ကမ္ဘာကြီးကို နှစ်ခြမ်းကွဲအောင်လုပ်ဆောင်နေခြင်းတွေကို ချုပ်တည်းစေလိုကြောင်း G7 အဖွဲ့ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် သတိပေး

1079

ဂျန်ဇက် (NP News) - မေ ၂၁
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က G7 အဖွဲ့ဝင်နိုင်ငံများအနေနဲ့ ကမ္ဘာကြီးကို နှစ်ခြမ်းကွဲမယ့် လုပ်ရပ်များ လုပ်ဆောင်ခြင်းမျိုးတွေကို မလုပ်ဆောင်စေလိုကြောင်း၊ ကမ္ဘာ့နိုင်ငံများကို အမေရိကန် ဒါမှမဟုတ် တရုတ်နိုင်ငံဘက်က ရပ်တည်ရမယ့် အခြေနေမျိုးဖြစ်အောင် လုပ်ဆောင်ခြင်းမှ ချုပ်တည်းစေလိုကြောင်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
G7 အဖွဲ့ဝင်နိုင်ငံများဟာ မေလ ၂ဝ ရက်က ဂျပန်နိုင်ငံမှာ ထိပ်သီးအစည်းအဝေးကျင်းပခဲ့ပြီး အမေရိကန်၊ အီတလီ၊ ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ ဂျပန်၊ ဗြိတိန်နိုင်ငံတို့က ခေါင်းဆောင်များတက်ရောက်ခဲ့ပြီးနောက် ဂူတာရက်စ်က အခုလိုမျိုးသတိပေးခဲ့တာဖြစ်ပါတယ်။ G7 အဖွဲ့ဝင်နိုင်ငံများဟာ ရုရှားနဲ့ တရုတ်နိုင်ငံကို အဓိကထားရည်ရွယ်တဲ့ နျူကလီးယားလက်နက်ဆိုင်ရာ ထုတ်ပြန်ချက်များ ပူးတွဲထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။ ဂူတာရက်စ်က G7 အဖွဲ့ဝင် နိုင်ငံများနဲ့ တရုတ်နိုင်ငံတို့အနေနဲ့ ရာသီဥတု ပြောင်းလဲမှုတွေကိုတိုက်ဖျက်ဖို့ နဲ့ ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်မှုများအတွက် ပူးပေါင်းဆောင်ရွက်ဖို့ တက်ကြွစွာတွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်စေလိုကြောင်း တိုက်တွန်းတောင်းဆိုထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က "လက်ရှိအချိန်မှာ ကမ္ဘာကြီး နှစ်ခြမ်းကွဲမယ့် အခြေအနေမျိုးကို ရှောင်ရှားဖို့ အလွန်အရေးကြီးနေတယ်။ ဒါ့ပြင် အရေးကြီးတဲ့တွေ့ဆုံဆွေးနွေးမှုများလုပ်ဖို့လည်း အလွန်အရေးကြီးနေတယ်" လို့ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း အနောက်အုပ်စုနိုင်ငံများနဲ့ တရုတ်နိုင်ငံကြား စစ်အေးခတ်တိုက်ပွဲပုံစံမျိုးအတိုင်းလုပ်ဆောင်လာခဲ့ကြောင်း ဂူတာရက်စ်ကပြောပါတယ်။ ထိုင်ဝမ်ကို အမေရိကန်အောက် လွှတ်တော် ဥက္ကဋ္ဌ လာရောက်မှုနဲ့ပတ်သက်ပြီး တရုတ်အစိုးရဟာ ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အမေရိကန် နဲ့ ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေကို ရပ်ဆိုင်းခဲ့ကြောင်းသိရပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကို အင်အားသုံး ထိန်းချုပ်မယ်ဆိုရင် စစ်ရေးနည်းလမ်း အသုံးပြုခံရမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သတိပေးထားပါတယ်။
G7 အဖွဲ့ဝင်နိုင်ငံများ ပူးတွဲထုတ်ပြန်ချက်တွေက ကမ္ဘာကြီးနှစ်ခြမ်းကွဲအောင်လုပ်ဆောင်နေသလိုမျိုးဖြစ်နေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သတိပေးခဲ့ပါတယ်။ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံများ၊ G7 အဖွဲ့ဝင်နိုင်ငံများဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်၊ ရုရှားတို့ နဲ့ထိပ် တိုက်တွေ့ဆုံမှုများဖြစ်လာခဲ့ပြီး ယူကရိန်းစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ပိုမိုတင်းမာလာခဲ့ကြောင်းသိရပါတယ်။

