ရုရှားနိုင်ငံရဲ့ဖျက်အားပြင်း glide bombs များရဲ့အန္တရာယ်တွေနဲ့ တွေ့ကြုံရင်ဆိုင်ရဖွယ်ရှိနေကြောင်း ယူကရိန်းစစ်ဘက်ပြော

 1489

ဂျန်ဇက် (NP News) - ဧပြီ ၉

သိမ်းပိုက်ခံထားရတဲ့ပိုင်နက်များကို ပြန်လည်ရရှိစေဖို့ ရုရှားအပေါ် တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ ရုရှားနိုင်ငံရဲ့ glide bombs တွေဟာ ယူကရိန်းစစ်တပ်အတွက် ခြိမ်းခြောက်မှုအသစ် ထပ်မံဖြစ်လာဖွယ်ရှိနေ ကြောင်း သိရပါတယ်။

ယူကရိန်းစစ်ခေါင်းဆောင်တွေကိုယ်တိုင်က ရုရှားဟာ ရှေ့တန်းစစ်မျက်နှာတွေများ ပြန်လည်ပြုပြင်ထားတဲ့ glide bombs အမျိုးအစား FAB-500 တွေ အသုံးပြုလာဖွယ်ရှိနေကြောင်း သတိပေးထားပါတယ်။

ယူကရိန်းလေတပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yurii Ihnat က ရုရှားတပ်ဖွဲ့တွေဟာ ဆိုဗီယက်ခေတ်က ထုတ်လုပ် ထားတဲ့ ပေါက်ကွဲအားပြင်းထန်တဲ့ FAB-500 ဗုံးတွေ အသုံးပြုလာဖွယ်ရှိနေကြောင်း ဆိုပါတယ်။ ယူကရိန်း လေတပ်ဟာ အဆိုပါဗုံးတွေကို ပစ်ချနိုင်စွမ်း ရှိ/မရှိ ဆိုတဲ့ အန္တရာယ်ရှိတဲ့ အခြေအနေမျိုးတွေ ရင်ဆိုင်ရဖွယ်ရှိ နေကြောင်း ယူကရိန်းလေတပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ရုရှားဟာ အဆိုပါဗုံးတွေ ထုတ်လုပ်မှုတွေကို တိုးမြင့်လုပ်ဆောင်လာဖွယ်ရှိနေပြီး ဗုံးများမှာ GPS navigation system စနစ်တပ်ဆင်ဖွယ်ရှိနေကြောင်း ယူကရိန်းလေတပ်ပြောရေးဆိုခွင့်ရှိသူ က ပြောပါတယ်။ ယူကရိန်း လေတပ်ဦးစီးချုပ် Mykola Oleshchuk ကလည်း ပြုပြင်မွမ်းမံထားတဲ့အမျိုးအစား ဗုံးတွေရဲ့ ခြိမ်းခြောက်မှုတွေ ကို ရင်ဆိုင်ရဖွယ်ရှိနေကြောင်း၊ ရုရှားဟာ ရှေ့တန်းစစ်မျက်နှာတွေကိုဖြတ်သန်းနိုင်ဖို့ လမ်းညွန်စနစ် တပ်ဆင် ထားတဲ့ အလေးချိန် ၅ဝဝ ကီလိုဂရမ်ရှိ glide bombs ဗုံးအမျိုးမျိုး အသုံးပြုနေကြောင်း ဆိုပါတယ်။

FAB-500M-62 အမျိုးအစားဗုံးတွေဟာ အလေးချိန် ၅ဝဝ ကီလိုဂရမ်ရှိနေပြီး ရုရှားစစ်တပ်မှာ အသုံးပြုနေတဲ့ ဗုံး များအနက် နျူကလီးယားဗုံးပြီးရင် အားအပြင်းဆုံး ဗုံးအမျိုးအစားဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဗုံးကို စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦးများ၊ ဖျက်ဆီးဖို့၊ မီးရထားလမ်းများ ဖျက်ဆီးဖို့၊ အပေါ့စား တင့်ကားများကို ဖျက်ဆီးဖို့အတွက် ဒီဇိုင်းထုတ်လုပ်ထားတဲ့ ဗုံးဖြစ်ကြောင်းသိရပါတယ်။

အဆိုပါ ဗုံးကို ရုရှားနိုင်ငံထုတ် တိုက်လေယာဉ်တွေဖြစ်တဲ့ Su-27, Su-30, Su-34, Su-24 နဲ့ MiG-29 အမျိုးအစား တိုက်လေယာဉ်တွေမှာ သယ်ဆောင်တပ်ဆင်ပြီး အမြင့်ပေ ၅၇ဝ မီတာကနေ ၁၂ဝဝဝ မီတာ အတွင်း ကြဲချဲနိုင်ကြောင်း သိရပါတယ်။ အဆိုပါဗုံးတွေဟာ မြေပြင်ကို တစ်နာရီ ၁၉ဝဝ ကီလိုမီတာနှုန်းနဲ့ ပစ်မှတ်နေရာကို ကျဆင်းနိုင်စွမ်းရှိကြောင်းသိရပါတယ်။

Zawgyi Version;
႐ုရွားႏိုင္ငံရဲ႕ဖ်က္အားျပင္း glide bombs မ်ားရဲ႕အႏၲရာယ္ေတြနဲ႔ ေတြ႕ႀကဳံရင္ဆိုင္ရဖြယ္ရွိေနေၾကာင္း ယူကရိန္းစစ္ဘက္ေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၉

