နိုင်ငံရေးသမား အမှားရာထောင်(၁)

152

စစ်မုန်း (NP News) - မေ ၂
အမှားကြာလျှင် အမှန်ဖြစ်သည်ဟုဆိုကြသည်။ စာရေးသူကတော့အမှားကြာလျှင် နစ်နာဆုံးရှုံးမှုတွေ၊ ပေးဆပ်ရမှုတွေ များပြားရတတ်သည်ဟု ဆိုချင်သည်။ မိသားစုအသိုင်းအဝိုင်းတွင် လည်းကောင်း၊ လူ့အသိုင်း အဝိုင်းတွင် လည်းကောင်း အမှားများနောက်သို့ လိုက်ပါမိခဲ့ခြင်းကြောင့် နစ်နာဆုံးရှုံးမှုများရှိ နေတတ်ကြသည်။ ထို့ထက် တိုင်းပြည်တစ်ခု နိုင်ငံတစ်နိုင်ငံအတွက်ဆိုလျှင်ကား ပို၍ပင် ဆိုးရွားပေတော့သည်။
တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးကို ဦးဆောင်နိုင်သူများကို နိုင်ငံရေးသမား များဟု ယေဘုယျသတ်မှတ်ကြသည်။ တိုင်းပြည် တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး ဖွံ့ဖြိုးတိုးတက် ရန်ဆိုသည်မှာ နိုင်ငံကို ခေါင်းဆောင်မှုပေးနိုင်သော နိုင်ငံရေးသမားဆိုသည့်ပုဂ္ဂိုလ်များ၏ စဉ်းစားဆင်ခြင်နိုင်စွမ်းနှင့် မှန်ကန် သောဆုံးဖြတ်ချက်များ ချမှတ်နိုင်စွမ်းတို့က အရေးပါသည်။ ခေါင်းဆောင်ဆို သူများ၏မှန်ကန်သော ဆုံးဖြတ်ချက် များကသာ တိုင်းပြည်နှင့်လူမျိုးတို့ကို ဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်သောလမ်းကြောင်းပေါ်သို့ ဆွဲခေါ်ယူသွားနိုင် မည်ဖြစ်ချေသည်။
မြန်မာနိုင်ငံသမိုင်းကိုကြည့်သောအခါ ခေါင်းဆောင်ဆိုသူ (နိုင်ငံရေးသမား)အချို့၏ အတွေးမှား၊ အမြင်မှား၊ အယူအဆမှားများကြောင့် ၎င်းတို့နောက်သို့လိုက်ပါခဲ့သည့်ပြည်သူများမှာ ဆင်းရဲတွင်းနက်ကာ ဒုက္ခဝေ ခဲ့ရသည်။ သွေးမျက်ရည်တို့ ချောင်းစီးခဲ့ရသည်။ နိုင်ငံရေးသမားများ၏အမှားများကြောင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုနှောင့်နှေးခဲ့ရသည်။
လယ်ယာမြေတို့ ဖုန်းဆိုးမြေဖြစ်ခဲ့ရ၊ စက်ရုံ၊ အလုပ်ရုံတို့ ပြာပုံဖြစ်ခဲ့ရ၊ လူနေတိုက်တာ အိုးအိမ်တို့ ပြိုကျ ပျက်စီးကာ မိသားစုအများအပြားတို့မှာ အိုးမဲ့အိမ်မဲ့များဖြစ်ခဲ့ကြရသည်။ နိုင်ငံရေးသမားတို့၏ အမှားတို့ကြောင့် စစ်ပွဲများဖြစ်ပွားခဲ့ကြရသည်။ အချင်းချင်း တိုက်ခိုက်နေကြသောစစ်ပွဲများကြောင့် ပေးဆပ်ခဲ့ရမှုများကာ ပြောမဆုံး ပေါင် တောသုံးထောင်ပင်ရှိမည်။ တကယ်တမ်းတွင်တော့ ထိုအမှားများမှာ ပြီးဆုံးခဲ့လေပြီ။ သို့ရာတွင် ထိုအမှားများမှသင်ခန်းစာများကို ရယူနိုင်ရန် ဆင်ခြင်စဉ်းစားကြရန်တော့လိုကြမည်။ ဖြစ်ခဲ့ပြီးသော အမှားများလို အမှားမျိုးမဖြစ်ရအောင် တားဆီးနိုင်ကြရန်လိုပေမည်။ ထို့ကြောင့်လည်း ထိုအမှားမျိုးများ ဆက်လက် မဖြစ်ပွားနိုင် စေရန် မည်သို့ဆောင်ရွက်ကြရမည်ဆိုသည်များကို အဖြေရှာနေကြသည်။
လက်ရှိတွင်လည်း မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်တွင် ကဏ္ဍအသီးသီးမှထင်ပေါ် ကျော်ကြားသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များက ပိုမိုအာရုံစိုက်ပါဝင်လုပ်ဆောင်လာနိုင်စေရန်၊ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်သောနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည်သာလျှင် ရေရှည်တည်တံ့မည်ဖြစ် ကြောင်းကို လူထုအကြား အသိအမြင်တိုးတက်လာစေရန်နှင့် နိုင်ငံအတွင်းပဋိပက္ခများ အမြန်ဆုံးလျှော့ချပြီး နိုင်ငံရေး၊ စီးပွားရေး ပိုမိုကောင်းမွန် တိုးတက်လာစေနိုင်မည့် ရေတို၊ ရေရှည်လုပ်ငန်းစဉ် များဖော်ထုတ်နိုင်ရန် ရည်ရွယ်ပြီး “တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသောနိုင်ငံတော်သစ်ဆီသို့” ဆောင် ပုဒ်ဖြင့် “ငြိမ်းချမ်းရေးစကားဝိုင်း