မြဝတီမြို့ပေါ်ရှိ နေရာအချို့ (၁ဝ၇)မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကာ ကလေးငယ်အပါအဝင် ထိခိုက်ဒဏ်ရာရမှုများရှိနေ

 1214

NP News - ဧပြီ ၁ဝ

ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ နေရာအချို့တွင် (၁ဝ၇) မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကာ ကလေးငယ်အပါအဝင် ထိခိုက်ဒဏ်ရာရရှိမှုများရှိနေကြောင်း သတင်းရရှိသည်။

ယနေ့(ဧပြီလ ၁ဝ ရက်)၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် မြဝတီမြို့ပေါ်ရှိ ခလရ(၂၇၅) တပ်အနီး၊ အောက်ဆီဂျင်စက်ရုံနှင့် ရေပူလမ်းမမီးပွိုင့်အနီးတို့တွင် ၁ဝ၇ မမရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြဝတီမြို့ခံများက NP News ကို အသိပေးပြောဆိုထားသည်။

အကြမ်းဖက်အဖွဲ့သည် အဝေးမှတစ်ဆင့် ရှော့တိုက်ဒုံးများဖြင့် မြဝတီမြို့ထဲဘက်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ဆက်လက်ပစ်ခတ်နေမှုများရှိကြောင်း ၎င်းတို့က ဆိုသည်။

“ရှော့တိုက်ဒုံးနဲ့ ပစ်တာပေါ့။ နောက်ပြီးတော့ အောက်ဆီဂျင်စက်ရုံနားမှာလည်း တစ်လုံးကျတယ်။ ရေပူလမ်းမ မီးပွိုင့်နားမှာလည်း တစ်လုံးကျတယ်။ ကလေးတစ်ယောက် ထိသွားတယ်။ လူကြီးတစ်ယောက်လည်း ထိသွားတယ်။ နောက်ထပ် ခလ ရ(၂၇၅)ရဲ့ အနီးကိုလည်း တစ်လုံးကျတယ်။ ဒါပေမယ့် အထဲကို မကျဘူး” ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

ထိုသို့ မြဝတီမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပါအဝင် အခြားထိခိုက်ဒဏ်ရာရသူများလည်း ရှိနေကြောင်း သိရသည်။

လက်ရှိတွင် Lion Battalion အဖွဲ့၏ ဗိုလ်အယ်စေးဝါးအပါအဝင် အပေါင်းအပါများကို BGF နှင့် လုံခြုံရေးအဖွဲ့များက ပိတ်ဆို့ချေမှုန်းလျက်ရှိပြီး ၎င်းတို့ကို ကယ်ထုတ်ရန်အတွက် အခြားပူးပေါင်းအဖွဲ့က မြဝတီမြို့အတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း BGF နှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို သုံးသပ်ပြောဆိုထားသည်။

“ကျွန်တော်ထင်တာတော့ မြဝတီမြို့ကို ဒီလိုမျိုးလုပ်ပေးပြီး တပ်ကို ပြန်ဆွဲထုတ်ချင်တဲ့သဘောမျိုးပေါ့။ သူတို့က မြဝတီကို တောက်လျှောက်လုပ်နေမှာပဲ။ အယ်စေးဝါးဘက်ကို အာရုံမရောက်အောင် ဒီဘက်မြဝတီဘက်ကို တိုက်ပြတာမျိုးလို့လည်း ထင်တယ်။ မြဝတီမြို့ကို အဝေးကနေ ရှော့တိုက်ဒုံးနဲ့ ပစ်နေတာပေါ့” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။

ဗိုလ်အယ်စေးဝါး ဦးဆောင်သော Lion Battalion ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော ဧပြီလ ၈ ရက်တွင် မဲ့ပယ်ကလိုးရွာအနီး၌ BGF နှင့်လုံခြုံရေးအဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်ခြင်းခံခဲ့ရကာ Lion Battalion ပူးပေါင်းအဖွဲ့မှ PDF (၅)ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းနှင့် ကားများက သိမ်းဆည်းခံလိုက်ရကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရစဉ် ဗိုလ်အယ်စေးဝါးသည် ကိုယ်လွတ်ရုန်းကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး လက်ရှိအချိန်ထိပါ ၎င်းအား BGF အဖွဲ့က ပိတ်ဆို့ထားလျက်ရှိကြောင်း သိရသည်။

ဗိုလ်အယ်ဆေးဝါး ဦးဆောင်သည့် Lion Battalion ပူးပေါင်းအဖွဲ့သည် ဧပြီလ ၅ ရက်တွင် ရွှေကုက္ကိုမြို့သစ်အနီးရှိ BGF စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၎င်းတိုက်ပွဲအတွင်း BGF အဖွဲ့ဝင်အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။

zawgyi version
ျမဝတီၿမိဳ႕ေပၚရွိ ေနရာအခ်ိဳ႕ (၁ဝ၇)မမ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရကာ ကေလးငယ္အပါအဝင္ ထိခိုက္ဒဏ္ရာရမႈမ်ားရွိေန

NP News - ဧၿပီ ၁ဝ

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ေပၚရွိ ေနရာအခ်ိဳ႕တြင္ (၁ဝ၇) မမ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရကာ ကေလးငယ္အပါအဝင္ ထိခိုက္ဒဏ္ရာရရွိမႈမ်ားရွိေနေၾကာင္း သတင္းရရွိသည္။

