်ရွယ်ချက်တွေကို အတားအဆီးပြုလုပ်နိုင်ငံဆုံး နိုင်ငံဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် တူနီးရှား၊ တူရကီ၊ ပါလက်စတိုင်း၊ အီရတ်၊ မော်ရိုကို၊ ကူဝိတ်နိုင်ငံတို့က ပြည်သူအများစုကလည်း ဒေသအတွင်းမှာ ဒိမိုကရေစီအကောင်အထည် ဖော်မယ်ဆိုတဲ့ အမေရိကန်ရဲ့ရည်ရွယ်ချက်တွေ၊ ကတိတွေကို လက်ခံလိုခြင်းမရှိကြောင်း Gallup စစ်တမ်းက ဖော်ပြထားပါတယ်။

Zawgyi Version;
အေမရိကန္အစိုးရရဲ႕ ဒီမိုကေရစီနဲ႔ပတ္သက္တဲ့ကတိေတြကို က်ဴးေက်ာ္ခံရတဲ့အီရတ္ အပါအဝင္ မြတ္စလင္ႏိုင္ငံေတြရဲ႕ ျပည္သူ မ်ားကလည္း ယုံၾကည္မႈ မရွိဟုဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၉

ကမာၻ႔ႏိုင္ငံအမ်ားအျပားဟာ ၎တို႔ရဲ႕ကိုယ္ပိုင္ ႏိုင္ငံေရးအနာဂတ္ကို ဖန္တီးပုံေဖာ္ခြင့္ကို အေမရိကန္ႏိုင္ငံက ခြင့္မျပဳမွာ စိုးရိမ္ေၾကာက္႐ႊံ႕ေနေၾကာင္း မၾကာေသးမီကျပဳလုပ္ခဲ့တဲ့ စစ္တမ္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

အေမရိကန္ရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈကို ခံခဲ့ရတဲ့ အီရတ္ႏိုင္ငံရွိ ျပည္သူမ်ားနဲ႔ အျခားမြတ္စလင္ႏိုင္ငံ ၁၂ ႏိုင္ငံ ဟာ ဒီမိုကေရစီတည္ေဆာက္ေရးနဲ႔ပတ္သက္ၿပီး အေမရိကန္အစိုးရရဲ႕ကတိေတြကို ယုံၾကည္မႈမရွိသလို သံသယ ျဖစ္ပြားမႈမ်ား ရွိေနေၾကာင္း Gallup အဖြဲ႕က ေျပာပါတယ္။

Gallup အဖြဲ႕ဟာ မၾကာေသးမီက ၎တို႔ရဲ႕စစ္တမ္းမ်ားကိုထုတ္ျပန္ခဲ့ရာ မြတ္စလင္ႏိုင္ငံရွိ ျပည္သူအမ်ားစုက မိမိတို႔ႏိုင္ငံရဲ႕ ႏိုင္ငံေရးအနာဂတ္ကို ပုံေဖာ္ဖို႔အတြက္ ၎တို႔အေပၚေပးထားတဲ့ အေမရိကန္ရဲ႕ကတိေတြကို သံသယရွိေနေၾကာင္း ေဖာ္ျပခဲ့ၾကပါတယ္။

အီရတ္ႏိုင္ငံအေပၚ အေမရိကန္ဦးေဆာင္တဲ့ ၫႊန္ေပါင္းအဖြဲ႕မ်ား က်ဴးေက်ာ္တိုက္ခိုက္ခဲ့တဲ့ ႏွစ္ေပါင္း ၂ဝ ျပည့္ ႏွစ္ပတ္လည္ေန႔ၿပီးေနာက္ Gallup အဖြဲ႕က စစ္တမ္းထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ ၂ဝဝ၃ ခုႏွစ္တုန္းက သမၼတ ေဂ်ာ့ဘုရွ႕္ဦးေဆာင္တဲ့ အေမရိကန္အစိုးရဟာ အီရတ္ႏိုင္ငံမွာ ဖ်က္အားျပင္းလက္နက္ေတြရွိတယ္ဆိုကာ အီရတ္ႏိုင္ငံအေပၚ တစ္ဖက္သတ္က်ဴးေက်ာ္တိုက္ခိုက္ၿပီး၊ အီရတ္သမၼတဆက္ဒန္ဟူစိန္ ကို ျဖဳတ္ခ်ခဲ့ပါတယ္။

ဒါေပမယ့္လည္း အီရတ္ႏိုင္ငံကို က်ဴးေက်ာ္ၿပီးခ်ိန္မွာ အေမရိကန္တို႔ စြပ္စြဲခဲ့သလိုမ်ိဳး ဖ်က္အားျပင္းလက္နက္ မ်ားမေတြ႕ရွိခဲ့ေၾကာင္း သတင္းမ်ားလည္းထြက္ေပၚခဲ့ပါတယ္။ အီရတ္ႏိုင္ငံအေပၚ က်ဴးေက်ာ္တိုက္ခိုက္မႈက အေမရိကန္သမိုင္းမွာ အဆိုး႐ြားေသာ ႏိုင္ငံျခားေရးမူဝါဒေတြက တစ္ခုျဖစ္လာေစခဲ့ပါတယ္။ အီရတ္ႏိုင္ငံရွိ ျပည္သူ ၄ ပုံ ၁ ပုံက အီရတ္ႏိုင္ငံကို ဒီမိုကေရစီႏိုင္ငံျဖစ္ေအာင္ ဖန္တီးေပးမယ္ဆိုတဲ့ အေမရိကန္ကတိေတြကို ယုံၾကည္ေပမယ့္လည္း က်န္ ၇၂ ရာခိုင္ႏႈန္းက အီရတ္ႏိုင္ငံအတြင္း လြတ္လပ္ပြင့္လင္းတဲ့ေ႐ြးေကာက္ပြဲ က်င္းပ ေပးမယ္ဆိုတဲ့ အေမရိကန္အစိုးရရဲ႕ကတိေတြကို လက္ခံသေဘာတူညီျခင္းမရွိေၾကာင္း Gallup အဖြဲ႕က စစ္တမ္း က ဆိုပါတယ္။

အဆိုပါ စစ္တမ္းထဲမွာ အေရွ႕အလယ္ပိုင္းေဒသအတြင္းရွိ ႏိုင္ငံေတြထဲမွာ အေမရိကန္ရဲ႕ရည္႐ြယ္ခ်က္ေတြကို အတားအဆီးျပဳလုပ္ႏိုင္ငံဆုံး ႏိုင္ငံျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ တူနီးရွား၊ တူရကီ၊ ပါလက္စတိုင္း၊ အီရတ္၊ ေမာ္႐ိုကို၊ ကူဝိတ္ႏိုင္ငံတို႔က ျပည္သူအမ်ားစုကလည္း ေဒသအတြင္းမွာ ဒိမိုကေရစီအေကာင္အထည္ ေဖာ္မယ္ဆိုတဲ့ အေမရိကန္ရဲ႕ရည္႐ြယ္ခ်က္ေတြ၊ ကတိေတြကို လက္ခံလိုျခင္းမရွိေၾကာင္း Gallup စစ္တမ္းက ေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.