တောင်ကိုရီးယား MC ယိုဂျယ်ဆော့ခ် ဒေါ်လာ ၁၄.၄ သန်းတန် ၇ ထပ်တိုက် အဆောက်အအုံ အိမ်ခြံမြေ ဆောက်လုပ်ဖို့ပြင်ဆင်နေ

 126

ရောင်နီ (NP News) - စက်တင်ဘာ ၁၄
စက်တင်ဘာလ ၁၃ ရက်နေ့က KST အိမ်ခြံမြေလုပ်ငန်းရဲ့ အဆိုအရ တောင်ကိုရီးယား၊ MC / ဟာသ သရုပ်ဆောင် ယိုဂျယ်ဆော့ခ်ဟာ ဝမ်၂ဝ ဘီလီယံ (ဒေါ်လာ ၁၄.၄ သန်း) တန် အိမ်ရာဆောက်လုပ်ဖို့အတွက် ဝမ် ၇.၇ ဘီလီယံ ချေးငွေယူခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ အွန်ယန်းဒုန်မှာ တည်ရှိတဲ့ အဲဒီ အိမ်ခြံမြေဟာ ၅၇၃.၇ စတုရန်းမီတာ အကျယ်ရှိမှာဖြစ်ပြီး မြေဧရိယာ စုစုပေါင်း ၁,၆၅၃.၅၅ စတုရန်းမီတာ ကျယ်ဝန်းတဲ့ မြေပေါ်မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ အဲဒီမြေနေရာကို ယိုဂျယ်ဆော့ခ်က ၂၀၂၃ ခုနှစ် ဇွန်လမှာ သီးခြားအရောင်းအဝယ်နှစ်ခုနဲ့ ဝယ်ယူခဲ့ တာဖြစ်ပြီး အဲဒီနှစ်နိုဝင်ဘာလမှာပဲ ၎င်းရဲ့အိမ်ခြံမြေလုပ်ငန်း 'JS607' မှတစ်ဆင့် အဆောက်အဦ ဆောက်လုပ်ခွင့် ပါမစ် ရရှိခဲ့တာဖြစ်ပါတယ်။ စတင်ဆောက်လုပ်တာကတော့ ယမန်နှစ် မေလက စခဲ့တာဖြစ်ပြီး အဆောက်အဦမှာ မြေပေါ် အထပ် ၄ ထပ်၊ မြေအောက် အထပ် ၃ ထပ် ပါဝင်မှာဖြစ်ပြီး လာမယ့်နှစ် ဖေဖော်ဝါရီလမှာ အပြီးတည်ဆောက်သွားမယ်လို့ သိရပါတယ်။
တောင်ကိုရီးယားရဲ့ Nation MC လို့ တင်စားရတဲ့ ယိုဂျယ်ဆော့ခ်ဟာ အွန်ယန်းဒုန်မှာ ဝမ် ၈.၇ ဘီလီယံ (ဒေါ်လာ ၆.၂ သန်း) တန် penthouse တစ်လုံးနဲ့ ဝမ် ၇ ဘီလီယံ တန်ဖိုးရှိတဲ့ တိုက်ခန်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယား MC ယိုဂ်ယ္ေဆာ့ခ္ ေဒၚလာ ၁၄.၄ သန္းတန္ ၇ ထပ္တိုက္ အေဆာက္အအုံ အိမ္ၿခံေျမ ေဆာက္လုပ္ဖို႔ျပင္ဆင္ေန
ေရာင္နီ (NP News) - စက္တင္ဘာ ၁၄
စက္တင္ဘာလ ၁၃ ရက္ေန႔က KST အိမ္ၿခံေျမလုပ္ငန္းရဲ႕ အဆိုအရ ေတာင္ကိုရီးယား၊ MC / ဟာသ သ႐ုပ္ေဆာင္ ယိုဂ်ယ္ေဆာ့ခ္ဟာ ဝမ္၂ဝ ဘီလီယံ (ေဒၚလာ ၁၄.၄ သန္း) တန္ အိမ္ရာေဆာက္လုပ္ဖို႔အတြက္ ဝမ္ ၇.၇ ဘီလီယံ ေခ်းေငြယူခဲ့တယ္လို႔ သိရပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕၊ အြန္ယန္းဒုန္မွာ တည္ရွိတဲ့ အဲဒီ အိမ္ၿခံေျမဟာ ၅၇၃.၇ စတုရန္းမီတာ အက်ယ္ရွိမွာျဖစ္ၿပီး ေျမဧရိယာ စုစုေပါင္း ၁,၆၅၃.၅၅ စတုရန္းမီတာ က်ယ္ဝန္းတဲ့ ေျမေပၚမွာ တည္ေဆာက္မွာ ျဖစ္ပါတယ္။ အဲဒီေျမေနရာကို ယိုဂ်ယ္ေဆာ့ခ္က ၂၀၂၃ ခုႏွစ္ ဇြန္လမွာ သီးျခားအေရာင္းအဝယ္ႏွစ္ခုနဲ႔ ဝယ္ယူခဲ့ တာျဖစ္ၿပီး အဲဒီႏွစ္ႏိုဝင္ဘာလမွာပဲ ၎ရဲ႕အိမ္ၿခံေျမလုပ္ငန္း 'JS607' မွတစ္ဆင့္ အေဆာက္အဦ ေဆာက္လုပ္ခြင့္ ပါမစ္ ရရွိခဲ့တာျဖစ္ပါတယ္။ စတင္ေဆာက္လုပ္တာကေတာ့ ယမန္ႏွစ္ ေမလက စခဲ့တာျဖစ္ၿပီး အေဆာက္အဦမွာ ေျမေပၚ အထပ္ ၄ ထပ္၊ ေျမေအာက္ အထပ္ ၃ ထပ္ ပါဝင္မွာျဖစ္ၿပီး လာမယ့္ႏွစ္ ေဖေဖာ္ဝါရီလမွာ အၿပီးတည္ေဆာက္သြားမယ္လို႔ သိရပါတယ္။
ေတာင္ကိုရီးယားရဲ႕ Nation MC လို႔ တင္စားရတဲ့ ယိုဂ်ယ္ေဆာ့ခ္ဟာ အြန္ယန္းဒုန္မွာ ဝမ္ ၈.၇ ဘီလီယံ (ေဒၚလာ ၆.၂ သန္း) တန္ penthouse တစ္လုံးနဲ႔ ဝမ္ ၇ ဘီလီယံ တန္ဖိုးရွိတဲ့ တိုက္ခန္းတစ္ခုကိုလည္း ပိုင္ဆိုင္ထားပါတယ္။

Related news

© 2021. All rights reserved.