မူကြိုအရွယ်ကလေးငယ်တစ်ဦး ကျောင်းကားပေါ်တွင် ပိတ်မိသေဆုံးမှု မှော်ဘီမြို့နယ်၌ဖြစ်ပွား

 4716

Pearl (NP News) - မေ ၅

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် မူကြိုအရွယ်ကလေးငယ်တစ်ဦး ကျောင်းကားပေါ်တွင် ပိတ်မိခဲ့ကာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မေလ ၄ ရက်)တွင် မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာ၊ မြိုင်သာယာရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်ရှိ မူကြိုကျောင်းတွင် တက်ရောက်နေသည့် ကလေးငယ်တစ်ဦးသည် ကျောင်းကားပေါ်၌ ရေဗူးကျန်ခဲ့၍ပြန်ယူရာမှ ကားပေါ်မှာပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။

ကလေးငယ်ရေဗူးယူနေစဥ်အချိန်တွင် ယာဉ်မောင်းအမျိုးသားက ကလေးဆင်းသွားပြီအထင်ဖြင့် ကားအားလော့ချ၍ နေပူထဲတွင် ရပ်ထားခဲ့ကြောင်းသိရသည်။

"ဘေးပတ်ဝန်းကျင်ကပြောတာတော့ ကျောင်းက ၉ နာရီလောက်ကို လာခေါ်တယ်၊ ကလေးပြန်မလာတော့ သူ့အမေက ဖုန်းဆက်တော့မှ အဲဒီလိုဖြစ်နေမှန်းသိတာလို့ပြောတယ်။ ကျောင်းကတော့ ဘာသာရေးအရ ချင်းက ဖွင့်ထားတဲ့ကျောင်း" ဟု ဒေသခံသတင်းအရင်းအမြစ်မှ NP News ကို အတည်ပြုပြောဆိုထားသည်။

ဖြစ်စဉ်ကြောင့် အဆိုပါကလေးငယ်သည် ကားပေါ်တွင် သေဆုံးသွားခဲ့ပြီး ကလေး၏ အသားအရေများလည်း ကွဲအက်နေခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် အဆိုပါ ရပ်ကွက်တွင် နေထိုင်သော အသက်(၅)နှစ်ခွဲအရွယ် ယောက်ျားလေးတစ်ဦးဖြစ်ပြီး လက်ရှိတွင် ၎င်းရုပ်အလောင်းအား သင်္ဂြိုလ်ရန်အတွက် တောင်ငူသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

zawgyi version
မူႀကိဳအ႐ြယ္ကေလးငယ္တစ္ဦး ေက်ာင္းကားေပၚတြင္ ပိတ္မိေသဆုံးမႈ ေမွာ္ဘီၿမိဳ႕နယ္တြင္ ျဖစ္ပြား
Pearl (NP News) - ေမ ၅

ရန္ကုန္တိုင္း၊ ေမွာ္ဘီၿမိဳ႕နယ္တြင္ မူႀကိဳအ႐ြယ္ကေလးငယ္တစ္ဦး ေက်ာင္းကားေပၚတြင္ ပိတ္မိခဲ့ကာ ေသဆုံးသြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ေမလ ၄ ရက္)တြင္ ေမွာ္ဘီၿမိဳ႕နယ္၊ ဆပ္သြားေတာေက်း႐ြာ၊ ၿမိဳင္သာယာရပ္ကြက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ရပ္ကြက္ရွိ မူႀကိဳေက်ာင္းတြင္ တက္ေရာက္ေနသည့္ ကေလးငယ္တစ္ဦးသည္ ေက်ာင္းကားေပၚ၌ ေရဗူးက်န္ခဲ့၍ျပန္ယူရာမွ ကားေပၚမွာပိတ္မိေနခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံသတင္းအရင္းအျမစ္တစ္ဦးထံမွ သိရသည္။

ကေလးငယ္ေရဗူးယူေနစဥ္အခ်ိန္တြင္ ယာဥ္ေမာင္းအမ်ိဳးသားက ကေလးဆင္းသြားၿပီအထင္ျဖင့္ ကားအားေလာ့ခ်၍ ေနပူထဲတြင္ ရပ္ထားခဲ့ေၾကာင္းသိရသည္။

"ေဘးပတ္ဝန္းက်င္ကေျပာတာေတာ့ ေက်ာင္းက ၉ နာရီေလာက္ကို လာေခၚတယ္၊ ကေလးျပန္မလာေတာ့ သူ႔အေမက ဖုန္းဆက္ေတာ့မွ အဲဒီလိုျဖစ္ေနမွန္းသိတာလို႔ေျပာတယ္။ ေက်ာင္းကေတာ့ ဘာသာေရးအရ ခ်င္းက ဖြင့္ထားတဲ့ေက်ာင္း" ဟု ေဒသခံသတင္းအရင္းအျမစ္မွ NP News ကို အတည္ျပဳေျပာဆိုထားသည္။

ျဖစ္စဥ္ေၾကာင့္ အဆိုပါကေလးငယ္သည္ ကားေပၚတြင္ ေသဆုံးသြားခဲ့ၿပီး ကေလး၏ အသားအရည္မ်ားလည္း ကြဲအက္ေနခဲ့ေၾကာင္း သိရသည္။

ေသဆုံးသူသည္ အဆိုပါ ရပ္ကြက္တြင္ ေနထိုင္ေသာ အသက္(၅)ႏွစ္ခြဲအ႐ြယ္ ေယာက္်ားေလးတစ္ဦးျဖစ္ၿပီး လက္ရွိတြင္ ၎႐ုပ္အေလာင္းအား သၿဂႋဳလ္ရန္အတြက္ ေတာင္ငူသို႔ ေခၚေဆာင္သြားေၾကာင္း သိရသည္။

Picture

Ven Pannajota

05/05/2023 12:08

ပညာရေးအကြောင်းပြပြီး ဘာသာရေးသင်းသွင်းနေတဲ့ ကျောင်းမျိုးပါ

Related news

© 2021. All rights reserved.