ဆီးရီးယားသမ္မတနန်းတော်အနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော

 180

ဂျန်ဇက် (NP News) - မေ ၂

အစ္စရေးစစ်တပ်သည် ဆီးရီးယားနိုင်ငံမြို့တော် ဒမ္မစကက်မြို့ရှိ သမ္မတနန်းတော်အနီးကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုလိုက်သည်။
အစ္စရေးသည် လူနည်းစုဖြစ်သည့် Druze လူမျိုး အဖွဲ့အစည်းများကို ကာကွယ်ရန် ကတိပေးခဲ့ပြီးနောက် ရက်ပိုင်း အကြာတွင် ဆီးရီးယားသမ္မတနန်းတော်နားကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆီးရီးယားနိုင်ငံတွင် ပြီးခဲ့သောရက်ပိုင်းက ဆွန်နီလူမျိုးများက လူနည်းစု Druze များကို အကြမ်းဖက် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် တင်းမာမှုများဖြစ်လာခဲ့ကြောင်း သိရသည်။ Druze လူမျိုး အဖွဲ့အစည်းများသည် အစ္စလမ်ဘာသာကို မျိုးရိုးအလိုက်သက်ဝင်ယုံကြည်သူများဖြစ်ပြီး ဆီးရီးယား၊ အစ္စရေး နှင့် လက်ဘနွန်နိုင်ငံများတွင် အခြေပြုနေထိုင်နေကြောင်း သိရသည်။
ဆီးရီးယားနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့များက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် သမ္မတဘာရှားအာဆက် ဦး ဆောင်သောအစိုးရအဖွဲ့ကို ဖြုတ်ချနိုင်ခဲ့ကြောင်း သိရသည်။ အာဆက်ဦးဆောင်သောအစိုးရအဖွဲ့ကို ဖြုတ်ချနိုင်ခဲ့ ပြီးနောက် ဆီးရီးယားနိုင်ငံတွင် သမ္မတအသစ်ရွေးချယ်ထားကာ လက်နက်ကိုင်အဖွဲ့နှင့်ဆက်နွယ်သူ အာမက် အယ်ရှာရာကို သမ္မတအဖြစ် ရွေးချယ်ခန့်အပ်ခဲ့ကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ်က "အစ္စရေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒမ္မစကက်မြို့အနီးက သမ္မတနန်းတော်ကို တိုက်ခိုက်ခဲ့ တယ်။ ဒီတိုက်ခိုက်မှုက ဆီးရီးယားအာဏာရှင်လက်သစ်ကို သတိပေးတာပါ။ Druze လူမျိုး အဖွဲ့အစည်းများကို ခြိမ်းခြောက်တာ၊ ဒါမှမဟုတ် ဒမ္မစကက်မြို့တောင်ပိုင်းမှာ ဆီးရီးယားတပ်ဖွဲ့တွေ ဖြန့်ကြတ်ချထားတာကို ခွင့်မပြုဘူး ဆိုတာ သိစေလိုတယ်" ဟု ပြောသည်။
အစ္စရေးစစ်တပ်က ၎င်းတို့သည် ဆီးရီးယားလက်ရှိသမ္မတ ရှာရာ ၏ နန်းတော်အနီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ပစ်မှတ်အတိအကျကို ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံ တွင် ရုရှားနိုင်ငံသို့ထွက်ပြေးခဲ့သော သမ္မတဟောင်း အာဆက်ဖြုတ်ချခံရပြီးနောက် အစ္စရေးသည် Druze လူမျိုးများ ကို ကာကွယ်ပေးရန် ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းကို သိမ်းယူခဲ့ကြောင်း သိရသည်။
ဆီးရီးယားနိုင်ငံ၏လက်ရှိသမ္မတ ရှာရာသည် ၂ဝ၁၆ ခုနှစ်တွင် အယ်ကိုင်ဒါအဖွဲ့နှင့် ဆက်နွယ်ခဲ့သူဖြစ်ပြီး ၎င်းသမ္မတအဖြစ် တာဝန်ယူပြီးနောက် ဆီးရီးယားနိုင်ငံတွင် လူမျိုးရေးအကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်လာခဲ့ ကြောင်း သိရသည်။ ဧပြီ ၂၉ ရက်က ဖြစ်ပွားခဲ့သော ဆွန်နီလူမျိုးနှင့် Druze လူမျိုးကြားဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လူပေါင်း ဒါဇင်ချီသေဆုံးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဆီးရီးယားသမၼတနန္းေတာ္အနီးကို ဗုံးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေျပာ

