မိုခါမုန်တိုင်းဒဏ်ခံရသော ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းများရှိအပျက်စီးများကို ကျောင်းမဖွင့်ခင် အဓိက ဦးစားပေးလုပ်ကိုင်နေရဟု UNICEF အဖွဲ့ပြော

581

ဂျန်ဇက် (NP News) - မေ ၃ဝ
ဇွန်လအစောပိုင်းတွင် စီစဉ်ထားသည့်အတိုင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် မိုခါ မုန်တိုင်းဒဏ်ခံရ သော ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းများ နှင့် သင်ကြားရေးစင်တာအပျက်အစီးများကို ဖယ်ရှားရှင်းလင်းမှုများ နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဓိကဦးစားပေးအဖြစ် လုပ်ကိုင်လျက်ရှိနေကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်သော ယူနီဆက်ဖ် UNICEF က သတင်းထုတ်ပြန်လိုက်သည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၇ မြို့ရှိ အခြေခံပညာရေးကျောင်းပေါင်း အနည်းဆုံး ၁၃၈ဝ ကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ယူနီဆက်ဖ်က ဆိုသည်။ ရခိုင်ပြည်နယ်ရှိ ကလေးငယ်ပေါင်း အနည်းဆုံး ၃၃၅ဝဝဝ ဦးသည် လက်ရှိအချိန်တွင် ပညာရေးနှင့်ပတ်သက်ပြီး အကူအညီများ လိုအပ်လျက်ရှိနေကြောင်း ယူနီဆက်ဖ် က ပြောသည်။
ကျောင်းသား၊ ကျောင်းသူများ အပြင် ဆရာ၊ဆရာမများ၊ လုပ်အားပေး ဆရာ၊ဆရာမများသည်လည်း ၎င်းတို့ နေထိုင် ရာ အိမ်များ တစ်စိတ်တစ်ပိုင်းပျက်စီးခြင်း၊ အလုံးစုံပျက်စီးခြင်း စသော ပျက်စီးဆုံးရှုံးမှုများ နှင့် ရင်ဆိုင်နေရပြီး ဘုန်ကြီးကျောင်းများ၊ ဆွေမျိုးမိတ်ဆွေများထံတွင် နေထိုင်နေရကြောင်း သိရသည်။
မိုခါမုန်တိုင်းတိုက်ခတ်မှုများကြောင့် ဘူသီးတောင်၊ ရသေ့တောင်မြို့နယ်များ အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် ကလေးငယ်ပေါင်း ၂ဝ ဦး အပါအဝင် လူပေါင်း ၄၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထိခိုက်သေဆုံးခဲ့သူ ကလေးငယ် ၂ဝ ဦးထဲတွင် ရသေ့တောင်မှ ကလေးငယ် ၁၄ ဦး၊ ဘူသီးတောင်မြို့မှ ကလေးငယ် ၆ ဦးတို့ ဖြစ်ကြောင်း မိုခါမုန်တိုင်းဒဏ်တွေ့ကြုံခဲ့ရသောကလေးများကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာကောင်းမွန်စေရန် အကူအညီပေးနေ သည့်အတွက် အခြားလူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပေးလျက်ရှိနေကြောင်း ယူနီဆက်ဖ် က ပြောသည်။
UNICEF သည် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်တွေ့ကြုံခံစားရသော ကျေးရွာများကို တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ ဆပ်ပြာများ၊ ရေပုံးများ၊ ဂျယ်ရီဗူးများ၊ ရေသန့် ဆေးအိတ်များ၊ ရေသန့်များကူညီထောက်ပံ့ပေးလျက်ရှိနေကြောင်း သိရသည်။

