ပရိသတ်များအနေဖြင့် ရီးရဲလ်မက်ဒရစ်အသင်းနှင့်ပွဲကို စိုးရိမ်စိတ်ရှိနေမယ်ဆိုလျှင် လာရောက် အားမပေးလို့ရကြောင်း ချဲလ်ဆီးနည်းပြပြော

 456

Pika (NP News) - ဧပြီ ၁၁

ချဲလ်ဆီးအသင်း၏ နည်းပြ ဖရန့်ခ်လမ်းပတ်က ၎င်း၏ အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲကို ယုံကြည်မှု အပြည့်ဖြင့် ချဥ်းကပ်မည်ဖြစ်ကြောင်း ပရိသတ်များအနေဖြင့် အသင်းအပေါ်စိုးရိမ်မှု ရှိနေမည်ဆိုလျှင် လာရောက်အားမပေးလို့ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

နည်းပြပေါ်တာ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဖရန့်ခ်လမ်းပတ်သည် ချဲလ်ဆီးအသင်းနည်းပြအဖြစ် တစ်ကျော့ပြန် ပြန်လည်ရောက်ရှိလာခဲ့ပြီး ၎င်း၏ ပထမဆုံးပွဲဖြစ်သည့် ဝုဖ်အသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲတွင် (၁)ဂိုး-ဂိုးမရှိဖြင့်် ရှုံးနိမ့်ခဲ့ပြီးနောက် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရကြောင်းသိရသည်။ချဲလ်ဆီးအသင်းသည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့တွင် ဥရောပထိပ်သီးအသင်းကြီးဖြစ်သည့် ရီးရဲလ်မက်ဒရစ် အသင်းနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

ချဲလ်ဆီးအသင်းယာယီနည်းပြ ဖရန့်ခ်လမ်းပတ်သည် ရီးရဲလ်မက်ဒရစ်အသင်းနှင့် ရင်ဆိုင်ရန်ယုံကြည်မှုရှိနေပြီး ၎င်း၏ အသင်းကစားသမားများသည် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ဖြင့် ထိပ်တိုက်ရင်ဆိုင်ကာ အကောင်း ဆုံးယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖရန့်ခ်လမ်းပတ် က "ကျွန်တော်တို့မှာ အသင်းကြီးတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယှဥ်ပြိုင်ဖို့ အခွင့် အ‌ရေးရှိပါတယ်။ ဒီအခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ဖို့ ကျွန်‌တော်တို့ကြိုးစားသွားမှာပါ။ ပရိသတ်တွေ အနေနဲ့ ယုံကြည်မှုအပြည့်နဲ့ ရီးရဲလ်မက်ဒရစ်အိမ်ကွင်းကို လာရောက်အားပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒါမှမဟုတ် ပရိသတ်တွေဟာ စိုးရိမ်စိတ်တွေ ရှိနေမယ်ဆိုရင်‌တော့ လာရောက်အားမပေးကြဖို့ ကျွန်တော် ပြောချင်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်ပြီး ယှဥ်ပြိုင်ကစားသွားမှာပါ" ဟု ပြောဆိုခဲ့ သည်။

ချဲလ်ဆီးအသင်းသည် နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ်ပွဲ(၄)ပွဲတွင် နိုင်ပွဲမရရှိခဲ့သလို အမှတ်ပေးဇယား တွင်လည်း နံပါတ်(၁၁)နေရာတွင် ရပ်တည်နေပြီး ဆက်လက်ရုန်းကန်နေဆဲဖြစ်ကြောင်း သိရသည်။ ဆိုးဝါးသောရလဒ်များကြောင့် ချဲလ်ဆီးအသင်းတာဝန်ရှိသူများသည် ပြီးခဲ့သည့်သီတင်းပတ်တွင် နည်းပြပေါ်တာ ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ဖရန့်ခ်လမ်းပတ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

ချဲလ်ဆီးအသင်းသည် ဧပြီလ(၁၃)ရက်တွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်အသင်းနှင့် ယှဥ်ပြိုင်ကစားမည်ဖြစ်ပြီး ဧပြီလ(၁၅)ရက်တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘရိုက်တန်အသင်းနှင့် ယှဥ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ပရိသတ္မ်ားအေနျဖင့္ ရီးရဲလ္မက္ဒရစ္အသင္းႏွင့္ပြဲကို စိုးရိမ္စိတ္ရွိေနမယ္ဆိုလွ်င္ လာေရာက္ အားမေပးလို႔ရေၾကာင္း ခ်ဲလ္ဆီးနည္းျပေျပာ
Pika (NP News) - ဧၿပီ ၁၁

ခ်ဲလ္ဆီးအသင္း၏ နည္းျပ ဖရန႔္ခ္လမ္းပတ္က ၎၏ အသင္းသည္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို ယုံၾကည္မႈ အျပည့္ျဖင့္ ခ်ဥ္းကပ္မည္ျဖစ္ေၾကာင္း ပရိသတ္မ်ားအေနျဖင့္ အသင္းအေပၚစိုးရိမ္မႈ ရွိေနမည္ဆိုလွ်င္ လာေရာက္အားမေပးလို႔ရေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

နည္းျပေပၚတာ ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ဖရန႔္ခ္လမ္းပတ္သည္ ခ်ဲလ္ဆီးအသင္းနည္းျပအျဖစ္ တစ္ေက်ာ့ျပန္ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး ၎၏ ပထမဆုံးပြဲျဖစ္သည့္ ဝုဖ္အသင္းႏွင့္ကစားခဲ့ေသာ ပရီးမီးယားလိဂ္ပြဲတြင္ (၁)ဂိုး-ဂိုးမရွိျဖင့္္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ခဲ့ရေၾကာင္းသိရသည္။ခ်ဲလ္ဆီးအသင္းသည္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ပထမအေက်ာ့တြင္ ဥေရာပထိပ္သီးအသင္းႀကီးျဖစ္သည့္ ရီးရဲလ္မက္ဒရစ္ အသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္သည္။

ခ်ဲလ္ဆီးအသင္းယာယီနည္းျပ ဖရန႔္ခ္လမ္းပတ္သည္ ရီးရဲလ္မက္ဒရစ္အသင္းႏွင့္ ရင္ဆိုင္ရန္ယုံၾကည္မႈရွိေနၿပီး ၎၏ အသင္းကစားသမားမ်ားသည္ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈအျပည့္ျဖင့္ ထိပ္တိုက္ရင္ဆိုင္ကာ အေကာင္း ဆုံးယွဥ္ၿပိဳင္ကစားသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ဖရန႔္ခ္လမ္းပတ္ က "ကြၽန္ေတာ္တို႔မွာ အသင္းႀကီးတစ္သင္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ယွဥ္ၿပိဳင္ဖို႔ အခြင့္ အ‌ေရးရွိပါတယ္။ ဒီအခြင့္အေရးကို အေကာင္းဆုံးအသုံးခ်ႏိုင္ဖို႔ ကြၽန္‌ေတာ္တို႔ႀကိဳးစားသြားမွာပါ။ ပရိသတ္ေတြ အေနနဲ႔ ယုံၾကည္မႈအျပည့္နဲ႔ ရီးရဲလ္မက္ဒရစ္အိမ္ကြင္းကို လာေရာက္အားေပးၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။ ဒါမွမဟုတ္ ပရိသတ္ေတြဟာ စိုးရိမ္စိတ္ေတြ ရွိေနမယ္ဆိုရင္‌ေတာ့ လာေရာက္အားမေပးၾကဖို႔ ကြၽန္ေတာ္ ေျပာခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ အေကာင္းဆုံးျပင္ဆင္ၿပီး ယွဥ္ၿပိဳင္ကစားသြားမွာပါ" ဟု ေျပာဆိုခဲ့ သည္။

ခ်ဲလ္ဆီးအသင္းသည္ ေနာက္ဆုံးကစားခဲ့ေသာ ပရီးမီးယားလိဂ္ပြဲ(၄)ပြဲတြင္ ႏိုင္ပြဲမရရွိခဲ့သလို အမွတ္ေပးဇယား တြင္လည္း နံပါတ္(၁၁)ေနရာတြင္ ရပ္တည္ေနၿပီး ဆက္လက္႐ုန္းကန္ေနဆဲျဖစ္ေၾကာင္း သိရသည္။ ဆိုးဝါးေသာရလဒ္မ်ားေၾကာင့္ ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူမ်ားသည္ ၿပီးခဲ့သည့္သီတင္းပတ္တြင္ နည္းျပေပၚတာ ကို ရာထူးမွ ထုတ္ပယ္ခဲ့ၿပီး ဖရန႔္ခ္လမ္းပတ္ကို ယာယီနည္းျပအျဖစ္ ခန႔္အပ္ခဲ့ေၾကာင္း သိရသည္။

ခ်ဲလ္ဆီးအသင္းသည္ ဧၿပီလ(၁၃)ရက္တြင္ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ ရီးရဲလ္မက္ဒရစ္အသင္းႏွင့္ ယွဥ္ၿပိဳင္ကစားမည္ျဖစ္ၿပီး ဧၿပီလ(၁၅)ရက္တြင္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ဘ႐ိုက္တန္အသင္းႏွင့္ ယွဥ္ၿပိဳင္ကစားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.