ဂ်န္ဇက္ (NP News) - ေမ ၂

အစၥေရးစစ္တပ္သည္ ဆီးရီးယားႏိုင္ငံၿမိဳ႕ေတာ္ ဒမၼစကက္ၿမိဳ႕ရွိ သမၼတနန္းေတာ္အနီးကို ပစ္မွတ္ထားၿပီး ေလေၾကာင္းတိုက္ခိုက္ခဲ့ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အစၥေရးသည္ လူနည္းစုျဖစ္သည့္ Druze လူမ်ိဳး အဖြဲ႕အစည္းမ်ားကို ကာကြယ္ရန္ ကတိေပးခဲ့ၿပီးေနာက္ ရက္ပိုင္း အၾကာတြင္ ဆီးရီးယားသမၼတနန္းေတာ္နားကို ဗုံးႀကဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဆီးရီးယားႏိုင္ငံတြင္ ၿပီးခဲ့ေသာရက္ပိုင္းက ဆြန္နီလူမ်ိဳးမ်ားက လူနည္းစု Druze မ်ားကို အၾကမ္းဖက္ တိုက္ခိုက္ျခင္းမ်ား လုပ္ေဆာင္ခဲ့ၿပီးေနာက္ တင္းမာမႈမ်ားျဖစ္လာခဲ့ေၾကာင္း သိရသည္။ Druze လူမ်ိဳး အဖြဲ႕အစည္းမ်ားသည္ အစၥလမ္ဘာသာကို မ်ိဳး႐ိုးအလိုက္သက္ဝင္ယုံၾကည္သူမ်ားျဖစ္ၿပီး ဆီးရီးယား၊ အစၥေရး ႏွင့္ လက္ဘႏြန္ႏိုင္ငံမ်ားတြင္ အေျချပဳေနထိုင္ေနေၾကာင္း သိရသည္။
ဆီးရီးယားႏိုင္ငံတြင္ လက္နက္ကိုင္အဖြဲ႕မ်ားက ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလတြင္ သမၼတဘာရွားအာဆက္ ဦး ေဆာင္ေသာအစိုးရအဖြဲ႕ကို ျဖဳတ္ခ်ႏိုင္ခဲ့ေၾကာင္း သိရသည္။ အာဆက္ဦးေဆာင္ေသာအစိုးရအဖြဲ႕ကို ျဖဳတ္ခ်ႏိုင္ခဲ့ ၿပီးေနာက္ ဆီးရီးယားႏိုင္ငံတြင္ သမၼတအသစ္ေ႐ြးခ်ယ္ထားကာ လက္နက္ကိုင္အဖြဲ႕ႏွင့္ဆက္ႏြယ္သူ အာမက္ အယ္ရွာရာကို သမၼတအျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္ခဲ့ေၾကာင္း သိရသည္။
အစၥေရးဝန္ႀကီးခ်ဳပ္က "အစၥေရးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဒမၼစကက္ၿမိဳ႕အနီးက သမၼတနန္းေတာ္ကို တိုက္ခိုက္ခဲ့ တယ္။ ဒီတိုက္ခိုက္မႈက ဆီးရီးယားအာဏာရွင္လက္သစ္ကို သတိေပးတာပါ။ Druze လူမ်ိဳး အဖြဲ႕အစည္းမ်ားကို ၿခိမ္းေျခာက္တာ၊ ဒါမွမဟုတ္ ဒမၼစကက္ၿမိဳ႕ေတာင္ပိုင္းမွာ ဆီးရီးယားတပ္ဖြဲ႕ေတြ ျဖန႔္ၾကတ္ခ်ထားတာကို ခြင့္မျပဳဘူး ဆိုတာ သိေစလိုတယ္" ဟု ေျပာသည္။
အစၥေရးစစ္တပ္က ၎တို႔သည္ ဆီးရီးယားလက္ရွိသမၼတ ရွာရာ ၏ နန္းေတာ္အနီးကို တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာဆိုခဲ့ေသာ္လည္း ပစ္မွတ္အတိအက်ကို ထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မရွိခဲ့ေၾကာင္း သိရသည္။ ဆီးရီးယားႏိုင္ငံ တြင္ ႐ုရွားႏိုင္ငံသို႔ထြက္ေျပးခဲ့ေသာ သမၼတေဟာင္း အာဆက္ျဖဳတ္ခ်ခံရၿပီးေနာက္ အစၥေရးသည္ Druze လူမ်ိဳးမ်ား ကို ကာကြယ္ေပးရန္ ဆီးရီးယားႏိုင္ငံ အေနာက္ေတာင္ပိုင္းကို သိမ္းယူခဲ့ေၾကာင္း သိရသည္။
ဆီးရီးယားႏိုင္ငံ၏လက္ရွိသမၼတ ရွာရာသည္ ၂ဝ၁၆ ခုႏွစ္တြင္ အယ္ကိုင္ဒါအဖြဲ႕ႏွင့္ ဆက္ႏြယ္ခဲ့သူျဖစ္ၿပီး ၎သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ ဆီးရီးယားႏိုင္ငံတြင္ လူမ်ိဳးေရးအၾကမ္းဖက္တိုက္ခိုက္မႈမ်ား ျဖစ္လာခဲ့ ေၾကာင္း သိရသည္။ ဧၿပီ ၂၉ ရက္က ျဖစ္ပြားခဲ့ေသာ ဆြန္နီလူမ်ိဳးႏွင့္ Druze လူမ်ိဳးၾကားျဖစ္ပြားခဲ့ေသာ အၾကမ္းဖက္တိုက္ခိုက္မႈအတြင္း လူေပါင္း ဒါဇင္ခ်ီေသဆုံးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.