သင်္ကြန်အကြိုနေ့ လားရှိုးဗဟိုမဏ္ဍပ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ငါးဦးထက်မနည်း သေဆုံးထားပြီး ငါးဦး အခြေအနေစိုးရိမ်ရ

 2215

NP News – ဧပြီ ၁၃

ရှမ်းပြည်နယ်၊ မြောက်ပိုင်းမြို့တော်ဖြစ်သော လားရှိုးမြို့ ဗဟိုမဏ္ဍပ်အနီးရှိ ရန်တိုင်းအောင် ဘုရားမုဒ်ဦး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူလေးဦးသေဆုံးသွားခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (သင်္ကြန်အကြိုနေ့) နံနက် ၁၁ နာရီ ၄ဝ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့ခံများက NP News ကို အတည်ပြုထားသည်။

“ရေကစား မဏ္ဍပ်မှာဖြစ်တာတော့ မဟုတ်ဘူး။ ရန်တိုင်းအောင် ဘုရား မုဒ်ဦးမှာ ပေါက်တာ။ လားရှိုးမြို့အဝင် We Love Lashio ဆိုင်းဘုတ်နား မှာ ဖြစ်တာပါ။ ဒါပေမယ့် မဏ္ဍပ်နားက ဈေးရောင်းနေတဲ့ အကင်သည်တွေကို ဗုံးစတွေ ထိမှန် သေဆုံးတယ်လို့ ကြားတယ်။” ဟု လားရှိုးဒေသခံတစ်ဦးဖြစ်သူက ပြောသည်။

ထို့အတူ “ဗုံးပေါက်တာက သုံးချက်၊ အုန်း ဆိုပြီး အသံတော်တော် ကျယ်တယ်။ အဲဒီ ရန်တိုင်အောင်ဘုရားနားမှာ အစ်မတို့ လားရှိုးမြို့ ဗဟိုမဏ္ဍပ်ရှိတယ်လေ။ မဏ္ဍပ်နဲ့ အတော်လေးနီးပါတယ်” ဟု လားရှိုးမြို့တွင် နေထိုင်သူ အမျိုးသမီးက NP News ကို ပြောပါသည်။

မဏ္ဍပ်နှင့် ဘုရားအနီး ရပ်ထားသည့် ကားသုံးစီးမှ ပေါက်ကွဲခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ပေါက်ကွဲမှုဖြစ်သည့်နေရာသည် လားရှိုးမြို့အဝင် We Love Lashio ဆိုင်းဘုတ်၏ အနောက်ဘက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြန်မာသက္ကရာဇ် ၁၃၈၄ မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းနေသည့် ရိုးရာသင်္ကြန်ပွဲတော်ကို ပြည်သူများ ပါဝင်ဆင်နွှဲခြင်း မပြုရန် အကြမ်းဖက်သမားများက နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ဖောက်ခွဲမှုများကို သင်္ကြန်ပွဲတော် မတိုင်မီ ရက်ပိုင်းအလိုကပင် အင်တိုက်အားတိုက်လုပ်ဆောင်ထားကြပြီး အာဏာပိုင်များက အကြမ်းဖက်မှုမဖြစ်ပွားမီ ဖမ်းဆီးနိုင်ခဲ့သည့်ဖြစ်စဉ်များလည်း ရန်ကုန်၊ မန္တလေး မြို့ကြီးများ အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဖြစ်ပွားခဲ့သည်။

ဧပြီလ (၅) ရက်နေ့က အင်းလေး ရေပေါ်သင်္ကြန်အား ပေါက်ကွဲအား ပြင်းထန် သည့် ယမ်းနှင့် မိုင်းများထည့်ထားသည့် ၅ ဂါလံဆံ့ အဝါရောင် ဆီပုံးများဖြင့် ရေမျှော၍ အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲဖျက်ဆီးရန် ကြံစည်ထားသူများကိုလည်း ဖမ်းဆီးရမိခဲ့သည်။

Zawgyi Version;
သၾကၤန္အႀကိဳေန႔ လားရႈိးဗဟိုမ႑ပ္အနီး ဗုံးေပါက္ကြဲမႈျဖစ္ပြား၊ ငါးဦးထက္မနည္း ေသဆုံးထားၿပီး ငါးဦး အေျခအေနစိုးရိမ္ရ
NP News – ဧၿပီ ၁၃

ရွမ္းျပည္နယ္၊ ေျမာက္ပိုင္းၿမိဳ႕ေတာ္ျဖစ္ေသာ လားရႈိးၿမိဳ႕ ဗဟိုမ႑ပ္အနီးရွိ ရန္တိုင္းေအာင္ ဘုရားမုဒ္ဦး၌ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး လူေလးဦးေသဆုံးသြားခဲ့ေၾကာင္း ကနဦးသတင္းမ်ား အရ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (သၾကၤန္အႀကိဳေန႔) နံနက္ ၁၁ နာရီ ၄ဝ မိနစ္ခန႔္က ျဖစ္ပြားခဲ့ေၾကာင္း လားရႈိးၿမိဳ႕ခံမ်ားက NP News ကို အတည္ျပဳထားသည္။