Peace Talk-2025’’ ကို မတ်လ (၂၄) ရက်မှ (၂၆) ရက်အထိ နေပြည် တော်၌ကျင်းပကာ နိုင်ငံတော်၏ ပကတိ အခြေအနေများကို ပွင့်လင်းမြင်သာစွာဆွေးနွေးခဲ့ကြသည်။ အကြမ်းဖျင်းအားဖြင့် သိရသလောက်မှာ ငြိမ်းချမ်းရေး အတွက် အပစ်အခတ်ရပ်စဲရန်လိုကြောင်း ပြောကြားချက်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကျင်းပ မည့်ရွေးကောက်ပွဲကို ထောက်ခံ ကြိုဆိုသည့်ဆွေးနွေးချက်များကို ကြားသိခဲ့ရခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကလည်း ကျင်းပပြီးစီးခဲ့သည့် တပ်မတော်နေ့အခမ်းအနားသို့တက်ရောက်လာစဉ် သတင်းမီဒီယာသမားများ၏ မေးမြန်းချက်များကိုဖြေကြားခဲ့ရာ၌ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများနှင့် ပတ်သက်၍ အပြင်မှ သတင်းများထုတ်ပြန်နေသကဲ့သို့ သက်ဆိုင်ရာ EAO များနှင့်ညှိနှိုင်းပွဲ မအောင်မြင် ဆိုသည်မှာ မဟုတ်ကြောင်း၊ မကြာမီ သတင်းကောင်းများကို ကြားကြရမည်ဖြစ်ကြောင်း၊ ကျန်သော လက်နက်ကိုင်အဖွဲ့များ ကလည်း ဆွေးနွေးပွဲလာရောက်မည်ဆိုသည့်သတင်းများကို ကြား နေရကြောင်း စသည်များကို ဖြေကြားခဲ့သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံဖွား ပြည်သူများကမူ ငြိမ်းချမ်းရေး စကားဝိုင်းများများလုပ်၊ များများအောင်မြင်ကာ ငြိမ်းချမ်းစေလိုကြသည်။ ယနေ့ ပြည်သူများလိုလားတောင့်တနေကြသည်မှာ ငြိမ်းချမ်းရေးသည် ပထမ၊ ငြိမ်းချမ်းရေးသည် ဒုတိယ၊ ငြိမ်းချမ်းရေးသည် တတိယ ဖြစ်သည်။ ငြိမ်းချမ်းရေးရမှ တိုင်းပြည်တည်ငြိမ်ပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပြည်သူများ ရရှိနိုင်ကြမည်ဖြစ်သည်။ တကယ် တော့ နိုင်ငံရေးသမားတို့၏အမှားများကြောင့် စစ်ပွဲများဖြစ်ပွားခဲ့ကြရသည်။
အချင်းချင်းတိုက်ခိုက်နေကြသော စစ်ပွဲများကြောင့် ပြည်သူများ၏ပေးဆပ်ခဲ့ရမှုများကား ပြောမ ဆုံးပေါင် တောသုံးထောင်ပင်ရှိမည်။ တကယ်တော့ ထိုအမှားများမှာ ပြီးဆုံးခဲ့လေပြီ။ သို့ရာတွင် ထိုအမှား များမှ သင်ခန်းစာများကို ရယူနိုင်ရန် ဆင်ခြင်စဉ်းစားကြရန်တော့လိုကြမည်။
နိုင်ငံရေးသမား အမှားရာထောင်
မြန်မာနိုင်ငံ၏ သမိုင်းတွင်ဖြစ်ပျက်ခဲ့သော အချက်အလက်များထဲမှ တိုင်းပြည်ကိုခေါင်းဆောင် သော နိုင်ငံရေးသမားတို့၏အမှားများကို လေ့လာဆန်းစစ်ရန် လိုသည်။ မြန်မာနိုင်ငံ ဗြိတိသျှနယ်ချဲ့ လက်အောက်သို့ ရောက်ခဲ့ရသောဖြစ်စဉ်များသည်လည်းကောင်း၊ ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလဖြစ်စဉ်များနှင့် လွတ်လပ်ရေးရပြီးဖြစ်စဉ်များသည်လည်းကောင်း မြန်မာနိုင်ငံခေါင်းဆောင် (နိုင်ငံရေးသမား) များအတွက် သမိုင်းသင်ခန်းစာများကို ရယူနိုင်သောအချက်အလက်များစွာ ရှိ ပေလိမ့်မည်။
မြန်မာနိုင်ငံအား ဗြိတိသျှတို့ နောက်ဆုံးရယူ သိမ်းပိုက်ခဲ့သည်နှင့်ပတ်သက်၍ ဦးကောင်းလိမ် ထုတ် မင်းဆက်ပြုတ် ဆိုသောစကားရပ်မှာ အငြင်းပွားဖွယ်များရှိနေသည်ဆိုသော်လည်း ထိုစဉ်က မိဖုရားခေါင်ကြီးနှင့် မှူးမတ်များ၏ဆုံးဖြတ်ချက်များအပေါ် အမှား၊ အမှန်ကို ဆင်ခြင်သုံးသပ်နိုင်ကြသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုတွင် တိုင်းရင်းသားတို့နှင့် စည်းလုံးညီညွတ်မှု ပြယုဂ်ဖြစ် သော ပင်လုံစာချုပ်ကို (၁၉၄၇) ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်တွင်ချုပ်ဆိုသည်။ မြန်မာနိုင်ငံ၏ အမျိုး သား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံစာချုပ်တွင် တိုင်းရင်းသားများ (ကချင်၊ ရှမ်း) ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် လိုက်လျောမှုများ ပေးခဲ့ရသည်။ ကချင်ပြည်နယ်အဖြစ်သတ်မှတ် နိုင်ရန် ကချင်နှင့်မျိုးနွယ်မတူသောမျိုးနွယ်စုများ နေထိုင်ရာဒေသအချို့ကို ကချင်ပြည်နယ်ထဲ ထည့်သွင်း ပေးခဲ့သည်။ ရှမ်းများကလက်ခံနိုင်ရန် လွတ်လပ်ရေးရပြီး ဆယ်နှစ်အကြာတွင် ခွဲထွက်နိုင်သည်ဆိုသော ကတိ ကဝတ်ကိုပြုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းမှန်ခဲ့သည်လော၊ မှားခဲ့သည်လော။ ထိုအကျိုးဆက်ကား ယနေ့ တိုင် ရှင်းမနိုင်၊ လင်းမရဖြစ်နေသေးသည်။ ပင်လုံ ကတိကဝတ်ကိုအကြောင်းပြုကာ ယနေ့ တိုင်း ရင်းသား လက်နက်ကိုင်များ လက်နက်စွဲကိုင်တိုက်ခိုက်နေကြ ခြင်းဖြစ်သည်။ ယနေ့တိုင် ဖြေရှင်းနိုင်ခြင်း မရှိနိုင်သေး။
(၁၉၄၇)ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံလိုက်ရသည်။ လုပ်ကြံခြင်းမခံရမီကပင် လုပ်ကြံရန် အစီအစဉ်ရှိကြောင်း သတင်းကြိုတင်ရခဲ့သော်လည်း လုံခြုံရေးအားနည်းမှုကြောင့် နိုင်ငံ့ခေါင်းဆောင်များ လုပ်ကြံခြင်းခံလိုက်ရခြင်းဖြစ်သည်။ လုံခြုံရေးအစောင့်များမထားခြင်းမှာ ဗိုလ်ချုပ်၏တားမြစ်ချက် ကြောင့်ဟုလည်း ဆိုသည်။ ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုအမှားကြောင့် အသက်ပေးဆပ်လိုက်ရခြင်းဖြစ်သည်။
လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလအဖွဲ့သည် ဗြိတိသျှ အစိုးရအဖွဲ့နှင့် လက်ကျာ်-ဖရီးမင်းစာချုပ်၊ အောင်ဆန်း-အက်တလီ စာချုပ်၊ နု-အက်တလီ စာချုပ်များကို ချုပ်ဆိုခဲ့သည်။ ထိုစာချုပ်များအရ ဗြိတိသျှတို့မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးခဲ့သည်။
သို့ရာတွင် ဖဆပလထဲမှ သခင်သန်းထွန်းခေါင်းဆောင်သော ကွန်မြူနစ်များက ရွှေရည်စိမ် လွတ် လပ်ရေးသာဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ လွတ်လပ်ရေးဆိုတာ တိုက်ယူမှရသည်ဟူသော အယူအဆ ကိုစွဲကိုင်ကာ တောခိုသွားခဲ့ကြသည်။
ကွန်မြူနစ်တို့ တောခိုတော့မည်ကို ကြိုတင်သိခဲ့ပြီး ကွန်မြူနစ်ခေါင်းဆောင်များကိုဖမ်းဆီးရန် ထိုစဉ်က ပြည်ထဲရေးဝန်ကြီးက ဝန်ကြီးချုပ်ထံသို့တင်ပြခဲ့သော်လည်း ဝန်ကြီးချုပ်က သဘောမတူခဲ့။ သို့ဖြင့် သခင်သန်းထွန်း ခေါင်းဆောင်သော ကွန်မြူနစ်ပါတီ တောခိုသွားနိုင်ခဲ့ပြီး လက်နက်ကိုင်တော်လှန်မှုတောက်လောင်ခဲ့ရသည်။ နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ အဆုံးအဖြတ်အမှားကြောင့် တားဆီးနိုင်သော ပြည်တွင်းစစ်မီးကို တားဆီးနိုင်လျက် မတားဆီးနိုင်ခဲ့။
(၁၉၅၂) ခုနှစ်၊ (၁၉၅၆) ခုနှစ်၊ (၁၉၆၁)ခုနှစ်တို့တွင်ကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲများ တွင် ဘင်္ဂါလီများကို ရွေးကောက်တင်မြှောက်ခံခွင့်၊ မဲပေးခွင့်များကို ဖဆပလအစိုးရကပေးခဲ့သည်။ ရခိုင် ပြည်သူများ၏ ထောက်ခံမှုမရရှိသော ဖဆပလသည် မွတ်စလင်မဲများကိုရရှိရေးအတွက် (၁၉၅၆)ခုနှစ်တွင် ဘူးသီးတောင်မြို့နယ် ကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တစ်နယ်သတ်မှတ်ပေးပြီး ဘင်္ဂါလီများကို ဖဆပလသို့ သိမ်းသွင်းကာ အရွေးခံစေခဲ့သည်။