Zawgyi Version;
မိုခါမုန္တိုင္းဒဏ္ခံရေသာ ရခိုင္ျပည္နယ္ရွိ စာသင္ေက်ာင္းမ်ားရွိအပ်က္စီးမ်ားကို ေက်ာင္းမဖြင့္ခင္ အဓိက ဦးစားေပးလုပ္ကိုင္ေနရဟု UNICEF အဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ေမ ၃ဝ
ဇြန္လအေစာပိုင္းတြင္ စီစဥ္ထားသည့္အတိုင္း ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ရန္အတြက္ မိုခါ မုန္တိုင္းဒဏ္ခံရ ေသာ ရခိုင္ျပည္နယ္ရွိ စာသင္ေက်ာင္းမ်ား ႏွင့္ သင္ၾကားေရးစင္တာအပ်က္အစီးမ်ားကို ဖယ္ရွားရွင္းလင္းမႈမ်ား ႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို အဓိကဦးစားေပးအျဖစ္ လုပ္ကိုင္လ်က္ရွိေနေၾကာင္း ကုလသမဂၢ အဖြဲ႕အစည္းတစ္ခုျဖစ္ေသာ ယူနီဆက္ဖ္ UNICEF က သတင္းထုတ္ျပန္လိုက္သည္။
မိုခါမုန္တိုင္းေၾကာင့္ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ေပါင္း ၁၇ ၿမိဳ႕ရွိ အေျခခံပညာေရးေက်ာင္းေပါင္း အနည္းဆုံး ၁၃၈ဝ ေက်ာင္း ထိခိုက္ပ်က္စီးခဲ့ရေၾကာင္း ယူနီဆက္ဖ္က ဆိုသည္။ ရခိုင္ျပည္နယ္ရွိ ကေလးငယ္ေပါင္း အနည္းဆုံး ၃၃၅ဝဝဝ ဦးသည္ လက္ရွိအခ်ိန္တြင္ ပညာေရးႏွင့္ပတ္သက္ၿပီး အကူအညီမ်ား လိုအပ္လ်က္ရွိေနေၾကာင္း ယူနီဆက္ဖ္ က ေျပာသည္။
ေက်ာင္းသား၊ ေက်ာင္းသူမ်ား အျပင္ ဆရာ၊ဆရာမမ်ား၊ လုပ္အားေပး ဆရာ၊ဆရာမမ်ားသည္လည္း ၎တို႔ ေနထိုင္ ရာ အိမ္မ်ား တစ္စိတ္တစ္ပိုင္းပ်က္စီးျခင္း၊ အလုံးစုံပ်က္စီးျခင္း စေသာ ပ်က္စီးဆုံးရႈံးမႈမ်ား ႏွင့္ ရင္ဆိုင္ေနရၿပီး ဘုန္ႀကီးေက်ာင္းမ်ား၊ ေဆြမ်ိဳးမိတ္ေဆြမ်ားထံတြင္ ေနထိုင္ေနရေၾကာင္း သိရသည္။
မိုခါမုန္တိုင္းတိုက္ခတ္မႈမ်ားေၾကာင့္ ဘူသီးေတာင္၊ ရေသ့ေတာင္ၿမိဳ႕နယ္မ်ား အပါအဝင္ ရခိုင္ျပည္နယ္ေျမာက္ပိုင္း တြင္ ကေလးငယ္ေပါင္း ၂ဝ ဦး အပါအဝင္ လူေပါင္း ၄၃ ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။ ထိခိုက္ေသဆုံးခဲ့သူ ကေလးငယ္ ၂ဝ ဦးထဲတြင္ ရေသ့ေတာင္မွ ကေလးငယ္ ၁၄ ဦး၊ ဘူသီးေတာင္ၿမိဳ႕မွ ကေလးငယ္ ၆ ဦးတို႔ ျဖစ္ေၾကာင္း မိုခါမုန္တိုင္းဒဏ္ေတြ႕ႀကဳံခဲ့ရေသာကေလးမ်ားကို စိတ္ပိုင္းဆိုင္ရာ က်န္းမာေကာင္းမြန္ေစရန္ အကူအညီေပးေန သည့္အတြက္ အျခားလူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ား ေပးလ်က္ရွိေနေၾကာင္း ယူနီဆက္ဖ္ က ေျပာသည္။
UNICEF သည္ မိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းၿပီး ရခိုင္ျပည္နယ္ရွိ မုန္တိုင္းဒဏ္ေတြ႕ႀကဳံခံစားရေသာ ေက်း႐ြာမ်ားကို တစ္ကိုယ္ေရသန႔္ရွင္းေရးသုံးပစၥည္းမ်ား၊ ဆပ္ျပာမ်ား၊ ေရပုံးမ်ား၊ ဂ်ယ္ရီဗူးမ်ား၊ ေရသန႔္ ေဆးအိတ္မ်ား၊ ေရသန႔္မ်ားကူညီေထာက္ပံ့ေပးလ်က္ရွိေနေၾကာင္း သိရသည္။