zawgyi version
ကမာၻႀကီးကို ႏွစ္ျခမ္းကြဲေအာင္လုပ္ေဆာင္ေနျခင္းေတြကို ခ်ဳပ္တည္းေစလိုေၾကာင္း G7 အဖြဲ႕ကို ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ သတိေပး
ဂ်န္ဇက္ (NP News) - ေမ ၂၁
ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္က G7 အဖြဲ႕ဝင္ႏိုင္ငံမ်ားအေနနဲ႔ ကမာၻႀကီးကို ႏွစ္ျခမ္းကြဲမယ့္ လုပ္ရပ္မ်ား လုပ္ေဆာင္ျခင္းမ်ိဳးေတြကို မလုပ္ေဆာင္ေစလိုေၾကာင္း၊ ကမာၻ႔ႏိုင္ငံမ်ားကို အေမရိကန္ ဒါမွမဟုတ္ တ႐ုတ္ႏိုင္ငံဘက္က ရပ္တည္ရမယ့္ အေျခေနမ်ိဳးျဖစ္ေအာင္ လုပ္ေဆာင္ျခင္းမွ ခ်ဳပ္တည္းေစလိုေၾကာင္း တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။
G7 အဖြဲ႕ဝင္ႏိုင္ငံမ်ားဟာ ေမလ ၂ဝ ရက္က ဂ်ပန္ႏိုင္ငံမွာ ထိပ္သီးအစည္းအေဝးက်င္းပခဲ့ၿပီး အေမရိကန္၊ အီတလီ၊ ကေနဒါ၊ ဂ်ာမနီ၊ ျပင္သစ္၊ ဂ်ပန္၊ ၿဗိတိန္ႏိုင္ငံတို႔က ေခါင္းေဆာင္မ်ားတက္ေရာက္ခဲ့ၿပီးေနာက္ ဂူတာရက္စ္က အခုလိုမ်ိဳးသတိေပးခဲ့တာျဖစ္ပါတယ္။ G7 အဖြဲ႕ဝင္ႏိုင္ငံမ်ားဟာ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံကို အဓိကထားရည္႐ြယ္တဲ့ န်ဴကလီးယားလက္နက္ဆိုင္ရာ ထုတ္ျပန္ခ်က္မ်ား ပူးတြဲထုတ္ျပန္ခဲ့ေၾကာင္းသိရပါတယ္။ ဂူတာရက္စ္က G7 အဖြဲ႕ဝင္ ႏိုင္ငံမ်ားနဲ႔ တ႐ုတ္ႏိုင္ငံတို႔အေနနဲ႔ ရာသီဥတု ေျပာင္းလဲမႈေတြကိုတိုက္ဖ်က္ဖို႔ နဲ႔ ကမာၻႀကီးဖြံ႕ၿဖိဳးတိုးတက္မႈမ်ားအတြက္ ပူးေပါင္းေဆာင္႐ြက္ဖို႔ တက္ႂကြစြာေတြ႕ဆုံေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေစလိုေၾကာင္း တိုက္တြန္းေတာင္းဆိုထားပါတယ္။
ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္က "လက္ရွိအခ်ိန္မွာ ကမာၻႀကီး ႏွစ္ျခမ္းကြဲမယ့္ အေျခအေနမ်ိဳးကို ေရွာင္ရွားဖို႔ အလြန္အေရးႀကီးေနတယ္။ ဒါ့ျပင္ အေရးႀကီးတဲ့ေတြ႕ဆုံေဆြးေႏြးမႈမ်ားလုပ္ဖို႔လည္း အလြန္အေရးႀကီးေနတယ္" လို႔ေျပာပါတယ္။
ၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္း အေနာက္အုပ္စုႏိုင္ငံမ်ားနဲ႔ တ႐ုတ္ႏိုင္ငံၾကား စစ္ေအးခတ္တိုက္ပြဲပုံစံမ်ိဳးအတိုင္းလုပ္ေဆာင္လာခဲ့ေၾကာင္း ဂူတာရက္စ္ကေျပာပါတယ္။ ထိုင္ဝမ္ကို အေမရိကန္ေအာက္ လႊတ္ေတာ္ ဥကၠ႒ လာေရာက္မႈနဲ႔ပတ္သက္ၿပီး တ႐ုတ္အစိုးရဟာ ရာသီဥတု ေျပာင္းလဲမႈတိုက္ဖ်က္ေရးလုပ္ငန္းေတြမွာ အေမရိကန္ နဲ႔ ပူးေပါင္းေဆာင္႐ြက္မယ့္ကိစၥေတြကို ရပ္ဆိုင္းခဲ့ေၾကာင္းသိရပါတယ္။ ဒါ့ျပင္ တ႐ုတ္ႏိုင္ငံအေနနဲ႔ ထိုင္ဝမ္ကို အင္အားသုံး ထိန္းခ်ဳပ္မယ္ဆိုရင္ စစ္ေရးနည္းလမ္း အသုံးျပဳခံရမယ္လို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က သတိေပးထားပါတယ္။
G7 အဖြဲ႕ဝင္ႏိုင္ငံမ်ား ပူးတြဲထုတ္ျပန္ခ်က္ေတြက ကမာၻႀကီးႏွစ္ျခမ္းကြဲေအာင္လုပ္ေဆာင္ေနသလိုမ်ိဳးျဖစ္ေနေၾကာင္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္က သတိေပးခဲ့ပါတယ္။ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံမ်ား၊ G7 အဖြဲ႕ဝင္ႏိုင္ငံမ်ားဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း တ႐ုတ္၊ ႐ုရွားတို႔ နဲ႔ထိပ္ တိုက္ေတြ႕ဆုံမႈမ်ားျဖစ္လာခဲ့ၿပီး ယူကရိန္းစစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ပိုမိုတင္းမာလာခဲ့ေၾကာင္းသိရပါတယ္။