ဖဆပလအမတ်လောင်း ဘင်္ဂါလီလူမျိုးအနိုင်ရ ရှိစေရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တကောင်း သားဘင်္ဂါလီများကို နိုင်ငံအတွင်းပေးဝင်စေကာ မဲပေး ခွင့်ရရှိရေးဆောင်ရွက်ခဲ့သည်။ ဤသို့ဖြင့် မောင်တော၊ ဘူးသီးတောင်နယ်တို့တွင် ဘင်္ဂါလီများ အဆမတန် များပြားလာခဲ့ရသည်။ ဖဆပလသည် ကိုယ့်ပါတီအနိုင်ရရေးကို သာအဓိကထားခဲ့ပြီး တိုင်းပြည်၏ ရေရှည်အကျိုးစီးပွားကို ပစ်ပယ်ခဲ့သည်။ ထိုအကျိုးဆက်မှဆက်စပ်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂါလီအရေးလှုပ်ရှား သူများအင်အားတောင့်တင်းလာခဲ့သည်။ ယနေ့ ဖြစ်ပျက်နေသည့် ဘင်္ဂါလီအရေးအခင်းများမှာ ထိုအကျိုးဆက်များ၏ သက်ရောက်မှုများပင်ဖြစ်သည်။
(၁၉၈၈) ခုနှစ်တွင် အထွေထွေမကျေနပ်ချက်များမှတစ်ဆင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ အစိုးရဖြုတ်ချရေး တစ်နိုင်ငံလုံး အုံကြွဆန္ဒပြခဲ့ကြသည်။ ထိုစဉ်က လမ်းစဉ်ပါတီအစိုးရ နိုင်ငံတော် သမ္မတကြီးက (၃)လအတွင်း ရွေးကောက်ပွဲကျင်းပပေးကာ အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းပြောဆိုခဲ့သည်။ ဆန္ဒပြခေါင်းဆောင်များက လက်ခံခြင်းမရှိခဲ့။ ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန် ကိုသာ တွင်တွင်တောင်းဆိုခဲ့သည်။ (၁၉၇၄) ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကြားဖြတ်အစိုးရ ဖွဲ့စည်းရန်မဖြစ်နိုင်။ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သူ အဖြစ်မခံလို။ ဥပဒေ အတိုင်း လွှတ်တော်ခေါ်ယူဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြည်သူသို့ ရှင်းလင်းပြောကြားခဲ့သည်။ ထိုစဉ်က ဆန္ဒပြခေါင်းဆောင်များက လက်ခံခြင်းမပြုလိုကြ။ ဤသို့မဖြစ်နိုင်သည်ကို တောင်းဆိုရင်း လိပ်ခဲတည်းလည်းဖြစ်နေစဉ် ဆူပူမှုအရှိန်မြင့်လာသဖြင့် လမ်းစဉ်ပါတီအစိုးရမှ တပ်မတော်သို့ နိုင်ငံ တော်အာဏာကို လွှဲပြောင်းပေးခဲ့ခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာမှာ တပ်မတော် လက်ထဲသို့ ရောက်ရှိသွားခဲ့ရသည်။ (၁၉၇၄)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေလည်း ဖျက်သိမ်း ခြင်းခံလိုက်ရသည်။ ဆန္ဒပြခေါင်းဆောင်များ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်ချက်ကြောင့် ဖြစ်သည်။
(၁၉၉၀) ပြည့်နှစ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော NLD ပါတီ အနိုင်ရ ရှိခဲ့သည်။ ရွေးကောက်ပွဲအနိုင်ရရှိသဖြင့် လွှတ်တော်ခေါ်ယူပြီး အစိုးရဖွဲ့စည်းပေးရန်တောင်းဆိုခဲ့ သည်။ တပ်မတော်ကအာဏာကိုထိန်းသိမ်းခဲ့ပြီးနောက် ရှိရင်း (၁၉၇၄)ခုနှစ်ဖွဲ့စည်းအခြေခံဥပဒေမှာ လည်း ပျက်ပြယ်သွား ခဲ့ပြီ။ သို့ဖြင့် အစိုးရဖွဲ့စည်းနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတော့သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ဆောင်ရွက်ခဲ့သည်။ အချို့ NLD အမတ်များသည် ပြည်ပြေးအစိုးရကို ထူထောင်ခဲ့ကြသည်။ တပ်မတော်အစိုးရသည် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လူထုလူတန်းစားအဖွဲ့အစည်းအသီးသီးမှကိုယ်စားလှယ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်စေကာ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲရန်ဆောင်ရွက်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရာတွင် ထို စဉ်က အနိုင်ရပါတီ NLD ပါတီမှကိုယ်စားလှယ်များ ပထမပိုင်းတွင်ပါဝင်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ညီလာခံကို သပိတ်မှောက် ထွက်ခွာသွားခဲ့သည်။ သို့ဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာခဲ့ရသည်။ (၂၀ဝ၈) ခုနှစ်ရောက်မှသာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့သည်။ NLD ပါတီ၏ တစ်ယူသန်အမှားကြောင့် တပ်မတော်အစိုးရ၏အုပ်ချုပ်မှုအောက်တွင် (၁၉၈၈)ခုနှစ်မှ (၂၀၁၀) ပြည့်နှစ်အထိ (၂၂)နှစ်ကြာရှိနေခဲ့ရသည်။
