လစ်သူယေးနီးယားလေပိုင်နက်ကို ရုရှားစစ်လေယာဉ်နှစ်စီး ချိုးဖောက်ဝင်ရောက်မှုဖြစ်ပွား

 189

Pika (NP News) - အောက်တိုဘာ ၂၆

ရုရှားစစ်လေယာဉ်နှစ်စင်းဟာ လစ်သူယေးနီးယားလေပိုင်နက်ထဲကို ချိုးဖောက်ဝင်ရောက်မှုတွေ လုပ်ဆောင်ခဲ့ တယ်လို့ လစ်သူယေးနီးယားစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ရုရှားရဲ့ Su-30 တိုက်လေယာဉ်တစ်စင်းနဲ့ Ilyushin Il-78 ဆီဖြည့်လေယာဉ်တို့ဟာ လောင်စာဆီဖြည့်တင်းရေးမစ်ရှင်တစ်ခုကိုလုပ်ဆောင်နေချိန်အတွင်း လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့တာဖြစ်နိုင်တယ်လို့ လစ်သူယေးနီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။
လစ်သူယေးနီးယားဝန်ကြီးချုပ် Inga Ruginiene က “ရုရှားဟာ နိုင်ငံတကာဥပဒေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေးကို လျစ်လျူရှုပြီး အကြမ်းဖက်နိုင်ငံတစ်ခုလိုမျိုးပြုမူနေတယ်ဆိုတာ ဒီဖြစ်ရပ်က သက်သေပြနေပါတယ်။ ရုရှားစစ်လေယာဉ်တွေ ဝင်လာခဲ့ပေမယ့်လည်း လစ်သူယေးနီးယားနိုင်ငံက ဘေးကင်းပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့အတူ လစ်သူယေးနီးယားနိုင်ငံရဲ့ နယ်မြေတစ်လက်မတိုင်းကို ကာကွယ်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ရုရှားစစ်လေယာဉ်တွေကို တုံ့ပြန်ဖို့အတွက် NATO Baltic Air Police အဖွဲ့ရဲ့ Eurofighter Typhoon တိုက်လေယာဉ်တွေကို ဝေဟင်ကို ချက်ချင်းစေလွှတ်ခဲ့ပြီး ကင်းလှည့်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ Inga Ruginiene က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း ဖြစ်ပွားခဲ့တဲ့ ဒရုန်းဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ဥရောပနိုင်ငံ အများအပြားဟာ ရုရှားကို အပြစ်တင်ခဲ့ကြပြီး စစ်ရေးအသုံးစရိတ်ကိုမြှင့်တင်ဖို့ သဘောတူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
လစ္သူေယးနီးယားေလပိုင္နက္ကို ႐ုရွားစစ္ေလယာဥ္ႏွစ္စီး ခ်ိဳးေဖာက္ဝင္ေရာက္မႈျဖစ္ပြား
Pika (NP News) - ေအာက္တိုဘာ ၂၆
႐ုရွားစစ္ေလယာဥ္ႏွစ္စင္းဟာ လစ္သူေယးနီးယားေလပိုင္နက္ထဲကို ခ်ိဳးေဖာက္ဝင္ေရာက္မႈေတြ လုပ္ေဆာင္ခဲ့ တယ္လို႔ လစ္သူေယးနီးယားစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ႐ုရွားရဲ႕ Su-30 တိုက္ေလယာဥ္တစ္စင္းနဲ႔ Ilyushin Il-78 ဆီျဖည့္ေလယာဥ္တို႔ဟာ ေလာင္စာဆီျဖည့္တင္းေရးမစ္ရွင္တစ္ခုကိုလုပ္ေဆာင္ေနခ်ိန္အတြင္း ေလပိုင္နက္ကို ခ်ိဳးေဖာက္ဝင္ေရာက္ခဲ့တာျဖစ္ႏိုင္တယ္လို႔ လစ္သူေယးနီးယားစစ္တပ္က ေျပာၾကားခဲ့ပါတယ္။
လစ္သူေယးနီးယားဝန္ႀကီးခ်ဳပ္ Inga Ruginiene က “႐ုရွားဟာ ႏိုင္ငံတကာဥပေဒနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြရဲ႕ လုံၿခဳံေရးကို လ်စ္လ်ဴရႈၿပီး အၾကမ္းဖက္ႏိုင္ငံတစ္ခုလိုမ်ိဳးျပဳမူေနတယ္ဆိုတာ ဒီျဖစ္ရပ္က သက္ေသျပေနပါတယ္။ ႐ုရွားစစ္ေလယာဥ္ေတြ ဝင္လာခဲ့ေပမယ့္လည္း လစ္သူေယးနီးယားႏိုင္ငံက ေဘးကင္းပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ မိတ္ဖက္ႏိုင္ငံေတြနဲ႔အတူ လစ္သူေယးနီးယားႏိုင္ငံရဲ႕ နယ္ေျမတစ္လက္မတိုင္းကို ကာကြယ္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
႐ုရွားစစ္ေလယာဥ္ေတြကို တုံ႔ျပန္ဖို႔အတြက္ NATO Baltic Air Police အဖြဲ႕ရဲ႕ Eurofighter Typhoon တိုက္ေလယာဥ္ေတြကို ေဝဟင္ကို ခ်က္ခ်င္းေစလႊတ္ခဲ့ၿပီး ကင္းလွည့္မႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ Inga Ruginiene က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့လေတြအတြင္း ျဖစ္ပြားခဲ့တဲ့ ဒ႐ုန္းျဖစ္ရပ္ေတြနဲ႔ပတ္သက္ၿပီး ဥေရာပႏိုင္ငံ အမ်ားအျပားဟာ ႐ုရွားကို အျပစ္တင္ခဲ့ၾကၿပီး စစ္ေရးအသုံးစရိတ္ကိုျမႇင့္တင္ဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.