စစ်တွေမြို့၌ ဓားထိုးခံရမှုကြောင့် အသက်(၅၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံး

 777

စော (NP News) - မေ ၃၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဓားထိုးခံရမှုကြောင့် အသက်(၅၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(မေလ ၃ဝ ရက်)၊ ညပိုင်းတွင် စစ်တွေမြို့၊ ရွာကြီးတောင်ဈေးအနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

“မနေ့ညက အိမ်နီးနားချင်းစကားများတာလို့သိရပါတယ်။ လက်ရှိက ထိုးတဲ့လူကို မသိရသေးဘူး။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ အသက်မရှိတော့ပါဘူး။ ဓားဒဏ်ရာကတော့တစ်ချက်ထဲပါပဲ။ ဘယ်ဘက်ရင်ဘက်နားမှာပါ။ ဓားဒဏ်ရာကတော့ဘယ်လောက်နက်လဲမသိပေမယ့် ဒဏ်ရာကတော်တော်တော့ကြီးပါတယ်”ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါအမျိုးသမီးသည် ဒေါ်နှင်းလွင်ဦး (၅၆)နှစ်ဖြစ်ပြီး စစ်တွေမြို့တွင်နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။ ၎င်း၏ရုပ်အလောင်းအား စစ်တွေပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
စစ္ေတြၿမိဳ႕၌ ဓားထိုးခံရမႈေၾကာင့္ အသက္(၅၆)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ေသဆုံး

ေစာ (NP News) - ေမ ၃၁

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕တြင္ ဓားထိုးခံရမႈေၾကာင့္ အသက္(၅၆)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေမလ ၃ဝ ရက္)၊ ညပိုင္းတြင္ စစ္ေတြၿမိဳ႕၊ ႐ြာႀကီးေတာင္ေဈးအနီး၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္း လူမႈကူညီေရးအသင္းထံမွ သိရသည္။

“မေန႔ညက အိမ္နီးနားခ်င္းစကားမ်ားတာလို႔သိရပါတယ္။ လက္ရွိက ထိုးတဲ့လူကို မသိရေသးဘူး။ ကြၽန္ေတာ္တို႔ေရာက္တဲ့အခ်ိန္မွာ အသက္မရွိေတာ့ပါဘူး။ ဓားဒဏ္ရာကေတာ့တစ္ခ်က္ထဲပါပဲ။ ဘယ္ဘက္ရင္ဘက္နားမွာပါ။ ဓားဒဏ္ရာကေတာ့ဘယ္ေလာက္နက္လဲမသိေပမယ့္ ဒဏ္ရာကေတာ္ေတာ္ေတာ့ႀကီးပါတယ္”ဟု ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္းလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါအမ်ိဳးသမီးသည္ ေဒၚႏွင္းလြင္ဦး (၅၆)ႏွစ္ျဖစ္ၿပီး စစ္ေတြၿမိဳ႕တြင္ေနထိုင္သူတစ္ဦးျဖစ္ေၾကာင္း သိရသည္။ ၎၏႐ုပ္အေလာင္းအား စစ္ေတြျပည္သူ႔ေဆး႐ုံ ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.