အစိုးရအဖွဲ့၏ ခွင့်ပြုမိန့်ပေါ်မူတည်၍ (၁)နှစ်လျှင် လျှပ်စစ်ကားအစီးရေ(၁ဝဝဝဝ)ခန့်ကိုသာ ရန်ကုန်လိုင်စင်ဖြင့် မှတ်ပုံတင် ခွင့်ပြုမည်

 885

ယွန်း (NP News) - ဧပြီ ၃ဝ

အစိုးရအဖွဲ့၏ ခွင့်ပြုမိန့်‌ပေါ်မူတည်၍ (၁)နှစ်လျှင် လျှပ်စစ်ကားအစီးရေ(၁ဝဝဝဝ)ခန့်ကိုသာ ရန်ကုန်လိုင်စင်ဖြင့် မှတ်ပုံတင် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဒုညွှန်ကြားရေးမှူး ဒေါ်ခိုင်ဇာခြည်လင်းက ယနေ့(ဧပြီ ၂၉ ရက်) တွင် ထုတ်ပြန်သော နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ အသိပေး ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်လိုင်စင် ရယူချင်တယ်ဆိုရင်တော့ ကန့်သတ်ချက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုနိုင်မှု အပေါ်မူတည်ပြီး တစ်နှစ်မှာ လျှပ်စစ်သုံး မော်တော်ယာဉ်အစီးရေ စုစုပေါင်း ၁ဝဝဝဝ ခန့်သာ ရန်ကုန်လိုင်စင်နဲ့ မှတ်ပုံတင် ခွင့်ပြုသွားမှာဖြစ်ပါတယ်” ဟု ဒေါခိုင်ဇာခြည်လင်းမှ ဆိုသည်။

ထို့ကြောင့် ရန်ကုန်နံပါတ်ဖြင့် မှတ်ပုံတင်ချင်သူများအနေဖြင့် ယာဥ်ဟောင်းအပ်နှံစလစ်(ပုံစံ-ဃ) ကို တင်ပြရန်လိုအပ် ကြောင်း သိရပြီး၊ လက်ရှိ ၂ဝ၂၃ ခုနှစ် pilot project ကာလတွင် EV-Taxi ယာဥ်များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တို့တွင် စီး‌ရေခွဲ၍ မှတ်ပုံတင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မန္တလေးနှင့် နေပြည်တော်တို့ရှိ Taxi ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်မည့် EV-Taxi ယာဥ်များ အနေဖြင့် သက်ဆိုင်ရာ မန္တလေး၊ နေပြည်တော် နံပါတ်များဖြင့်သာ မှတ်ပုံတင်ခွင့် ရရှိမည်ဖြစ်သည်။

အဆိုပါ EV-Taxi ယာဥ်များအနက် ရန်ကုန်မြို့အတွင်း Taxi ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ရန် တင်သွင်းခွင့်ပြုထားသည့် EV-Taxi ယာဥ်များကို(ပုံစံ-ဃ) စလစ် မလိုအပ်ဘဲ ရန်ကုန်လိုင်စင်ခွင့်ပြု ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ကုမ္ပဏီများမှ ပြန်လည်ရောင်းချရန် တင်သွင်းလာသည့် Taxi ယာဥ်များထဲမှ ရန်ကုန်လိုင်စင် လိုချင်သည့် ယာဥ်များ အပါအဝင် EV ကိုယ်ပိုင်လူစီးယာဥ်များ၊ EVခရီးသည်တင်များသည်လည်း ပုံစံ-ဃ စလစ်တင်ပြရန်လို ကြောင်း ဒေါ်ခိုင်ဇာခြည်လင်းမှ ဆက်လက် အသိပေးပြောဆိုထားသည်။

“ကုမ္ပဏီတွေက ပြန်လည်ရောင်းချဖို့ တင်သွင်းလာတဲ့ Taxi ယာဉ်တွေအနက် ရန်ကုန်လိုင်စင် လိုချင်တယ်ဆိုရင် “ဃ” စလစ်လိုအပ်မှာ ဖြစ်ပါတယ်။ ထို့အတူ ကျန် EV-Taxi ၊ EV ကိုယ်ပိုင် လူစီး ယာဉ်တွေ၊ EV ခရီးသည်တင်ယာဉ်တွေနဲ့ EV Delivery ယာဉ်တွေ အားလုံးအတွက်လည်း(ပုံစံ-ဃ) စလစ် တင်ပြမှသာ ရန်ကုန်လိုင်စင် ခွင့်ပြုသွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်ခိုင်ဇာခြည်လင်းမှ ဆိုသည်။

