ဒူဘိုင်းမှာ လူနေတိုက်ခန်းတစ်ခန်း မီးလောင်မှုကြောင့် လူ ၁၆ ဦး သေဆုံး

 368

ရောင်နီ (NP News) - ဧပြီ ၁၈

အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊ ဒူဘိုင်းမြို့ဟောင်းရှိ ရပ်ကွက်တစ်ခုမှာ တိုက်ခန်းတစ်ခန်း မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၁၆ ဦးထက်မနည်းသေဆုံးပြီး၊ ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့ပါ တယ်။

အယ်လ်ရက်စ်ရပ်ကွက်ရှိ အဆောက်အဦး စတုတ္ထထပ်မှာ ဧပြီလ ၁၅ ရက်၊ စနေနေ့က မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒူဘိုင်းမြို့ပြကာကွယ်ရေးတပ်ဖွဲ့က ပဏာမစုံစမ်းစစ်ဆေးမှုများအရ မီးလောင်မှုဟာ အဆောက်အဦး ဘေးကင်းရေးနဲ့ လုံခြုံရေးလိုအပ်ချက်များကို လိုက်နာမှုအားနည်းခြင်းကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုပါတယ်။

"သက်ဆိုင်ရာအာဏာပိုင်တွေက မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး အသေးစိတ် အစီရင်ခံ စာထုတ်ပေးဖို့ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စု ခုနစ်နိုင်ငံအနက်မှ တစ်ခုဖြစ်တဲ့ ဒူဘိုင်းမှာ လူဦးရေ ၃.၃ သန်းခန့် နေထိုင်ပြီး ၉ဝ ရာခိုင်နှုန်းနီးပါးဟာ နိုင်ငံခြားသားများဖြစ်ကြပါတယ်။ ဒါကြောင့် သေဆုံးသူတွေဟာ နိုင်ငံခြားသားများ ဖြစ်နိုင်ဖွယ်ရှိပြီး မည်သည့်နိုင်ငံသားများဖြစ်တယ်ဆိုတာကတော့ မထုတ်ပြန်သေးပါဘူး။ မကြာသေးမီနှစ်များ အတွင်း ဒူဘိုင်းရှိ မိုးမျှော်တိုက်များနဲ့ ယူအေအီးရှိ အခြားသော အရှိန်အဟုန်ဖြင့် တိုးတက်နေတဲ့ မြို့များမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာကို မြင်တွေ့လာရပါတယ်။

၂ဝ၁၇ ခုနှစ်က မြို့တော်ရဲ့အကြီးဆုံး ဈေးဝယ်စင်တာအနီး ဆောက်လုပ်ဆဲ အထပ်မြင့်တစ်ခုမှာ မီးလောင်မှုကြီး ဖြစ်ပွားခဲ့သလို လွန်ခဲ့တဲ့နှစ်နှစ် နှစ်သစ်ကူးအကြိုနေ့က ဒူဘိုင်းရှိ ကြယ်ငါးပွင့်ဟိုတယ်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

Zawgyi Version;
ဒူဘိုင္းမွာ လူေနတိုက္ခန္းတစ္ခန္း မီးေလာင္မႈေၾကာင့္ လူ ၁၆ ဦး ေသဆုံး
ေရာင္နီ (NP News) - ဧၿပီ ၁၈

အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုႏိုင္ငံ၊ ဒူဘိုင္းၿမိဳ႕ေဟာင္းရွိ ရပ္ကြက္တစ္ခုမွာ တိုက္ခန္းတစ္ခန္း မီးေလာင္မႈ ျဖစ္ပြားခဲ့ရာ လူ ၁၆ ဦးထက္မနည္းေသဆုံးၿပီး၊ ကိုးဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ျပည္တြင္းမီဒီယာမ်ားက ေဖာ္ျပခဲ့ပါ တယ္။

အယ္လ္ရက္စ္ရပ္ကြက္ရွိ အေဆာက္အဦး စတုတၳထပ္မွာ ဧၿပီလ ၁၅ ရက္၊ စေနေန႔က မီးေလာင္မႈျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ ဒူဘိုင္းၿမိဳ႕ျပကာကြယ္ေရးတပ္ဖြဲ႕က ပဏာမစုံစမ္းစစ္ေဆးမႈမ်ားအရ မီးေလာင္မႈဟာ အေဆာက္အဦး ေဘးကင္းေရးနဲ႔ လုံၿခဳံေရးလိုအပ္ခ်က္မ်ားကို လိုက္နာမႈအားနည္းျခင္းေၾကာင့္ ျဖစ္ေပၚခဲ့ျခင္းျဖစ္ေၾကာင္း ဆိုပါတယ္။

"သက္ဆိုင္ရာအာဏာပိုင္ေတြက မေတာ္တဆမႈျဖစ္ပြားရတဲ့အေၾကာင္းရင္းနဲ႔ပတ္သက္ၿပီး အေသးစိတ္ အစီရင္ခံ စာထုတ္ေပးဖို႔ က်ယ္က်ယ္ျပန႔္ျပန႔္ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနပါတယ္” လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထား ပါတယ္။

အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု ခုနစ္ႏိုင္ငံအနက္မွ တစ္ခုျဖစ္တဲ့ ဒူဘိုင္းမွာ လူဦးေရ ၃.၃ သန္းခန္႔ ေနထိုင္ၿပီး ၉ဝ ရာခိုင္ႏႈန္းနီးပါးဟာ ႏိုင္ငံျခားသားမ်ားျဖစ္ၾကပါတယ္။ ဒါေၾကာင့္ ေသဆုံးသူေတြဟာ ႏိုင္ငံျခားသားမ်ား ျဖစ္ႏိုင္ဖြယ္ရွိၿပီး မည္သည့္ႏိုင္ငံသားမ်ားျဖစ္တယ္ဆိုတာကေတာ့ မထုတ္ျပန္ေသးပါဘူး။ မၾကာေသးမီႏွစ္မ်ား အတြင္း ဒူဘိုင္းရွိ မိုးေမွ်ာ္တိုက္မ်ားနဲ႔ ယူေအအီးရွိ အျခားေသာ အရွိန္အဟုန္ျဖင့္ တိုးတက္ေနတဲ့ ၿမိဳ႕မ်ားမွာ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့တာကို ျမင္ေတြ႕လာရပါတယ္။

၂ဝ၁၇ ခုႏွစ္က ၿမိဳ႕ေတာ္ရဲ႕အႀကီးဆုံး ေဈးဝယ္စင္တာအနီး ေဆာက္လုပ္ဆဲ အထပ္ျမင့္တစ္ခုမွာ မီးေလာင္မႈႀကီး ျဖစ္ပြားခဲ့သလို လြန္ခဲ့တဲ့ႏွစ္ႏွစ္ ႏွစ္သစ္ကူးအႀကိဳေန႔က ဒူဘိုင္းရွိ ၾကယ္ငါးပြင့္ဟိုတယ္တစ္ခု မီးေလာင္မႈျဖစ္ပြားခဲ့ ၿပီး လူအမ်ားအျပား ဒဏ္ရာရရွိခဲ့ပါတယ္။

Related news

© 2021. All rights reserved.