တော်လှန်ရေးကာလ (၆၅)နှစ်ကြာခဲ့ပြီဖြစ်သော်လည်း အောင်မြင်မှုမရသေးသည့်အပေါ် တုန်လှုပ်မိကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

 5727

NP News - မေ ၂၁

တော်လှန်ရေးကာလ (၆၅)နှစ် ကြာခဲ့ပြီဖြစ်သော်လည်း ပန်းတိုင်နှင့် အလှမ်းဝေးနေသေးပြီး အောင် မြင်မှုမရသေးသည့်အပေါ် တုန်လှုပ်မိကြောင်း RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြော သည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်က ယနေ့ |(မေလ ၂၁ ရက်)တွင် ကျရောက်သည့် (၆၅) နှစ်မြောက် သျှမ်းအမျိုးသား တော်လှန်ရေးနေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးလုပ်ကိုင်နေရင်း အချိန်ကုန်မှန်းမသိလိုက်ဘဲ ၆၅ နှစ်ကြာခဲ့သော်လည်း ရည်မှန်းချက်ပန်းတိုင်နှင့် အလှမ်းဝေးနေပြီး အောင်ပွဲမရသေးသည့်အပေါ် တုန်လှုပ်မိကြောင်းနှင့် အသက်ပေးဆပ်ခဲ့ရသူများ၊ ကိုယ်လက်အင်္ဂါစွန်ခဲ့ရသူများအနေဖြင့်လည်း ပုခုံးပြောင်းတာဝန်ယူမယ့်သူများ၊ လက်တုံ့ ပြန်ပေးမည့်သူများ၊ ပန်းတိုင်ဆီရောက်အောင် ဆောင်ရွက်ပေးမည့်သူများအား စောင့်စားနေရကြောင်း ၎င်းမှ ထည့်သွင်းပြောဆိုထားသည်။

ထို့ပြင် တိုင်းပြည်မငြိမ်သက်ခြင်းအား အခွင့်ကောင်းယူပြီး ဥပဒေနှင့် မလွတ်ကင်းသည့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေများပြားလာခြင်းများရှိပြီး အစိုးရအဆက်ဆက်ကလည်း ယင်းလုပ်ငန်းများအား ထိန်းချုပ်နိုင်ခြင်းမရှိခဲ့သကဲ့သို့ ရည်ရွယ်ချက်ရှိရှိ မထိန်းချုပ်ခြင်းလည်းတော်လှန်ရေးသက်တမ်းရှည်နေရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ဆက်လက်ပြောသည်။

ယင်းအပြင် ညီညွတ်မှုအားနည်းခြင်း ၊ အချင်းချင်း တိုက်ခိုက်နေခြင်းများကြောင့်လည်း တော်လှန်ရေးကြာမြင့်ခြင်းဖြစ်သကဲ့သို့ ကိုယ်လွတ်ရုန်းလက်ပိုက်ကြည့်နေသူများ များပြားခြင်းကြောင့် ပန်းတိုင်မရောက်နိုင်ရခြင်းဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောဆိုထားသည်။

zawgyi version
ေတာ္လွန္ေရးကာလ (၆၅)ႏွစ္ၾကာခဲ့ၿပီျဖစ္ေသာ္လည္း ေအာင္ျမင္မႈမရေသးသည့္အေပၚ တုန္လႈပ္မိေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ေျပာ
NP News - ေမ ၂၁

ေတာ္လွန္ေရးကာလ (၆၅)ႏွစ္ ၾကာခဲ့ၿပီျဖစ္ေသာ္လည္း ပန္းတိုင္ႏွင့္ အလွမ္းေဝးေနေသးၿပီး ေအာင္ ျမင္မႈမရေသးသည့္အေပၚ တုန္လႈပ္မိေၾကာင္း RCSS/SSA ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္က ေျပာ သည္။

ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္က ယေန႔ |(ေမလ ၂၁ ရက္)တြင္ က်ေရာက္သည့္ (၆၅) ႏွစ္ေျမာက္ သွ်မ္းအမ်ိဳးသား ေတာ္လွန္ေရးေန႔အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ေတာ္လွန္ေရးလုပ္ကိုင္ေနရင္း အခ်ိန္ကုန္မွန္းမသိလိုက္ဘဲ ၆၅ ႏွစ္ၾကာခဲ့ေသာ္လည္း ရည္မွန္းခ်က္ပန္းတိုင္ႏွင့္ အလွမ္းေဝးေနၿပီး ေအာင္ပြဲမရေသးသည့္အေပၚ တုန္လႈပ္မိေၾကာင္းႏွင့္ အသက္ေပးဆပ္ခဲ့ရသူမ်ား၊ ကိုယ္လက္အဂၤါစြန္ခဲ့ရသူမ်ားအေနျဖင့္လည္း ပုခုံးေျပာင္းတာဝန္ယူမယ့္သူမ်ား၊ လက္တုံ႔ ျပန္ေပးမည့္သူမ်ား၊ ပန္းတိုင္ဆီေရာက္ေအာင္ ေဆာင္႐ြက္ေပးမည့္သူမ်ားအား ေစာင့္စားေနရေၾကာင္း ၎မွ ထည့္သြင္းေျပာဆိုထားသည္။

ထို႔ျပင္ တိုင္းျပည္မၿငိမ္သက္ျခင္းအား အခြင့္ေကာင္းယူၿပီး ဥပေဒႏွင့္ မလြတ္ကင္းသည့္ စီးပြားေရးလုပ္ငန္းလုပ္ကိုင္သူေတြမ်ားျပားလာျခင္းမ်ားရွိၿပီး အစိုးရအဆက္ဆက္ကလည္း ယင္းလုပ္ငန္းမ်ားအား ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိခဲ့သကဲ့သို႔ ရည္႐ြယ္ခ်က္ရွိရွိ မထိန္းခ်ဳပ္ျခင္းလည္းေတာ္လွန္ေရးသက္တမ္းရွည္ေနရျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္က ဆက္လက္ေျပာသည္။

ယင္းအျပင္ ညီၫြတ္မႈအားနည္းျခင္း ၊ အခ်င္းခ်င္း တိုက္ခိုက္ေနျခင္းမ်ားေၾကာင့္လည္း ေတာ္လွန္ေရးၾကာျမင့္ျခင္းျဖစ္သကဲ့သို႔ ကိုယ္လြတ္႐ုန္းလက္ပိုက္ၾကည့္ေနသူမ်ား မ်ားျပားျခင္းေၾကာင့္ ပန္းတိုင္မေရာက္ႏိုင္ရျခင္းျဖစ္ေၾကာင္းကိုလည္း ထည့္သြင္းေျပာဆိုထားသည္။

Related news

© 2021. All rights reserved.