အမေရိကန် တင်းနစ်ကစားသမားအကျော်အမော် ဆရီနာဝီလီယံ က Met Gala ကော်ဇောနီထက်မှာ သူမ ဒုတိယကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း အရိပ်အမြွတ်ပြောကာ အသိပေး

738

ရောင်နီ (NP News) - မေ ၂
ကမောကျော် တင်းနစ်အကျော်အမော် အမေရိကန်ကစားသမား ဆရီနာဝီလီယံ ဟာ သူမရဲ့ဒုတိယမြောက် ရင်သွေးလေး လွယ်ထားရကြောင်း နယူးယောက်မြို့ ကျင်းပတဲ့ Met Gala ပွဲ မေလ ၂ ရက်မှာ သတင်းထောက်တွေကို အရိပ်အမြွတ် ပြောကြားအသိပေးခဲ့ပါတယ်။
သူမဟာ ခင်ပွန်းဖြစ်သူ အဲလက်ဇီအိုဟန်နီယန်နဲ့ ကော်ဇော်နီပေါ်မှာ ရပ်တန့်ကာ “ကျွန်မတို့ သုံးယောက်ဖြစ်ပါတယ်” လို့ သူမကိုယ်ဝန်ရှိနေကြောင်းကို အရိပ်အမြွတ်ပြောပြခဲ့ပါတယ်။ ၂၃ ကြိမ်မြောက် major winner ဖြစ်ခဲ့တဲ့ ဝီလီယံ ဟာ ၂ဝ၁၇ ခုနှစ်မှာ သမီးဖြစ်သူ အိုလံပီယာကို မွေးဖွားခဲ့တာဖြစ်ပြီး ယခု ၂ဝ၂၃ ခုနှစ်မှာ ဒုတိယကိုယ်ဝန်ကို လွယ်ထားရတာ ဖြစ်ပါတယ်။
"Met Gala တွဲဖက်ဥက္ကဋ္ဌ အန်နာဝစ်တောက ကျွန်မတို့ ၃ ယောက်ကို Met Gala ကို ဖိတ်ကြားလိုက်တာ အရမ်းစိတ်လှုပ်ရှား မိပါတယ်" လို့ ဝီလီယံ က မေလ ၁ ရက်၊ ညနေခင်းက တင်ခဲ့တဲ့ TikTok ပို့စ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ Vogue အယ်ဒီတာချုပ်နဲ့ Met Gala တွဲဖက်ဥက္ကဌ Wintour ရဲ့ ကာလကြာရှည်မိတ်ဆွေဖြစ်တဲ့ ဝီလီယံ ဟာ Metropolitan Museum of Art's Costume Institute ကို အကျိုးပြုဖို့အတွက် နှစ်စဉ်ကျင်းပနေကျ Met Gala ပွဲကို တက်ရောက်သူဖြစ်ပြီး ယခုနှစ်မှာတော့ သူမဟာ အနက်ရောင်ဝတ်စုံကို အဖြူရောင်စကတ်ကို တွဲစပ်ဝတ်ဆင်ကာ ပွဲတက်လာခဲ့ပါတယ်။ သူမဟာ Met Gala ပွဲကို ပူးတွဲသဘာပတိအဖြစ် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
အေမရိကန္ တင္းနစ္ကစားသမားအေက်ာ္အေမာ္ ဆရီနာဝီလီယံ က Met Gala ေကာ္ေဇာနီထက္မွာ သူမ ဒုတိယကိုယ္ဝန္ လြယ္ထားရၿပီျဖစ္ေၾကာင္း အရိပ္အႁမြတ္ေျပာကာ အသိေပး
ေရာင္နီ (NP News) - ေမ ၂
ကေမာေက်ာ္ တင္းနစ္အေက်ာ္အေမာ္ အေမရိကန္ကစားသမား ဆရီနာဝီလီယံ ဟာ သူမရဲ႕ဒုတိယေျမာက္ ရင္ေသြးေလး လြယ္ထားရေၾကာင္း နယူးေယာက္ၿမိဳ႕ က်င္းပတဲ့ Met Gala ပြဲ ေမလ ၂ ရက္မွာ သတင္းေထာက္ေတြကို အရိပ္အႁမြတ္ ေျပာၾကားအသိေပးခဲ့ပါတယ္။
သူမဟာ ခင္ပြန္းျဖစ္သူ အဲလက္ဇီအိုဟန္နီယန္နဲ႔ ေကာ္ေဇာ္နီေပၚမွာ ရပ္တန္႔ကာ “ကြၽန္မတို႔ သုံးေယာက္ျဖစ္ပါတယ္” လို႔ သူမကိုယ္ဝန္ရွိေနေၾကာင္းကို အရိပ္အႁမြတ္ေျပာျပခဲ့ပါတယ္။ ၂၃ ႀကိမ္ေျမာက္ major winner ျဖစ္ခဲ့တဲ့ ဝီလီယံ ဟာ ၂ဝ၁၇ ခုႏွစ္မွာ သမီးျဖစ္သူ အိုလံပီယာကို ေမြးဖြားခဲ့တာျဖစ္ၿပီး ယခု ၂ဝ၂၃ ခုႏွစ္မွာ ဒုတိယကိုယ္ဝန္ကို လြယ္ထားရတာ ျဖစ္ပါတယ္။
"Met Gala တြဲဖက္ဥကၠ႒ အန္နာဝစ္ေတာက ကြၽန္မတို႔ ၃ ေယာက္ကို Met Gala ကို ဖိတ္ၾကားလိုက္တာ အရမ္းစိတ္လႈပ္ရွား မိပါတယ္" လို႔ ဝီလီယံ က ေမလ ၁ ရက္၊ ညေနခင္းက တင္ခဲ့တဲ့ TikTok ပို႔စ္တစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။ Vogue အယ္ဒီတာခ်ဳပ္နဲ႔ Met Gala တြဲဖက္ဥကၠဌ Wintour ရဲ႕ ကာလၾကာရွည္မိတ္ေဆြျဖစ္တဲ့ ဝီလီယံ ဟာ Metropolitan Museum of Art's Costume Institute ကို အက်ိဳးျပဳဖို႔အတြက္ ႏွစ္စဥ္က်င္းပေနက် Met Gala ပြဲကို တက္ေရာက္သူျဖစ္ၿပီး ယခုႏွစ္မွာေတာ့ သူမဟာ အနက္ေရာင္ဝတ္စုံကို အျဖဴေရာင္စကတ္ကို တြဲစပ္ဝတ္ဆင္ကာ ပြဲတက္လာခဲ့ပါတယ္။ သူမဟာ Met Gala ပြဲကို ပူးတြဲသဘာပတိအျဖစ္ တက္ေရာက္ခဲ့တာျဖစ္ပါတယ္။