မြန်မာနိုင်ငံအခြေစိုက် ရုရှားသံရုံးမှ ဗန်းမော်ဆရာတော်ကြီး ပျံလွန်တော်မူခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

 859

ယွန်း (NP News) - မေ ၂၈

မြန်မာနိုင်ငံအခြေစိုက် ရုရှားသံရုံးမှ ဗန်းမော်ဆရာတော်ကြီး ပျံလွန်တော်မူခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအခြေစိုက် ရုရှားသံရုံးမှ ပြီးခဲ့သည့် ရက်ပိုင်းက အဆိုပါသဝဏ်လွှာကို ပေးပို့ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်သံဃမဟာနယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ၏ ပျံလွန်တော်မူခြင်းအပေါ် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ဝမ်းနည်းကြောင်း ဖော်ပြပါသည်။ ဗန်းမော်ဆရာ တော်ဘုရားကြီး၏ သာသနာ့ဗိမာန်တော်နှင့် ကိုယ်ကျင့်တရား အာဏာကို အစဥ်အမြဲအမှတ်ရနေမှာပါဘုရား” ဟု ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ရေးသားဖော်ပြထားခြင်းဖြစ်သည်။

ဗန်းမော်ဆရာတော်ဘုရားကြီးသည် မေလ(၂၅)ရက်၊ ည(၁၁)နာရီ (၁၁)မိနစ်အချိန်တွင် မန္တလေးမြို့ရှိ ဗန်းမော်ကျောင်းတိုက်၌ ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး ပျံလွန်တော်မူချိန်၌ သက်တော်မှာ (၉၄)နှစ်ရှိပြီဖြစ်ကာ ဝါတော်မှာ (၇၄)ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။

ဆရာတော်ကြီးသည် သက်တော်ရှည် ဆရာတော်ကြီးဖြစ်သည့်အပြင် ၂ဝ၁ဝ ပြည့်နှစ်မှစ၍ ပျံလွန်တော်မူသည့်တိုင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဖွဲ့ဥက္ကဋ္ဌအဖြစ် (၁၃)နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ဗန်းမော်ဆရာတော်ဒေါက်တာအရှင်ကုမာရာဘိဝံသ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ဗန်းမော်ကျောင်းတိုက်၊ ကမ္ဘောဇသာသနာ့ဗိမာန်၌ ဇွန်လ ၆ ရက်၊ နေ့လည်(၂)နာရီအချိန်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကို နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြီးခဲ့သည့်ရက်ပိုင်းက ပြောဆိုထားခဲ့သည်။

zawgyi version
ျမန္မာႏိုင္ငံအေျခစိုက္ ႐ုရွားသံ႐ုံးမွ ဗန္းေမာ္ဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူျခင္းအတြက္ ဝမ္းနည္းေၾကာင္း သဝဏ္လႊာေပးပို႔

ယြန္း (NP News) - ေမ ၂၈

ျမန္မာႏိုင္ငံအေျခစိုက္ ႐ုရွားသံ႐ုံးမွ ဗန္းေမာ္ဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူျခင္းအတြက္ ဝမ္းနည္းေၾကာင္း သဝဏ္လႊာေပးပို႔ခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံအေျခစိုက္ ႐ုရွားသံ႐ုံးမွ ၿပီးခဲ့သည့္ ရက္ပိုင္းက အဆိုပါသဝဏ္လႊာကို ေပးပို႔ခဲ့ျခင္းျဖစ္သည္။

“ႏိုင္ငံေတာ္သံဃမဟာနယကအဖြဲ႕ဥကၠ႒ ဗန္းေမာ္ဆရာေတာ္ ေဒါက္တာဘဒၵႏၲကုမာရဘိဝံသ၏ ပ်ံလြန္ေတာ္မူျခင္းအေပၚ ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားသံ႐ုံးက ဝမ္းနည္းေၾကာင္း ေဖာ္ျပပါသည္။ ဗန္းေမာ္ဆရာ ေတာ္ဘုရားႀကီး၏ သာသနာ့ဗိမာန္ေတာ္ႏွင့္ ကိုယ္က်င့္တရား အာဏာကို အစဥ္အၿမဲအမွတ္ရေနမွာပါဘုရား” ဟု ဝမ္းနည္းေၾကာင္း သဝဏ္လႊာတြင္ ေရးသားေဖာ္ျပထားျခင္းျဖစ္သည္။

ဗန္းေမာ္ဆရာေတာ္ဘုရားႀကီးသည္ ေမလ(၂၅)ရက္၊ ည(၁၁)နာရီ (၁၁)မိနစ္အခ်ိန္တြင္ မႏၲေလးၿမိဳ႕ရွိ ဗန္းေမာ္ေက်ာင္းတိုက္၌ ဘဝနတ္ထံပ်ံလြန္ေတာ္မူခဲ့ျခင္းျဖစ္ၿပီး ပ်ံလြန္ေတာ္မူခ်ိန္၌ သက္ေတာ္မွာ (၉၄)ႏွစ္ရွိၿပီျဖစ္ကာ ဝါေတာ္မွာ (၇၄)ဝါ ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္ႀကီးသည္ သက္ေတာ္ရွည္ ဆရာေတာ္ႀကီးျဖစ္သည့္အျပင္ ၂ဝ၁ဝ ျပည့္ႏွစ္မွစ၍ ပ်ံလြန္ေတာ္မူသည့္တိုင္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒ႏွင့္ ႏိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္ အဖြဲ႕ဥကၠ႒အျဖစ္ (၁၃)ႏွစ္နီးပါး တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း သိရသည္။

ဗန္းေမာ္ဆရာေတာ္ေဒါက္တာအရွင္ကုမာရာဘိဝံသ၏ အႏၲိမအဂၢိဈာပနအခမ္းအနားကို ဗန္းေမာ္ေက်ာင္းတိုက္၊ ကေမာၻဇသာသနာ့ဗိမာန္၌ ဇြန္လ ၆ ရက္၊ ေန႔လည္(၂)နာရီအခ်ိန္တြင္ စတင္က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္ဘုရားႀကီး၏ အႏၲိမအဂၢိဈာပနပူဇာသဘင္အခမ္းအနားကို ႏိုင္ငံေတာ္အဆင့္အခမ္းအနားျဖင့္ ခမ္းနားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ၿပီးခဲ့သည့္ရက္ပိုင္းက ေျပာဆိုထားခဲ့သည္။

Picture

saibo bobo

28/05/2023 14:38

မုန်တိုင်းသင့်ပြည်သူတွေကြတော့မကူညီဘူး

Related news

© 2021. All rights reserved.