ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် အမေရိကန်၏လေကြောင်းတိုက်ခိုက်မှုများတွင် ဗြိတိန် ပူးပေါင်းပါဝင်လာ

 118

Pika (NP News) - မေ ၂

ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် အမေရိကန်၏လေကြောင်းတိုက်ခိုက်မှုများတွင် ဗြိတိန်နိုင်ငံက ပူးပေါင်းပါဝင်လာပြီဖြစ်ကြောင်း သိရသည်။ ဗြိတိန်တပ်ဖွဲ့များသည် ဟူသီလက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထား သော စစ်ဘက်ဆိုင်ရာအဆောက်အဦးတစ်ခုကို အမေရိကန်တပ်ဖွဲ့များနှင့်အတူ ပူးတွဲလေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အမေရိကန်၏ အခြားတိုက်ခိုက်မှုတစ်ခုသည် ရွှေ့ပြောင်းနေထိုင်သူများ ထိန်းသိမ်းရေးစခန်းကို ထိမှန်ခဲ့ပြီး အရပ်သားဒါဇင်ချီသေဆုံးခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့နှင့်ဆက်နွယ်သော သတင်းရင်းမြစ်များ၏ အစီရင်ခံစာများ ထွက်ပေါ်လာပြီးနောက် ဗြိတိန်အစိုးရ၏ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် အာဖရိက ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံး(၆၈)ဦး သေဆုံးခဲ့ပြီး အခြားလူ(၄၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့၏ Al Masirah တီဗီချန်နယ်က ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် အရပ်သားအသေအပျောက်များနှင့်ပတ်သက်သည့်အစီရင်ခံစာများကို အမေရိကန်စစ်တပ်က သတိထားမိ ကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အမေရိကန်အစိုးရသည် ပင်လယ်နီအတွင်း သွားလာနေသော ကုန်တင်သင်္ဘောများကို ဟူသီလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်ထားတိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် ကြီးမားသောလေကြောင်းနှင့် ရေကြောင်း တိုက်ခိုက်မှုများကို ပြီးခဲ့သည့်လတွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဟူသီလက္နက္ကိုင္အဖြဲ႕အေပၚ အေမရိကန္၏ေလေၾကာင္းတိုက္ခိုက္မႈမ်ားတြင္ ၿဗိတိန္ ပူးေပါင္းပါဝင္လာ
Pika (NP News) - ေမ ၂

ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕အေပၚ အေမရိကန္၏ေလေၾကာင္းတိုက္ခိုက္မႈမ်ားတြင္ ၿဗိတိန္ႏိုင္ငံက ပူးေပါင္းပါဝင္လာၿပီျဖစ္ေၾကာင္း သိရသည္။ ၿဗိတိန္တပ္ဖြဲ႕မ်ားသည္ ဟူသီလက္နက္ကိုင္အဖြဲ႕က ထိန္းခ်ဳပ္ထား ေသာ စစ္ဘက္ဆိုင္ရာအေဆာက္အဦးတစ္ခုကို အေမရိကန္တပ္ဖြဲ႕မ်ားႏွင့္အတူ ပူးတြဲေလေၾကာင္းတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။
အေမရိကန္၏ အျခားတိုက္ခိုက္မႈတစ္ခုသည္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား ထိန္းသိမ္းေရးစခန္းကို ထိမွန္ခဲ့ၿပီး အရပ္သားဒါဇင္ခ်ီေသဆုံးခဲ့ေၾကာင္း ဟူသီလက္နက္ကိုင္အဖြဲ႕ႏွင့္ဆက္ႏြယ္ေသာ သတင္းရင္းျမစ္မ်ား၏ အစီရင္ခံစာမ်ား ထြက္ေပၚလာၿပီးေနာက္ ၿဗိတိန္အစိုးရ၏ ေၾကညာခ်က္ထြက္ေပၚလာျခင္းျဖစ္သည္။
အေမရိကန္၏ ေလေၾကာင္းတိုက္ခိုက္မႈတစ္ခုေၾကာင့္ အာဖရိက ေ႐ႊ႕ေျပာင္းေနထိုင္သူ အနည္းဆုံး(၆၈)ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၄၇)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ဟူသီလက္နက္ကိုင္အဖြဲ႕၏ Al Masirah တီဗီခ်န္နယ္က ေရးသားေဖာ္ျပခဲ့သည္။
ထို႔ျပင္ အရပ္သားအေသအေပ်ာက္မ်ားႏွင့္ပတ္သက္သည့္အစီရင္ခံစာမ်ားကို အေမရိကန္စစ္တပ္က သတိထားမိ ေၾကာင္း အေမရိကန္ကာကြယ္ေရးအရာရွိတစ္ဦးက ေျပာၾကားခဲ့သည္။ အေမရိကန္အစိုးရသည္ ပင္လယ္နီအတြင္း သြားလာေနေသာ ကုန္တင္သေဘၤာမ်ားကို ဟူသီလက္နက္ကိုင္အဖြဲ႕၏ ပစ္မွတ္ထားတိုက္ခိုက္မႈမ်ားမွ ကာကြယ္ရန္အတြက္ ယီမင္အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕အေပၚ ႀကီးမားေသာေလေၾကာင္းႏွင့္ ေရေၾကာင္း တိုက္ခိုက္မႈမ်ားကို ၿပီးခဲ့သည့္လတြင္ စတင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.