လယ်ယာသုံးစက်များနှင့် စားသောက်ကုန်ထုတ်စက်များကို ဝယ်ယူမည့် တောင်သူအနေဖြင့် အများဆုံး ကျပ်သိန်း(၇ဝဝ)အထိ ချေးယူနိုင်ဟုဆို

 941

စော (NP News) - မေ ၃၁

လယ်ယာသုံးစက်များနှင့် စားသောက်ကုန်ထုတ်စက်များကို ဝယ်ယူမည့် တောင်သူအနေဖြင့် အများဆုံး ကျပ်သိန်း(၇ဝဝ)အထိ ချေးယူနိုင်ကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယနေ့(မေလ ၃၁ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ် သည်။

လယ်ယာလုပ်ငန်းသုံးထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်သည့်စက်များ ဝယ်ယူလိုသော တောင်သူများကို အရင်းအနှီးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကြေညာထားသည်။

ထို့ပြင် စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်းစသည့် ပြုပြင်မွမ်းမံခြင်းတို့တွက် အရင်းအနှီးလိုအပ်လျက်ရှိသော တောင်သူဦးကြီးများကိုလည်း ချေးငွေထုတ်ချေးပေးသွားမည်ကြောင်း သိရသည်။

ထို့ကြောင့် အရင်းအနှီးလိုအပ်သည့် တောင်သူဦးကြီးများကို စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆချေးငွေများအား (၁)နှစ်လျှင် အတိုးနှုန်း (၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါချေးငွေပမာဏသည် တောင်သူတစ်ဦးချင်းစီအတွက် အများဆုံးသိန်း(၇ဝဝ)နှင့် တောင်သူအစု အဖွဲ့(၁)ဖွဲ့အတွက် အများဆုံးသိန်း(၅ဝဝဝ)အထိ ရယူထုတ်ချေးနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် တောင်သူကြီးများ စိတ်ကြိုက်ဝယ်ယူလိုသည့် လယ်ယာသုံးစက်ကိရိယာများကို စက်ကိရိယာအရောင်းပြခန်းကုမ္ပဏီများထဲတွင် ရွေးချယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါချေးငွေများကို ပြန်ဆပ်ရာတွင် ထော်လာဂျီ၊ လက်တွန်းထွန်စက်ချေးငွေအတွက် (၃)နှစ် (၃)ရစ်နှင့် ၎င်းစက်များမှလွဲ၍ ကျန်စက်ကိရိယာများအတွက် (၅)နှစ်(၅)ရစ်ပေးဆပ်သည့် စနစ်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ချေးငွေရယူလိုသည့် တောင်သူဦးကြီးများအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ခရိုင်/မြို့နယ်ဘဏ်ခွဲများကိုဆက်သွယ်ပြီး ချေးငွေအတွက် တင်သွင်းရမည့်အာမခံနှင့် ချေးငွေနှင့်ပတ်သက်သည့် စည်ကမ်းသတ်မှတ်ချက်များကို စုံစမ်းမေးမြန်းပြီး လျှောက်ထားရယူနိုင်ကြောင်း သိရသည်။

zawgyi version
လယ္ယာသုံးစက္မ်ားႏွင့္ စားေသာက္ကုန္ထုတ္စက္မ်ားကို ဝယ္ယူမည့္ ေတာင္သူအေနျဖင့္ အမ်ားဆုံး က်ပ္သိန္း(၇ဝဝ)အထိ ေခ်းယူႏိုင္ဟုဆို
ေစာ (NP News) - ေမ ၃၁

လယ္ယာသုံးစက္မ်ားႏွင့္ စားေသာက္ကုန္ထုတ္စက္မ်ားကို ဝယ္ယူမည့္ ေတာင္သူအေနျဖင့္ အမ်ားဆုံး က်ပ္သိန္း(၇ဝဝ)အထိ ေခ်းယူႏိုင္ေၾကာင္း သိရသည္။

ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္မွ ယေန႔(ေမလ ၃၁ ရက္)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္ သည္။

လယ္ယာလုပ္ငန္းသုံးထြန္စက္ႀကီး၊ ရိတ္သိမ္းေႁခြေလွ႔စက္၊ ေထာ္လာဂ်ီ၊ လက္တြန္းထြန္စက္၊ ဆန္စက္၊ ဆီစက္၊ စားေသာက္ကုန္ထုတ္လုပ္သည့္စက္မ်ား ဝယ္ယူလိုေသာ ေတာင္သူမ်ားကို အရင္းအႏွီးထုတ္ေခ်းေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္မွ ေၾကညာထားသည္။

ထို႔ျပင္ စက္႐ုံ၊ သိုေလွာင္႐ုံ၊ ဂိုေဒါင္တည္ေဆာက္ျခင္းစသည့္ ျပဳျပင္မြမ္းမံျခင္းတို႔တြက္ အရင္းအႏွီးလိုအပ္လ်က္ရွိေသာ ေတာင္သူဦးႀကီးမ်ားကိုလည္း ေခ်းေငြထုတ္ေခ်းေပးသြားမည္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အရင္းအႏွီးလိုအပ္သည့္ ေတာင္သူဦးႀကီးမ်ားကို စိုက္ပ်ိဳးေရးႏွင့္ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရး ႏွစ္ဆေခ်းေငြမ်ားအား (၁)ႏွစ္လွ်င္ အတိုးႏႈန္း (၅)ရာခိုင္ႏႈန္းျဖင့္ ထုတ္ေခ်းေပးလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါေခ်းေငြပမာဏသည္ ေတာင္သူတစ္ဦးခ်င္းစီအတြက္ အမ်ားဆုံးသိန္း(၇ဝဝ)ႏွင့္ ေတာင္သူအစု အဖြဲ႕(၁)ဖြဲ႕အတြက္ အမ်ားဆုံးသိန္း(၅ဝဝဝ)အထိ ရယူထုတ္ေခ်းႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

ထို႔ျပင္ ေတာင္သူႀကီးမ်ား စိတ္ႀကိဳက္ဝယ္ယူလိုသည့္ လယ္ယာသုံးစက္ကိရိယာမ်ားကို စက္ကိရိယာအေရာင္းျပခန္းကုမၸဏီမ်ားထဲတြင္ ေ႐ြးခ်ယ္ဝယ္ယူႏိုင္ေၾကာင္း သိရသည္။

အဆိုပါေခ်းေငြမ်ားကို ျပန္ဆပ္ရာတြင္ ေထာ္လာဂ်ီ၊ လက္တြန္းထြန္စက္ေခ်းေငြအတြက္ (၃)ႏွစ္ (၃)ရစ္ႏွင့္ ၎စက္မ်ားမွလြဲ၍ က်န္စက္ကိရိယာမ်ားအတြက္ (၅)ႏွစ္(၅)ရစ္ေပးဆပ္သည့္ စနစ္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

ေခ်းေငြရယူလိုသည့္ ေတာင္သူဦးႀကီးမ်ားအေနျဖင့္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ႏွင့္ ခ႐ိုင္/ၿမိဳ႕နယ္ဘဏ္ခြဲမ်ားကိုဆက္သြယ္ၿပီး ေခ်းေငြအတြက္ တင္သြင္းရမည့္အာမခံႏွင့္ ေခ်းေငြႏွင့္ပတ္သက္သည့္ စည္ကမ္းသတ္မွတ္ခ်က္မ်ားကို စုံစမ္းေမးျမန္းၿပီး ေလွ်ာက္ထားရယူႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.