- ဆက်လက်ဖော်ပြပါမည် -

Zawgyi Version:
ႏိုင္ငံေရးသမား အမွားရာေထာင္(၁)
စစ္မုန္း (NP News) - ေမ ၂
အမွားၾကာလွ်င္ အမွန္ျဖစ္သည္ဟုဆိုၾကသည္။ စာေရးသူကေတာ့အမွားၾကာလွ်င္ နစ္နာဆုံးရႈံးမႈေတြ၊ ေပးဆပ္ရမႈေတြ မ်ားျပားရတတ္သည္ဟု ဆိုခ်င္သည္။ မိသားစုအသိုင္းအဝိုင္းတြင္ လည္းေကာင္း၊ လူ႔အသိုင္း အဝိုင္းတြင္ လည္းေကာင္း အမွားမ်ားေနာက္သို႔ လိုက္ပါမိခဲ့ျခင္းေၾကာင့္ နစ္နာဆုံးရႈံးမႈမ်ားရွိ ေနတတ္ၾကသည္။ ထို႔ထက္ တိုင္းျပည္တစ္ခု ႏိုင္ငံတစ္ႏိုင္ငံအတြက္ဆိုလွ်င္ကား ပို၍ပင္ ဆိုး႐ြားေပေတာ့သည္။
တိုင္းျပည္တစ္ျပည္၊ ႏိုင္ငံတစ္ႏိုင္ငံ၊ လူမ်ိဳးတစ္မ်ိဳးကို ဦးေဆာင္ႏိုင္သူမ်ားကို ႏိုင္ငံေရးသမား မ်ားဟု ေယဘုယ်သတ္မွတ္ၾကသည္။ တိုင္းျပည္ တစ္ျပည္၊ ႏိုင္ငံတစ္ႏိုင္ငံ၊ လူမ်ိဳးတစ္မ်ိဳး ဖြံ႕ၿဖိဳးတိုးတက္ ရန္ဆိုသည္မွာ ႏိုင္ငံကို ေခါင္းေဆာင္မႈေပးႏိုင္ေသာ ႏိုင္ငံေရးသမားဆိုသည့္ပုဂၢိဳလ္မ်ား၏ စဥ္းစားဆင္ျခင္ႏိုင္စြမ္းႏွင့္ မွန္ကန္ ေသာဆုံးျဖတ္ခ်က္မ်ား ခ်မွတ္ႏိုင္စြမ္းတို႔က အေရးပါသည္။ ေခါင္းေဆာင္ဆို သူမ်ား၏မွန္ကန္ေသာ ဆုံးျဖတ္ခ်က္ မ်ားကသာ တိုင္းျပည္ႏွင့္လူမ်ိဳးတို႔ကို ဖြံ႕ၿဖိဳးတိုးတက္ၿပီး ေအာင္ျမင္ေသာလမ္းေၾကာင္းေပၚသို႔ ဆြဲေခၚယူသြားႏိုင္ မည္ျဖစ္ေခ်သည္။
ျမန္မာႏိုင္ငံသမိုင္းကိုၾကည့္ေသာအခါ ေခါင္းေဆာင္ဆိုသူ (ႏိုင္ငံေရးသမား)အခ်ိဳ႕၏ အေတြးမွား၊ အျမင္မွား၊ အယူအဆမွားမ်ားေၾကာင့္ ၎တို႔ေနာက္သို႔လိုက္ပါခဲ့သည့္ျပည္သူမ်ားမွာ ဆင္းရဲတြင္းနက္ကာ ဒုကၡေဝ ခဲ့ရသည္။ ေသြးမ်က္ရည္တို႔ ေခ်ာင္းစီးခဲ့ရသည္။ ႏိုင္ငံေရးသမားမ်ား၏အမွားမ်ားေၾကာင့္ တိုင္းျပည္ဖြံ႕ၿဖိဳး တိုးတက္မႈေႏွာင့္ေႏွးခဲ့ရသည္။
လယ္ယာေျမတို႔ ဖုန္းဆိုးေျမျဖစ္ခဲ့ရ၊ စက္႐ုံ၊ အလုပ္႐ုံတို႔ ျပာပုံျဖစ္ခဲ့ရ၊ လူေနတိုက္တာ အိုးအိမ္တို႔ ၿပိဳက် ပ်က္စီးကာ မိသားစုအမ်ားအျပားတို႔မွာ အိုးမဲ့အိမ္မဲ့မ်ားျဖစ္ခဲ့ၾကရသည္။ ႏိုင္ငံေရးသမားတို႔၏ အမွားတို႔ေၾကာင့္ စစ္ပြဲမ်ားျဖစ္ပြားခဲ့ၾကရသည္။ အခ်င္းခ်င္း တိုက္ခိုက္ေနၾကေသာစစ္ပြဲမ်ားေၾကာင့္ ေပးဆပ္ခဲ့ရမႈမ်ားကာ ေျပာမဆုံး ေပါင္ ေတာသုံးေထာင္ပင္ရွိမည္။ တကယ္တမ္းတြင္ေတာ့ ထိုအမွားမ်ားမွာ ၿပီးဆုံးခဲ့ေလၿပီ။ သို႔ရာတြင္ ထိုအမွားမ်ားမွသင္ခန္းစာမ်ားကို ရယူႏိုင္ရန္ ဆင္ျခင္စဥ္းစားၾကရန္ေတာ့လိုၾကမည္။ ျဖစ္ခဲ့ၿပီးေသာ အမွားမ်ားလို အမွားမ်ိဳးမျဖစ္ရေအာင္ တားဆီးႏိုင္ၾကရန္လိုေပမည္။ ထို႔ေၾကာင့္လည္း ထိုအမွားမ်ိဳးမ်ား ဆက္လက္ မျဖစ္ပြားႏိုင္ ေစရန္ မည္သို႔ေဆာင္႐ြက္ၾကရမည္ဆိုသည္မ်ားကို အေျဖရွာေနၾကသည္။
လက္ရွိတြင္လည္း ျမန္မာႏိုင္ငံ၏ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အေပၚတြင္ က႑အသီးသီးမွထင္ေပၚ ေက်ာ္ၾကားသူမ်ား၊ အသိပညာရွင္၊ အတတ္ပညာရွင္မ်ားက ပိုမိုအာ႐ုံစိုက္ပါဝင္လုပ္ေဆာင္လာႏိုင္ေစရန္၊ ၿငိမ္းခ်မ္းေရးအတြက္ အၾကမ္းမဖက္ေသာနည္းလမ္းျဖင့္ ေဆာင္႐ြက္ျခင္းသည္သာလွ်င္ ေရရွည္တည္တံ့မည္ျဖစ္ ေၾကာင္းကို လူထုအၾကား အသိအျမင္တိုးတက္လာေစရန္ႏွင့္ ႏိုင္ငံအတြင္းပဋိပကၡမ်ား အျမန္ဆုံးေလွ်ာ့ခ်ၿပီး ႏိုင္ငံေရး၊ စီးပြားေရး ပိုမိုေကာင္းမြန္ တိုးတက္လာေစႏိုင္မည့္ ေရတို၊ ေရရွည္လုပ္ငန္းစဥ္ မ်ားေဖာ္ထုတ္ႏိုင္ရန္ ရည္႐ြယ္ၿပီး “ေတြ႕ဆုံေဆြးေႏြးမႈမ်ားမွ ၿငိမ္းခ်မ္းေသာႏိုင္ငံေတာ္သစ္ဆီသို႔” ေဆာင္ ပုဒ္ျဖင့္ “ၿငိမ္းခ်မ္းေရးစကားဝိုင္း Peace Talk-2025’’ ကို မတ္လ (၂၄) ရက္မွ (၂၆) ရက္အထိ ေနျပည္ ေတာ္၌က်င္းပကာ ႏိုင္ငံေတာ္၏ ပကတိ အေျခအေနမ်ားကို ပြင့္လင္းျမင္သာစြာေဆြးေႏြးခဲ့ၾကသည္။ အၾကမ္းဖ်င္းအားျဖင့္ သိရသေလာက္မွာ ၿငိမ္းခ်မ္းေရး အတြက္ အပစ္အခတ္ရပ္စဲရန္လိုေၾကာင္း ေျပာၾကားခ်က္မ်ားႏွင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက က်င္းပ မည့္ေ႐ြးေကာက္ပြဲကို ေထာက္ခံ ႀကိဳဆိုသည့္ေဆြးေႏြးခ်က္မ်ားကို ၾကားသိခဲ့ရျခင္းျဖစ္သည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ကလည္း က်င္းပၿပီးစီးခဲ့သည့္ တပ္မေတာ္ေန႔အခမ္းအနားသို႔တက္ေရာက္လာစဥ္ သတင္းမီဒီယာသမားမ်ား၏ ေမးျမန္းခ်က္မ်ားကိုေျဖၾကားခဲ့ရာ၌ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ျဖစ္ပြားေနသည့္တိုက္ပြဲမ်ားႏွင့္ ပတ္သက္၍ အျပင္မွ သတင္းမ်ားထုတ္ျပန္ေနသကဲ့သို႔ သက္ဆိုင္ရာ EAO မ်ားႏွင့္ညႇိႏႈိင္းပြဲ မေအာင္ျမင္ ဆိုသည္မွာ မဟုတ္ေၾကာင္း၊ မၾကာမီ သတင္းေကာင္းမ်ားကို ၾကားၾကရမည္ျဖစ္ေၾကာင္း၊ က်န္ေသာ လက္နက္ကိုင္အဖြဲ႕မ်ား ကလည္း ေဆြးေႏြးပြဲလာေရာက္မည္ဆိုသည့္သတင္းမ်ားကို ၾကား ေနရေၾကာင္း စသည္မ်ားကို ေျဖၾကားခဲ့သည္ကို ေတြ႕ရသည္။
ျမန္မာႏိုင္ငံဖြား ျပည္သူမ်ားကမူ ၿငိမ္းခ်မ္းေရး စကားဝိုင္းမ်ားမ်ားလုပ္၊ မ်ားမ်ားေအာင္ျမင္ကာ ၿငိမ္းခ်မ္းေစလိုၾကသည္။ ယေန႔ ျပည္သူမ်ားလိုလားေတာင့္တေနၾကသည္မွာ ၿငိမ္းခ်မ္းေရးသည္ ပထမ၊ ၿငိမ္းခ်မ္းေရးသည္ ဒုတိယ၊ ၿငိမ္းခ်မ္းေရးသည္ တတိယ ျဖစ္သည္။ ၿငိမ္းခ်မ္းေရးရမွ တိုင္းျပည္တည္ၿငိမ္ၿပီး စီးပြားေရး၊ ပညာေရး၊ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို ျပည္သူမ်ား ရရွိႏိုင္ၾကမည္ျဖစ္သည္။ တကယ္ ေတာ့ ႏိုင္ငံေရးသမားတို႔၏အမွားမ်ားေၾကာင့္ စစ္ပြဲမ်ားျဖစ္ပြားခဲ့ၾကရသည္။
အခ်င္းခ်င္းတိုက္ခိုက္ေနၾကေသာ စစ္ပြဲမ်ားေၾကာင့္ ျပည္သူမ်ား၏ေပးဆပ္ခဲ့ရမႈမ်ားကား ေျပာမ ဆုံးေပါင္ ေတာသုံးေထာင္ပင္ရွိမည္။ တကယ္ေတာ့ ထိုအမွားမ်ားမွာ ၿပီးဆုံးခဲ့ေလၿပီ။ သို႔ရာတြင္ ထိုအမွား မ်ားမွ သင္ခန္းစာမ်ားကို ရယူႏိုင္ရန္ ဆင္ျခင္စဥ္းစားၾကရန္ေတာ့လိုၾကမည္။
ႏိုင္ငံေရးသမား အမွားရာေထာင္
ျမန္မာႏိုင္ငံ၏ သမိုင္းတြင္ျဖစ္ပ်က္ခဲ့ေသာ အခ်က္အလက္မ်ားထဲမွ တိုင္းျပည္ကိုေခါင္းေဆာင္ ေသာ ႏိုင္ငံေရးသမားတို႔၏အမွားမ်ားကို ေလ့လာဆန္းစစ္ရန္ လိုသည္။ ျမန္မာႏိုင္ငံ ၿဗိတိသွ်နယ္ခ်ဲ႕ လက္ေအာက္သို႔ ေရာက္ခဲ့ရေသာျဖစ္စဥ္မ်ားသည္လည္းေကာင္း၊ ၿဗိတိသွ်လက္ေအာက္မွ လြတ္လပ္ေရးႀကိဳးပမ္းစဥ္ ကာလျဖစ္စဥ္မ်ားႏွင့္ လြတ္လပ္ေရးရၿပီးျဖစ္စဥ္မ်ားသည္လည္းေကာင္း ျမန္မာႏိုင္ငံေခါင္းေဆာင္ (ႏိုင္ငံေရးသမား) မ်ားအတြက္ သမိုင္းသင္ခန္းစာမ်ားကို ရယူႏိုင္ေသာအခ်က္အလက္မ်ားစြာ ရွိ ေပလိမ့္မည္။
ျမန္မာႏိုင္ငံအား ၿဗိတိသွ်တို႔ ေနာက္ဆုံးရယူ သိမ္းပိုက္ခဲ့သည္ႏွင့္ပတ္သက္၍ ဦးေကာင္းလိမ္ ထုတ္ မင္းဆက္ျပဳတ္ ဆိုေသာစကားရပ္မွာ အျငင္းပြားဖြယ္မ်ားရွိေနသည္ဆိုေသာ္လည္း ထိုစဥ္က မိဖုရားေခါင္ႀကီးႏွင့္ မႉးမတ္မ်ား၏ဆုံးျဖတ္ခ်က္မ်ားအေပၚ အမွား၊ အမွန္ကို ဆင္ျခင္သုံးသပ္ႏိုင္ၾကသည္။
