ပိုင်တံခွန်က ‘Rent Boy’ ဇာတ်ကားမှာ Miss Grand Cambodia 2022 သရဖူရရှိထားတဲ့ မင်းသမီးနဲ့တွဲဖက်သရုပ်ဆောင်မယ်

3022

ဂျန်ဇက် (NP News) - မေ ၂၇
မြန်မာ သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်ဟာ ‘Rent Boy’ ရုပ်ရှင်ဇာတ်ကားမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့အလှမယ်ဟောင်းနဲ့အတူ တွဲဖက်သရုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။
အဆိုပါရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်မယ့် LD Productions ဟာ မေလ ၂၆ ရက်မှာပါဝင်သရုပ် ဆောင်မယ့် မင်းသား၊ မင်းသမီးတွေကို တရားဝင်သတင်းပြန်ခဲ့ရာ ၂ဝ၂၂ ခုနှစ်ကကျင်းပတဲ့ Miss Grand Cambodia ပြိုင်ပွဲမှာ သရဖူရရှိခဲ့သူ Pich Vatey Saravathy ပါဝင်သရုပ်ဆောင်မှာဖြစ်ကြောင်းသိရပါတယ်။ ပိုင်တံခွန်ဟာ အဆိုပါရုပ်ရှင်ဇာတ်ကားမှာ အဓိကဇာတ်ဆောင်မင်းသားနေရာက ပါဝင်သရုပ် ဆောင်မှာဖြစ်သလို Pich Vatey Saravathy က အဓိကဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်မှာဖြစ်ကြောင်းသိရပါတယ်။
အဆိုပါ မင်းသမီးက အသက် ၂၂ နှစ်အရွယ်ရှိပြီး ၂ဝ၂ဝ ခုနှစ်က ကျင်းပတဲ့ Miss Cambodia 2020 ပြိုင်ပွဲမှာ first runner up ဆုရရှိခဲ့ကာ ၂ဝ၂၁ ခုနှစ်မှာကျင်းပတဲ့ intercontinental Cambodia 2021 ပြိုင်ပွဲမှာ သရဖူဆုကိုလည်း ရရှိခဲ့ပါတယ်။
ဒါ့ပြင် အဆိုပါရုပ်ရှင်ဇာတ်ကားထဲမှာ ထိုင်းနိုင်ငံမှာလူသိများထင်ရှားတဲ့ ထိုင်းမင်းသမီး Tukky Sudarat လည်း ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ကြောင်း ကမ္ဘောဒီးယား ရုပ်ရှင်ထုတ်လုပ်ရေး LD Productions က သတင်းထုတ်ပြန်ထားပါတယ်။ ကမ္ဘောဒီးယားနာမည်ကျော် မင်းသားတစ်ဦးဖြစ်တဲ့ Mr. Khat Wai Haing လည်း အဲဒီဇာတ်ကားမှာပါဝင်သရုပ်ဆောင်ဖွယ်ရှိနေပြီး ဇာတ်ကားတစ်ခုလုံးကိုကမ္ဘောဒီးယားနိုင်ငံမှာ ရိုက်ကူးသွားမှာဖြစ်ကြောင်းသိရပါတယ်။
ပိုင်တံခွန်ဟာ ပြီးခဲ့တဲ့ဧပြီလမှာ ‘Rent Boy’ ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ခဲ့ပြီး မေလ ၂၁ ရက်နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ ကမ္ဘောဒီးယားနိုင်ငံကို တစ်ကျော့ပြန်ရောက်ရှိလာခဲ့ကြောင်း ကမ္ဘောဒီးယား မီဒီယာတွေကဖော်ပြထားပါတယ်။
ပိုင်တံခွန်ဟာ ထိုင်းရုပ်ရှင်ကုမ္ပဏီများ၊ တရုတ်ရုပ်ရှင်ကုမ္ပဏီများနဲ့ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းများ ဆွေးနွေးဖို့ အစီအစဉ်များရှိနေကြောင်း မကြာသေးမီက ထိုင်းသတင်းဌာနများနဲ့အင်တာဗျုးမှာထည့်သွင်းပြောဆိုခဲ့ဖူးကြောင်းသိရပါတယ်။