“ေရကစား မ႑ပ္မွာျဖစ္တာေတာ့ မဟုတ္ဘူး။ ရန္တိုင္းေအာင္ ဘုရား မုဒ္ဦးမွာ ေပါက္တာ။ လားရႈိးၿမိဳ႕အဝင္ We Love Lashio ဆိုင္းဘုတ္နား မွာ ျဖစ္တာပါ။ ဒါေပမယ့္ မ႑ပ္နားက ေဈးေရာင္းေနတဲ့ အကင္သည္ေတြကို ဗုံးစေတြ ထိမွန္ ေသဆုံးတယ္လို႔ ၾကားတယ္။” ဟု လားရႈိးေဒသခံတစ္ဦးျဖစ္သူက ေျပာသည္။

ထို႔အတူ “ဗုံးေပါက္တာက သုံးခ်က္၊ အုန္း ဆိုၿပီး အသံေတာ္ေတာ္ က်ယ္တယ္။ အဲဒီ ရန္တိုင္ေအာင္ဘုရားနားမွာ အစ္မတို႔ လားရႈိးၿမိဳ႕ ဗဟိုမ႑ပ္ရွိတယ္ေလ။ မ႑ပ္နဲ႔ အေတာ္ေလးနီးပါတယ္” ဟု လားရႈိးၿမိဳ႕တြင္ ေနထိုင္သူ အမ်ိဳးသမီးက NP News ကို ေျပာပါသည္။

မ႑ပ္ႏွင့္ ဘုရားအနီး ရပ္ထားသည့္ ကားသုံးစီးမွ ေပါက္ကြဲျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ဆိုသည္။

ေပါက္ကြဲမႈျဖစ္သည့္ေနရာသည္ လားရႈိးၿမိဳ႕အဝင္ We Love Lashio ဆိုင္းဘုတ္၏ အေနာက္ဘက္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

ျမန္မာသကၠရာဇ္ ၁၃၈၄ မွ ၁၃၈၅ ခုႏွစ္သို႔ ကူးေျပာင္းေနသည့္ ႐ိုးရာသၾကၤန္ပြဲေတာ္ကို ျပည္သူမ်ား ပါဝင္ဆင္ႏႊဲျခင္း မျပဳရန္ အၾကမ္းဖက္သမားမ်ားက နည္းမ်ိဳးစုံျဖင့္ ၿခိမ္းေျခာက္ေဖာက္ခြဲမႈမ်ားကို သၾကၤန္ပြဲေတာ္ မတိုင္မီ ရက္ပိုင္းအလိုကပင္ အင္တိုက္အားတိုက္လုပ္ေဆာင္ထားၾကၿပီး အာဏာပိုင္မ်ားက အၾကမ္းဖက္မႈမျဖစ္ပြားမီ ဖမ္းဆီးႏိုင္ခဲ့သည့္ျဖစ္စဥ္မ်ားလည္း ရန္ကုန္၊ မႏၲေလး ၿမိဳ႕ႀကီးမ်ား အပါအဝင္ တစ္ႏိုင္ငံလုံး အတိုင္းအတာႏွင့္ ျဖစ္ပြားခဲ့သည္။

ဧၿပီလ (၅) ရက္ေန႔က အင္းေလး ေရေပၚသၾကၤန္အား ေပါက္ကြဲအား ျပင္းထန္ သည့္ ယမ္းႏွင့္ မိုင္းမ်ားထည့္ထားသည့္ ၅ ဂါလံဆံ့ အဝါေရာင္ ဆီပုံးမ်ားျဖင့္ ေရေမွ်ာ၍ အေဝးထိန္းခလုတ္ျဖင့္ ေဖာက္ခြဲဖ်က္ဆီးရန္ ႀကံစည္ထားသူမ်ားကိုလည္း ဖမ္းဆီးရမိခဲ့သည္။

Picture

Wan Jaywan

13/04/2023 13:45

ဒီလို အျကမ္း ဖက္ လုပ္ ရပ္ ကို UN က သ ေဘာက် ပံု ဘဲ မကန့္ ကြက္ ဘူး ေနာ္

Picture

Pho Htaung

13/04/2023 18:04

သင်္ကြန်မဏ္ဍပ် တိုင်းမှာ နိုင်ငံခြားသားများကို ရှိစေချင်တယ် ဖိတ်ထားစေချင်တယ် သူတို့ထိမ သူတို့သိမယ်

Picture

L Mone

15/04/2023 05:59

ကုလသမဂ္ဂဆိုတာ အမေရိကန် ပြောသမျှ ထောက်ခံနေရတဲ့ အဖွဲ့ဆိုတော့ အခြားနိုင်ငံတွေအတွက် အလုပ်လုပ်ပေးနေတဲ့အဖွဲ့မဟုတ်တာတော့ သေချာနေပြီ..။အမေရိကန်က ကမ္ဘာကြီးကို စိုးမိုးဖို့အတွက် ကလုန်းအဖွဲ့အစည်းကို တည်ထောင်လိုက်တယ် ဆိုတဲ့ သဘောပါပဲ..။

Related news

© 2021. All rights reserved.