ျမန္မာႏိုင္ငံလြတ္လပ္ေရးႀကိဳးပမ္းမႈတြင္ တိုင္းရင္းသားတို႔ႏွင့္ စည္းလုံးညီၫြတ္မႈ ျပယုဂ္ျဖစ္ ေသာ ပင္လုံစာခ်ဳပ္ကို (၁၉၄၇) ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၂) ရက္တြင္ခ်ဳပ္ဆိုသည္။ ျမန္မာႏိုင္ငံ၏ အမ်ိဳး သား ေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ ပင္လုံစာခ်ဳပ္တြင္ တိုင္းရင္းသားမ်ား (ကခ်င္၊ ရွမ္း) ပါဝင္လက္မွတ္ေရးထိုးႏိုင္ေရးအတြက္ လိုက္ေလ်ာမႈမ်ား ေပးခဲ့ရသည္။ ကခ်င္ျပည္နယ္အျဖစ္သတ္မွတ္ ႏိုင္ရန္ ကခ်င္ႏွင့္မ်ိဳးႏြယ္မတူေသာမ်ိဳးႏြယ္စုမ်ား ေနထိုင္ရာေဒသအခ်ိဳ႕ကို ကခ်င္ျပည္နယ္ထဲ ထည့္သြင္း ေပးခဲ့သည္။ ရွမ္းမ်ားကလက္ခံႏိုင္ရန္ လြတ္လပ္ေရးရၿပီး ဆယ္ႏွစ္အၾကာတြင္ ခြဲထြက္ႏိုင္သည္ဆိုေသာ ကတိ ကဝတ္ကိုျပဳခဲ့သည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းမွန္ခဲ့သည္ေလာ၊ မွားခဲ့သည္ေလာ။ ထိုအက်ိဳးဆက္ကား ယေန႔ တိုင္ ရွင္းမႏိုင္၊ လင္းမရျဖစ္ေနေသးသည္။ ပင္လုံ ကတိကဝတ္ကိုအေၾကာင္းျပဳကာ ယေန႔ တိုင္း ရင္းသား လက္နက္ကိုင္မ်ား လက္နက္စြဲကိုင္တိုက္ခိုက္ေနၾက ျခင္းျဖစ္သည္။ ယေန႔တိုင္ ေျဖရွင္းႏိုင္ျခင္း မရွိႏိုင္ေသး။
(၁၉၄၇)ခုႏွစ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလုပ္ႀကံခံလိုက္ရသည္။ လုပ္ႀကံျခင္းမခံရမီကပင္ လုပ္ႀကံရန္ အစီအစဥ္ရွိေၾကာင္း သတင္းႀကိဳတင္ရခဲ့ေသာ္လည္း လုံၿခဳံေရးအားနည္းမႈေၾကာင့္ ႏိုင္ငံ့ေခါင္းေဆာင္မ်ား လုပ္ႀကံျခင္းခံလိုက္ရျခင္းျဖစ္သည္။ လုံၿခဳံေရးအေစာင့္မ်ားမထားျခင္းမွာ ဗိုလ္ခ်ဳပ္၏တားျမစ္ခ်က္ ေၾကာင့္ဟုလည္း ဆိုသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအေနျဖင့္ မိမိကိုယ္မိမိ ယုံၾကည္မႈအမွားေၾကာင့္ အသက္ေပးဆပ္လိုက္ရျခင္းျဖစ္သည္။
လြတ္လပ္ေရးအတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေခါင္းေဆာင္ေသာ ဖဆပလအဖြဲ႕သည္ ၿဗိတိသွ် အစိုးရအဖြဲ႕ႏွင့္ လက္က်ာ္-ဖရီးမင္းစာခ်ဳပ္၊ ေအာင္ဆန္း-အက္တလီ စာခ်ဳပ္၊ ႏု-အက္တလီ စာခ်ဳပ္မ်ားကို ခ်ဳပ္ဆိုခဲ့သည္။ ထိုစာခ်ဳပ္မ်ားအရ ၿဗိတိသွ်တို႔ျမန္မာႏိုင္ငံအား လြတ္လပ္ေရးေပးခဲ့သည္။
သို႔ရာတြင္ ဖဆပလထဲမွ သခင္သန္းထြန္းေခါင္းေဆာင္ေသာ ကြန္ျမဴနစ္မ်ားက ေ႐ႊရည္စိမ္ လြတ္ လပ္ေရးသာျဖစ္သည္ဟု သတ္မွတ္ခဲ့သည္။ လြတ္လပ္ေရးဆိုတာ တိုက္ယူမွရသည္ဟူေသာ အယူအဆ ကိုစြဲကိုင္ကာ ေတာခိုသြားခဲ့ၾကသည္။
ကြန္ျမဴနစ္တို႔ ေတာခိုေတာ့မည္ကို ႀကိဳတင္သိခဲ့ၿပီး ကြန္ျမဴနစ္ေခါင္းေဆာင္မ်ားကိုဖမ္းဆီးရန္ ထိုစဥ္က ျပည္ထဲေရးဝန္ႀကီးက ဝန္ႀကီးခ်ဳပ္ထံသို႔တင္ျပခဲ့ေသာ္လည္း ဝန္ႀကီးခ်ဳပ္က သေဘာမတူခဲ့။ သို႔ျဖင့္ သခင္သန္းထြန္း ေခါင္းေဆာင္ေသာ ကြန္ျမဴနစ္ပါတီ ေတာခိုသြားႏိုင္ခဲ့ၿပီး လက္နက္ကိုင္ေတာ္လွန္မႈေတာက္ေလာင္ခဲ့ရသည္။ ႏိုင္ငံ့ေခါင္းေဆာင္တစ္ဦး၏ အဆုံးအျဖတ္အမွားေၾကာင့္ တားဆီးႏိုင္ေသာ ျပည္တြင္းစစ္မီးကို တားဆီးႏိုင္လ်က္ မတားဆီးႏိုင္ခဲ့။
(၁၉၅၂) ခုႏွစ္၊ (၁၉၅၆) ခုႏွစ္၊ (၁၉၆၁)ခုႏွစ္တို႔တြင္က်င္းပခဲ့ေသာ ပါလီမန္ေ႐ြးေကာက္ပြဲမ်ား တြင္ ဘဂၤါလီမ်ားကို ေ႐ြးေကာက္တင္ေျမႇာက္ခံခြင့္၊ မဲေပးခြင့္မ်ားကို ဖဆပလအစိုးရကေပးခဲ့သည္။ ရခိုင္ ျပည္သူမ်ား၏ ေထာက္ခံမႈမရရွိေသာ ဖဆပလသည္ မြတ္စလင္မဲမ်ားကိုရရွိေရးအတြက္ (၁၉၅၆)ခုႏွစ္တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္ ကို ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္တစ္နယ္သတ္မွတ္ေပးၿပီး ဘဂၤါလီမ်ားကို ဖဆပလသို႔ သိမ္းသြင္းကာ အေ႐ြးခံေစခဲ့သည္။
ဖဆပလအမတ္ေလာင္း ဘဂၤါလီလူမ်ိဳးအႏိုင္ရ ရွိေစေရးအတြက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ စစ္တေကာင္း သားဘဂၤါလီမ်ားကို ႏိုင္ငံအတြင္းေပးဝင္ေစကာ မဲေပး ခြင့္ရရွိေရးေဆာင္႐ြက္ခဲ့သည္။ ဤသို႔ျဖင့္ ေမာင္ေတာ၊ ဘူးသီးေတာင္နယ္တို႔တြင္ ဘဂၤါလီမ်ား အဆမတန္ မ်ားျပားလာခဲ့ရသည္။ ဖဆပလသည္ ကိုယ့္ပါတီအႏိုင္ရေရးကို သာအဓိကထားခဲ့ၿပီး တိုင္းျပည္၏ ေရရွည္အက်ိဳးစီးပြားကို ပစ္ပယ္ခဲ့သည္။ ထိုအက်ိဳးဆက္မွဆက္စပ္ကာ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ဘဂၤါလီအေရးလႈပ္ရွား သူမ်ားအင္အားေတာင့္တင္းလာခဲ့သည္။ ယေန႔ ျဖစ္ပ်က္ေနသည့္ ဘဂၤါလီအေရးအခင္းမ်ားမွာ ထိုအက်ိဳးဆက္မ်ား၏ သက္ေရာက္မႈမ်ားပင္ျဖစ္သည္။
