စစ်တွေမြို့ရှိ ခြုံတောတစ်ခုတွင် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ

 884

စော (NP News) - မေ ၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ခြုံတောတစ်ခုအတွင်း အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအလောင်းကို ယနေ့ (မေလ ၃ ရက်)၊ နံနက် (၁၁)နာရီခွဲအချိန်တွင် ကမ်းခြေအနီး ကြည်နူးရိပ်စားသောက်ဆိုင်အနီး၌ အထက်ပါကဲ့သို့တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရွှေရောင်မေတ္တာဖောင် ဒေးရှင်း လူမှုကူညီရေးအသင်း(စစ်တွေ)မှ သိရသည်။

“သူကို ခြုံထဲမှာတွေ့တာပါ။ မိသားစုနဲ့အဆက်အသွယ်တော့ရပါပြီ။ ပေါက်တောမှာ နေတာပါ။ ဘာကြောင့် အဲဒီလိုဖြစ်တာလဲတော့ ကျွန်တော်မသိပါဘူး”ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်း (စစ်တွေ)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

သေဆုံးသူအမျိုးသားသည် စည်သူထွန်း၊ အသက်(၂ဝ)နှစ်ဖြစ်ပြီး ပေါက်တောတွင် နေထိုင်သူဖြစ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်း(စစ်တွေ)မှဆိုသည်။

လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား စစ်တွေပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
စစ္ေတြၿမိဳ႕ရွိ ၿခဳံေတာတစ္ခုတြင္ အမ်ိဳးသားအေလာင္းတစ္ေလာင္းေတြ႕ရွိ

ေစာ (NP News) - ေမ ၃

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ရွိ ၿခဳံေတာတစ္ခုအတြင္း အမ်ိဳးသား အေလာင္းတစ္ေလာင္း ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါအေလာင္းကို ယေန႔ (ေမလ ၃ ရက္)၊ နံနက္ (၁၁)နာရီခြဲအခ်ိန္တြင္ ကမ္းေျခအနီး ၾကည္ႏူးရိပ္စားေသာက္ဆိုင္အနီး၌ အထက္ပါကဲ့သို႔ေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း ေ႐ႊေရာင္ေမတၱာေဖာင္ ေဒးရွင္း လူမႈကူညီေရးအသင္း(စစ္ေတြ)မွ သိရသည္။

“သူကို ၿခဳံထဲမွာေတြ႕တာပါ။ မိသားစုနဲ႔အဆက္အသြယ္ေတာ့ရပါၿပီ။ ေပါက္ေတာမွာ ေနတာပါ။ ဘာေၾကာင့္ အဲဒီလိုျဖစ္တာလဲေတာ့ ကြၽန္ေတာ္မသိပါဘူး”ဟု ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္း လူမႈကူညီေရးအသင္း (စစ္ေတြ)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ေသဆုံးသူအမ်ိဳးသားသည္ စည္သူထြန္း၊ အသက္(၂ဝ)ႏွစ္ျဖစ္ၿပီး ေပါက္ေတာတြင္ ေနထိုင္သူျဖစ္ေၾကာင္း ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္း လူမႈကူညီေရးအသင္း(စစ္ေတြ)မွဆိုသည္။

လက္ရွိတြင္ ၎၏႐ုပ္အေလာင္းအား စစ္ေတြျပည္သူ႔ေဆး႐ုံႀကီးရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.