သိမ္းပိုက္ခံထားရတဲ့ပိုင္နက္မ်ားကို ျပန္လည္ရရွိေစဖို႔ ႐ုရွားအေပၚ တန္ျပန္ထိုးစစ္ဆင္ဖို႔ ႀကိဳးပမ္းေနခ်ိန္မွာပဲ ႐ုရွားႏိုင္ငံရဲ႕ glide bombs ေတြဟာ ယူကရိန္းစစ္တပ္အတြက္ ၿခိမ္းေျခာက္မႈအသစ္ ထပ္မံျဖစ္လာဖြယ္ရွိေန ေၾကာင္း သိရပါတယ္။

ယူကရိန္းစစ္ေခါင္းေဆာင္ေတြကိုယ္တိုင္က ႐ုရွားဟာ ေရွ႕တန္းစစ္မ်က္ႏွာေတြမ်ား ျပန္လည္ျပဳျပင္ထားတဲ့ glide bombs အမ်ိဳးအစား FAB-500 ေတြ အသုံးျပဳလာဖြယ္ရွိေနေၾကာင္း သတိေပးထားပါတယ္။

ယူကရိန္းေလတပ္အဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ Yurii Ihnat က ႐ုရွားတပ္ဖြဲ႕ေတြဟာ ဆိုဗီယက္ေခတ္က ထုတ္လုပ္ ထားတဲ့ ေပါက္ကြဲအားျပင္းထန္တဲ့ FAB-500 ဗုံးေတြ အသုံးျပဳလာဖြယ္ရွိေနေၾကာင္း ဆိုပါတယ္။ ယူကရိန္း ေလတပ္ဟာ အဆိုပါဗုံးေတြကို ပစ္ခ်ႏိုင္စြမ္း ရွိ/မရွိ ဆိုတဲ့ အႏၲရာယ္ရွိတဲ့ အေျခအေနမ်ိဳးေတြ ရင္ဆိုင္ရဖြယ္ရွိ ေနေၾကာင္း ယူကရိန္းေလတပ္ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

႐ုရွားဟာ အဆိုပါဗုံးေတြ ထုတ္လုပ္မႈေတြကို တိုးျမင့္လုပ္ေဆာင္လာဖြယ္ရွိေနၿပီး ဗုံးမ်ားမွာ GPS navigation system စနစ္တပ္ဆင္ဖြယ္ရွိေနေၾကာင္း ယူကရိန္းေလတပ္ေျပာေရးဆိုခြင့္ရွိသူ က ေျပာပါတယ္။ ယူကရိန္း ေလတပ္ဦးစီးခ်ဳပ္ Mykola Oleshchuk ကလည္း ျပဳျပင္မြမ္းမံထားတဲ့အမ်ိဳးအစား ဗုံးေတြရဲ႕ ၿခိမ္းေျခာက္မႈေတြ ကို ရင္ဆိုင္ရဖြယ္ရွိေနေၾကာင္း၊ ႐ုရွားဟာ ေရွ႕တန္းစစ္မ်က္ႏွာေတြကိုျဖတ္သန္းႏိုင္ဖို႔ လမ္းၫြန္စနစ္ တပ္ဆင္ ထားတဲ့ အေလးခ်ိန္ ၅ဝဝ ကီလိုဂရမ္ရွိ glide bombs ဗုံးအမ်ိဳးမ်ိဳး အသုံးျပဳေနေၾကာင္း ဆိုပါတယ္။

FAB-500M-62 အမ်ိဳးအစားဗုံးေတြဟာ အေလးခ်ိန္ ၅ဝဝ ကီလိုဂရမ္ရွိေနၿပီး ႐ုရွားစစ္တပ္မွာ အသုံးျပဳေနတဲ့ ဗုံး မ်ားအနက္ န်ဴကလီးယားဗုံးၿပီးရင္ အားအျပင္းဆုံး ဗုံးအမ်ိဳးအစားျဖစ္ေၾကာင္း သိရပါတယ္။ အဆိုပါဗုံးကို စစ္ဘက္ဆိုင္ရာအေျခခံအေဆာက္အဦးမ်ား၊ ဖ်က္ဆီးဖို႔၊ မီးရထားလမ္းမ်ား ဖ်က္ဆီးဖို႔၊ အေပါ့စား တင့္ကားမ်ားကို ဖ်က္ဆီးဖို႔အတြက္ ဒီဇိုင္းထုတ္လုပ္ထားတဲ့ ဗုံးျဖစ္ေၾကာင္းသိရပါတယ္။

အဆိုပါ ဗုံးကို ႐ုရွားႏိုင္ငံထုတ္ တိုက္ေလယာဥ္ေတြျဖစ္တဲ့ Su-27, Su-30, Su-34, Su-24 နဲ႔ MiG-29 အမ်ိဳးအစား တိုက္ေလယာဥ္ေတြမွာ သယ္ေဆာင္တပ္ဆင္ၿပီး အျမင့္ေပ ၅၇ဝ မီတာကေန ၁၂ဝဝဝ မီတာ အတြင္း ႀကဲခ်ဲႏိုင္ေၾကာင္း သိရပါတယ္။ အဆိုပါဗုံးေတြဟာ ေျမျပင္ကို တစ္နာရီ ၁၉ဝဝ ကီလိုမီတာႏႈန္းနဲ႔ ပစ္မွတ္ေနရာကို က်ဆင္းႏိုင္စြမ္းရွိေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.