ယေန႔(ဧၿပီလ ၁ဝ ရက္)၊ နံနက္ ၁၁ နာရီအခ်ိန္ခန႔္တြင္ ျမဝတီၿမိဳ႕ေပၚရွိ ခလရ(၂၇၅)တပ္အနီး၊ ေအာက္ဆီဂ်င္စက္႐ုံႏွင့္ ေရပူလမ္းမမီးပြိဳင့္အနီးတို႔တြင္ ၁ဝ၇ မမေရွာ့တိုက္ဒုံးမ်ား က်ေရာက္ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ျမဝတီၿမိဳ႕ခံမ်ားက NP News ကို အသိေပးေျပာဆိုထားသည္။

အၾကမ္းဖက္အဖြဲ႕သည္ အေဝးမွတစ္ဆင့္ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ျမဝတီၿမိဳ႕ထဲဘက္သို႔ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္ထိ ဆက္လက္ပစ္ခတ္ေနမႈမ်ားရွိေၾကာင္း ၎တို႔က ဆိုသည္။

“ေရွာ့တိုက္ဒုံးနဲ႔ ပစ္တာေပါ့။ ေနာက္ၿပီးေတာ့ ေအာက္ဆီဂ်င္စက္႐ုံနားမွာလည္း တစ္လုံးက်တယ္။ ေရပူလမ္းမ မီးပြိဳင့္နားမွာလည္း တစ္လုံးက်တယ္။ ကေလးတစ္ေယာက္ ထိသြားတယ္။ လူႀကီးတစ္ေယာက္လည္း ထိသြားတယ္။ ေနာက္ထပ္ ခလ ရ(၂၇၅)ရဲ႕ အနီးကိုလည္း တစ္လုံးက်တယ္။ ဒါေပမယ့္ အထဲကို မက်ဘူး” ဟု ျမဝတီၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ထိုသို႔ ျမဝတီၿမိဳ႕အတြင္းသို႔ ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ကေလးငယ္တစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့မႈအပါအဝင္ အျခားထိခိုက္ဒဏ္ရာရသူမ်ားလည္း ရွိေနေၾကာင္း သိရသည္။

လက္ရွိတြင္ Lion Battalion အဖြဲ႕၏ ဗိုလ္အယ္ေစးဝါးအပါအဝင္ အေပါင္းအပါမ်ားကို BGF ႏွင့္ လုံၿခဳံေရးအဖြဲ႕မ်ားက ပိတ္ဆို႔ေခ်မႈန္းလ်က္ရွိၿပီး ၎တို႔ကို ကယ္ထုတ္ရန္အတြက္ အျခားပူးေပါင္းအဖြဲ႕က ျမဝတီၿမိဳ႕အတြင္းသို႔ ပစ္ခတ္တိုက္ခိုက္ျခင္း ျဖစ္ႏိုင္ေၾကာင္း BGF ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က NP News ကို သုံးသပ္ေျပာဆိုထားသည္။

“ကြၽန္ေတာ္ထင္တာေတာ့ ျမဝတီၿမိဳ႕ကို ဒီလိုမ်ိဳးလုပ္ေပးၿပီး တပ္ကို ျပန္ဆြဲထုတ္ခ်င္တဲ့သေဘာမ်ိဳးေပါ့။ သူတို႔က ျမဝတီကို ေတာက္ေလွ်ာက္လုပ္ေနမွာပဲ။ အယ္ေစးဝါးဘက္ကို အာ႐ုံမေရာက္ေအာင္ ဒီဘက္ျမဝတီဘက္ကို တိုက္ျပတာမ်ိဳးလို႔လည္း ထင္တယ္။ ျမဝတီၿမိဳ႕ကို အေဝးကေန ေရွာ့တိုက္ဒုံးနဲ႔ ပစ္ေနတာေပါ့” ဟု အထက္ပါသတင္းအရင္းအျမစ္က ေျပာသည္။

ဗိုလ္အယ္ေစးဝါး ဦးေဆာင္ေသာ Lion Battalion ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့ေသာ ဧၿပီလ ၈ ရက္တြင္ မဲ့ပယ္ကလိုး႐ြာအနီး၌ BGF ႏွင့္လုံၿခဳံေရးအဖြဲ႕မ်ား၏ ပိတ္ဆို႔တိုက္ခိုက္ျခင္းခံခဲ့ရကာ Lion Battalion ပူးေပါင္းအဖြဲ႕မွ PDF (၅)ဦး ေသဆုံးခဲ့ၿပီး လက္နက္ခဲယမ္းႏွင့္ ကားမ်ားက သိမ္းဆည္းခံလိုက္ရေၾကာင္း သိရသည္။

ထိုသို႔ တိုက္ခိုက္ခံရစဥ္ ဗိုလ္အယ္ေစးဝါးသည္ ကိုယ္လြတ္႐ုန္းကာ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ၿပီး လက္ရွိအခ်ိန္ထိပါ ၎အား BGF အဖြဲ႕က ပိတ္ဆို႔ထားလ်က္ရွိေၾကာင္း သိရသည္။

ဗိုလ္အယ္ေဆးဝါး ဦးေဆာင္သည့္ Lion Battalion ပူးေပါင္းအဖြဲ႕သည္ ဧၿပီလ ၅ ရက္တြင္ ေ႐ႊကုကၠိဳၿမိဳ႕သစ္အနီးရွိ BGF စခန္းမ်ားကို ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ၎တိုက္ပြဲအတြင္း BGF အဖြဲ႕ဝင္အမ်ားအျပား ေသဆုံးခဲ့ေၾကာင္း သိရသည္။

Picture

Wan Jaywan

10/04/2023 22:31

ျမဝတီ မီးအားေပး ရံုးကို ဗံုး ခြဲ တာ အဲဒီလက္ ျပတ္ ပါ ျမဝတီက လူေတြလက္ ထဲဘဲထဲ့လိုက္ ပါ

Related news

© 2021. All rights reserved.