zawgyi version
ပိုင္တံခြန္က ‘Rent Boy’ ဇာတ္ကားမွာ Miss Grand Cambodia 2022 သရဖူရရွိထားတဲ့ မင္းသမီးနဲ႔တြဲဖက္သ႐ုပ္ေဆာင္မယ္
ဂ်န္ဇက္ (NP News) - ေမ ၂၇
ျမန္မာ သ႐ုပ္ေဆာင္ တစ္ဦးျဖစ္တဲ့ ပိုင္တံခြန္ဟာ ‘Rent Boy’ ႐ုပ္ရွင္ဇာတ္ကားမွာ ကေမာၻဒီးယားႏိုင္ငံရဲ႕အလွမယ္ေဟာင္းနဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။
အဆိုပါ႐ုပ္ရွင္ဇာတ္ကားကို ႐ိုက္ကူးထုတ္လုပ္မယ့္ LD Productions ဟာ ေမလ ၂၆ ရက္မွာပါဝင္သ႐ုပ္ ေဆာင္မယ့္ မင္းသား၊ မင္းသမီးေတြကို တရားဝင္သတင္းျပန္ခဲ့ရာ ၂ဝ၂၂ ခုႏွစ္ကက်င္းပတဲ့ Miss Grand Cambodia ၿပိဳင္ပြဲမွာ သရဖူရရွိခဲ့သူ Pich Vatey Saravathy ပါဝင္သ႐ုပ္ေဆာင္မွာျဖစ္ေၾကာင္းသိရပါတယ္။ ပိုင္တံခြန္ဟာ အဆိုပါ႐ုပ္ရွင္ဇာတ္ကားမွာ အဓိကဇာတ္ေဆာင္မင္းသားေနရာက ပါဝင္သ႐ုပ္ ေဆာင္မွာျဖစ္သလို Pich Vatey Saravathy က အဓိကဇာတ္ေဆာင္မင္းသမီးအျဖစ္ ပါဝင္သ႐ုပ္ေဆာင္မွာျဖစ္ေၾကာင္းသိရပါတယ္။
အဆိုပါ မင္းသမီးက အသက္ ၂၂ ႏွစ္အ႐ြယ္ရွိၿပီး ၂ဝ၂ဝ ခုႏွစ္က က်င္းပတဲ့ Miss Cambodia 2020 ၿပိဳင္ပြဲမွာ first runner up ဆုရရွိခဲ့ကာ ၂ဝ၂၁ ခုႏွစ္မွာက်င္းပတဲ့ intercontinental Cambodia 2021 ၿပိဳင္ပြဲမွာ သရဖူဆုကိုလည္း ရရွိခဲ့ပါတယ္။
ဒါ့ျပင္ အဆိုပါ႐ုပ္ရွင္ဇာတ္ကားထဲမွာ ထိုင္းႏိုင္ငံမွာလူသိမ်ားထင္ရွားတဲ့ ထိုင္းမင္းသမီး Tukky Sudarat လည္း ပါဝင္သ႐ုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ကေမာၻဒီးယား ႐ုပ္ရွင္ထုတ္လုပ္ေရး LD Productions က သတင္းထုတ္ျပန္ထားပါတယ္။ ကေမာၻဒီးယားနာမည္ေက်ာ္ မင္းသားတစ္ဦးျဖစ္တဲ့ Mr. Khat Wai Haing လည္း အဲဒီဇာတ္ကားမွာပါဝင္သ႐ုပ္ေဆာင္ဖြယ္ရွိေနၿပီး ဇာတ္ကားတစ္ခုလုံးကိုကေမာၻဒီးယားႏိုင္ငံမွာ ႐ိုက္ကူးသြားမွာျဖစ္ေၾကာင္းသိရပါတယ္။
ပိုင္တံခြန္ဟာ ၿပီးခဲ့တဲ့ဧၿပီလမွာ ‘Rent Boy’ ႐ုပ္ရွင္ဇာတ္ကားနဲ႔ပတ္သက္ၿပီးေဆြးေႏြးဖို႔ ကေမာၻဒီးယားႏိုင္ငံကို သြားေရာက္ခဲ့ၿပီး ေမလ ၂၁ ရက္ေနာက္ပိုင္းမွာ ႐ုပ္ရွင္ဇာတ္ကား႐ိုက္ကူးဖို႔ ကေမာၻဒီးယားႏိုင္ငံကို တစ္ေက်ာ့ျပန္ေရာက္ရွိလာခဲ့ေၾကာင္း ကေမာၻဒီးယား မီဒီယာေတြကေဖာ္ျပထားပါတယ္။
ပိုင္တံခြန္ဟာ ထိုင္း႐ုပ္ရွင္ကုမၸဏီမ်ား၊ တ႐ုတ္႐ုပ္ရွင္ကုမၸဏီမ်ားနဲ႔႐ိုက္ကူးထုတ္လုပ္ေရးလုပ္ငန္းမ်ား ေဆြးေႏြးဖို႔ အစီအစဥ္မ်ားရွိေနေၾကာင္း မၾကာေသးမီက ထိုင္းသတင္းဌာနမ်ားနဲ႔အင္တာဗ်ဳးမွာထည့္သြင္းေျပာဆိုခဲ့ဖူးေၾကာင္းသိရပါတယ္။