သို့သော် လျှပ်စစ်သုံးယာဥ်များကို ပဲခူးလိပ်စာဖြင့် မှတ်ပုံတင်သူများသည် ယာဥ်အိုယာဥ်ဟောင်း အပ်နှံစလစ် (ပုံစံ-ဃ) တင်ပြရန် မလိုသော်လည်း ပဲခူးတိုင်းတွင် အမှန်တကယ်နေထိုင်ခြင်းရှိမှသာ ပဲခူးလိုင်စင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နစကအနေဖြင့် ရန်ကုန်မြို့တွင်း ယာဥ်ကြောပိတ်ဆို့မှု လျော့နည်းစေရေးနှင့် အတည်ပြုထုတ်ပြန်ပြီးဖြစ်သော EVနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒအရ ၂ဝ၅ဝ ပြည့်နှစ်တွင် လျှပ်စစ်သုံးယာဥ် အသုံးပြုမှု (၁ဝဝ) ရာခိုင်နှုန်း ဖြစ်စေရေးကို မျှော်မှန်းလျက်ရှိသည်။

Zawgyi Version;
အစိုးရအဖြဲ႕၏ ခြင့္ျပဳမိန႔္ေပၚမူတည္၍ (၁)ႏွစ္လွ်င္ လွ်ပ္စစ္ကားအစီးေရ(၁ဝဝဝဝ)ခန႔္ကိုသာ ရန္ကုန္လိုင္စင္ျဖင့္ မွတ္ပုံတင္ ခြင့္ျပဳမည္
ယြန္း (NP News) - ဧၿပီ ၃ဝ

အစိုးရအဖြဲ႕၏ ခြင့္ျပဳမိန႔္‌ေပၚမူတည္၍ (၁)ႏွစ္လွ်င္ လွ်ပ္စစ္ကားအစီးေရ(၁ဝဝဝဝ)ခန႔္ကိုသာ ရန္ကုန္လိုင္စင္ျဖင့္ မွတ္ပုံတင္ ခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ကုန္လမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန၊ ဒုၫႊန္ၾကားေရးမႉး ေဒၚခိုင္ဇာျခည္လင္းက ယေန႔(ဧၿပီ ၂၉ ရက္) တြင္ ထုတ္ျပန္ေသာ ႏိုင္ငံပိုင္သတင္းစာတြင္ အထက္ပါကဲ့သို႔ အသိေပး ေျပာဆိုခဲ့ျခင္းျဖစ္သည္။

“ရန္ကုန္လိုင္စင္ ရယူခ်င္တယ္ဆိုရင္ေတာ့ ကန႔္သတ္ခ်က္ရွိပါတယ္။ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရဲ႕ ခြင့္ျပဳႏိုင္မႈ အေပၚမူတည္ၿပီး တစ္ႏွစ္မွာ လွ်ပ္စစ္သုံး ေမာ္ေတာ္ယာဥ္အစီးေရ စုစုေပါင္း ၁ဝဝဝဝ ခန႔္သာ ရန္ကုန္လိုင္စင္နဲ႔ မွတ္ပုံတင္ ခြင့္ျပဳသြားမွာျဖစ္ပါတယ္” ဟု ေဒါခိုင္ဇာျခည္လင္းမွ ဆိုသည္။