(၁၉၈၈) ခုႏွစ္တြင္ အေထြေထြမေက်နပ္ခ်က္မ်ားမွတစ္ဆင့္ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ ပါတီ အစိုးရျဖဳတ္ခ်ေရး တစ္ႏိုင္ငံလုံး အုံႂကြဆႏၵျပခဲ့ၾကသည္။ ထိုစဥ္က လမ္းစဥ္ပါတီအစိုးရ ႏိုင္ငံေတာ္ သမၼတႀကီးက (၃)လအတြင္း ေ႐ြးေကာက္ပြဲက်င္းပေပးကာ အာဏာလႊဲေျပာင္းေပးမည္ျဖစ္ေၾကာင္း ကမ္းလွမ္းေျပာဆိုခဲ့သည္။ ဆႏၵျပေခါင္းေဆာင္မ်ားက လက္ခံျခင္းမရွိခဲ့။ ၾကားျဖတ္အစိုးရ ဖြဲ႕စည္းေပးရန္ ကိုသာ တြင္တြင္ေတာင္းဆိုခဲ့သည္။ (၁၉၇၄) ခုႏွစ္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒအရ ၾကားျဖတ္အစိုးရ ဖြဲ႕စည္းရန္မျဖစ္ႏိုင္။ ႏိုင္ငံေတာ္သမၼတက ဖြဲ႕စည္းပုံအေျခခံဥပေဒကို ခ်ိဳးေဖာက္သူ အျဖစ္မခံလို။ ဥပေဒ အတိုင္း လႊတ္ေတာ္ေခၚယူေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္း ျပည္သူသို႔ ရွင္းလင္းေျပာၾကားခဲ့သည္။ ထိုစဥ္က ဆႏၵျပေခါင္းေဆာင္မ်ားက လက္ခံျခင္းမျပဳလိုၾက။ ဤသို႔မျဖစ္ႏိုင္သည္ကို ေတာင္းဆိုရင္း လိပ္ခဲတည္းလည္းျဖစ္ေနစဥ္ ဆူပူမႈအရွိန္ျမင့္လာသျဖင့္ လမ္းစဥ္ပါတီအစိုးရမွ တပ္မေတာ္သို႔ ႏိုင္ငံ ေတာ္အာဏာကို လႊဲေျပာင္းေပးခဲ့ျခင္းျဖင့္ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာ အာဏာမွာ တပ္မေတာ္ လက္ထဲသို႔ ေရာက္ရွိသြားခဲ့ရသည္။ (၁၉၇၄)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒလည္း ဖ်က္သိမ္း ျခင္းခံလိုက္ရသည္။ ဆႏၵျပေခါင္းေဆာင္မ်ား၏ ဆင္ျခင္တုံတရားကင္းမဲ့စြာ လုပ္ေဆာင္ခ်က္ေၾကာင့္ ျဖစ္သည္။
(၁၉၉၀) ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ ေဒၚေအာင္ဆန္းစုၾကည္ေခါင္းေဆာင္ေသာ NLD ပါတီ အႏိုင္ရ ရွိခဲ့သည္။ ေ႐ြးေကာက္ပြဲအႏိုင္ရရွိသျဖင့္ လႊတ္ေတာ္ေခၚယူၿပီး အစိုးရဖြဲ႕စည္းေပးရန္ေတာင္းဆိုခဲ့ သည္။ တပ္မေတာ္ကအာဏာကိုထိန္းသိမ္းခဲ့ၿပီးေနာက္ ရွိရင္း (၁၉၇၄)ခုႏွစ္ဖြဲ႕စည္းအေျခခံဥပေဒမွာ လည္း ပ်က္ျပယ္သြား ခဲ့ၿပီ။ သို႔ျဖင့္ အစိုးရဖြဲ႕စည္းႏိုင္ရန္ ဖြဲ႕စည္းပုံအေျခခံဥပေဒမရွိေတာ့သျဖင့္ ဖြဲ႕စည္းပုံ အေျခခံဥပေဒေရးဆြဲေရး ေဆာင္႐ြက္ခဲ့သည္။ အခ်ိဳ႕ NLD အမတ္မ်ားသည္ ျပည္ေျပးအစိုးရကို ထူေထာင္ခဲ့ၾကသည္။ တပ္မေတာ္အစိုးရသည္ ႏိုင္ငံေရးပါတီမ်ားမွ ကိုယ္စားလွယ္မ်ား၊ လူထုလူတန္းစားအဖြဲ႕အစည္းအသီးသီးမွကိုယ္စားလွယ္မ်ား၊ အသိပညာရွင္၊ အတတ္ပညာရွင္မ်ား ပါဝင္ေစကာ ဖြဲ႕စည္းပုံ အေျခခံဥပေဒသစ္ကို ေရးဆြဲရန္ေဆာင္႐ြက္သည္။
ဖြဲ႕စည္းပုံအေျခခံဥပေဒသစ္ေရးဆြဲရာတြင္ ထို စဥ္က အႏိုင္ရပါတီ NLD ပါတီမွကိုယ္စားလွယ္မ်ား ပထမပိုင္းတြင္ပါဝင္ခဲ့ေသာ္လည္း၊ ေနာက္ပိုင္းတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒေရးဆြဲေရး ညီလာခံကို သပိတ္ေမွာက္ ထြက္ခြာသြားခဲ့သည္။ သို႔ျဖင့္ ဖြဲ႕စည္းပုံ အေျခခံဥပေဒေရးဆြဲေရးလုပ္ငန္းမ်ား ေႏွာင့္ေႏွးၾကန႔္ၾကာခဲ့ရသည္။ (၂၀ဝ၈) ခုႏွစ္ေရာက္မွသာ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို အတည္ျပဳႏိုင္ခဲ့သည္။ NLD ပါတီ၏ တစ္ယူသန္အမွားေၾကာင့္ တပ္မေတာ္အစိုးရ၏အုပ္ခ်ဳပ္မႈေအာက္တြင္ (၁၉၈၈)ခုႏွစ္မွ (၂၀၁၀) ျပည့္ႏွစ္အထိ (၂၂)ႏွစ္ၾကာရွိေနခဲ့ရသည္။
- ဆက္လက္ေဖာ္ျပပါမည္ -