ထို႔ေၾကာင့္ ရန္ကုန္နံပါတ္ျဖင့္ မွတ္ပုံတင္ခ်င္သူမ်ားအေနျဖင့္ ယာဥ္ေဟာင္းအပ္ႏွံစလစ္(ပုံစံ-ဃ) ကို တင္ျပရန္လိုအပ္ ေၾကာင္း သိရၿပီး၊ လက္ရွိ ၂ဝ၂၃ ခုႏွစ္ pilot project ကာလတြင္ EV-Taxi ယာဥ္မ်ားကို ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္ တို႔တြင္ စီး‌ေရခြဲ၍ မွတ္ပုံတင္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ မႏၲေလးႏွင့္ ေနျပည္ေတာ္တို႔ရွိ Taxi ဝန္ေဆာင္မႈ လုပ္ငန္းေဆာင္႐ြက္မည့္ EV-Taxi ယာဥ္မ်ား အေနျဖင့္ သက္ဆိုင္ရာ မႏၲေလး၊ ေနျပည္ေတာ္ နံပါတ္မ်ားျဖင့္သာ မွတ္ပုံတင္ခြင့္ ရရွိမည္ျဖစ္သည္။

အဆိုပါ EV-Taxi ယာဥ္မ်ားအနက္ ရန္ကုန္ၿမိဳ႕အတြင္း Taxi ဝန္ေဆာင္မႈ လုပ္ငန္းေဆာင္႐ြက္ရန္ တင္သြင္းခြင့္ျပဳထားသည့္ EV-Taxi ယာဥ္မ်ားကို(ပုံစံ-ဃ) စလစ္ မလိုအပ္ဘဲ ရန္ကုန္လိုင္စင္ခြင့္ျပဳ ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သို႔ရာတြင္ ကုမၸဏီမ်ားမွ ျပန္လည္ေရာင္းခ်ရန္ တင္သြင္းလာသည့္ Taxi ယာဥ္မ်ားထဲမွ ရန္ကုန္လိုင္စင္ လိုခ်င္သည့္ ယာဥ္မ်ား အပါအဝင္ EV ကိုယ္ပိုင္လူစီးယာဥ္မ်ား၊ EVခရီးသည္တင္မ်ားသည္လည္း ပုံစံ-ဃ စလစ္တင္ျပရန္လို ေၾကာင္း ေဒၚခိုင္ဇာျခည္လင္းမွ ဆက္လက္ အသိေပးေျပာဆိုထားသည္။

“ကုမၸဏီေတြက ျပန္လည္ေရာင္းခ်ဖို႔ တင္သြင္းလာတဲ့ Taxi ယာဥ္ေတြအနက္ ရန္ကုန္လိုင္စင္ လိုခ်င္တယ္ဆိုရင္ “ဃ” စလစ္လိုအပ္မွာ ျဖစ္ပါတယ္။ ထို႔အတူ က်န္ EV-Taxi ၊ EV ကိုယ္ပိုင္ လူစီး ယာဥ္ေတြ၊ EV ခရီးသည္တင္ယာဥ္ေတြနဲ႔ EV Delivery ယာဥ္ေတြ အားလုံးအတြက္လည္း(ပုံစံ-ဃ) စလစ္ တင္ျပမွသာ ရန္ကုန္လိုင္စင္ ခြင့္ျပဳသြားမွာ ျဖစ္ပါတယ္” ဟု ေဒၚခိုင္ဇာျခည္လင္းမွ ဆိုသည္။

သို႔ေသာ္ လွ်ပ္စစ္သုံးယာဥ္မ်ားကို ပဲခူးလိပ္စာျဖင့္ မွတ္ပုံတင္သူမ်ားသည္ ယာဥ္အိုယာဥ္ေဟာင္း အပ္ႏွံစလစ္ (ပုံစံ-ဃ) တင္ျပရန္ မလိုေသာ္လည္း ပဲခူးတိုင္းတြင္ အမွန္တကယ္ေနထိုင္ျခင္းရွိမွသာ ပဲခူးလိုင္စင္ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

နစကအေနျဖင့္ ရန္ကုန္ၿမိဳ႕တြင္း ယာဥ္ေၾကာပိတ္ဆို႔မႈ ေလ်ာ့နည္းေစေရးႏွင့္ အတည္ျပဳထုတ္ျပန္ၿပီးျဖစ္ေသာ EVႏွင့္ ဆက္စပ္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးမူဝါဒအရ ၂ဝ၅ဝ ျပည့္ႏွစ္တြင္ လွ်ပ္စစ္သုံးယာဥ္ အသုံးျပဳမႈ (၁ဝဝ) ရာခိုင္ႏႈန္းျဖစ္ေစေရးကို ေမွ်ာ္မွန္းလ်က္ရွိသည္။

Related news

© 2021. All rights reserved.