လားရှိုးမြို့၌ ဆီဘောက်ဆာကားနှင့် HIJET ကားတို့ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား(၁)ဦး သေဆုံး

 636

စော (NP News) - ဇွန် ၁

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ လားရှိုးမြို့ရှောင်လမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား(၁)ဦး သေဆုံးခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၁ ရက်)၊ နံနက်(၁ဝ)နာရီခွဲဝန်းကျင်အချိန်တွင် လားရှိုးမြို့ရှောင်လမ်းမကြီး၊ မိုင်တိုင်(၁၁/၁)၌ ဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့နယ်လူငယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

“အတက်ကားနှင့် အဆင်းကားတိုက်ကြတာပါ။ ကျွန်တော်တို့ရောက်တဲ့အချိန်တော့ လူနာတွေကလမ်းမှာပြန့်ကျဲနေတာမို့ လူနာကိုပဲဂရုစိုက်လိုက်တာပါ။ HIJETပေါ်က အမျိုးသား(၄)ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။ တစ်ဦးကတော့ ဆေးရုံရောက်ပြီး (၂)နာရီအကြာမှာ ဆုံးသွားပါတယ်”ဟု လားရှိုးမြို့နယ်လူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

သေဆုံးသူအမျိုးသားသည် အသက်(၄၅)ဝန်းကျင်အရွယ်ရှိပြီး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။

ထိခိုက်ဒဏ်ရာရရှိသူများသည် နောင်ချိုမြို့တွင်‌ နေထိုင်သူများဖြစ်ကြပြီး လက်ရှိတွင် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
လားရႈိးၿမိဳ႕၌ ဆီေဘာက္ဆာကားႏွင့္ HIJET ကားတို႔ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသား(၁)ဦး ေသဆုံး

ေစာ (NP News) - ဇြန္ ၁

ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕၊ လားရႈိးၿမိဳ႕ေရွာင္လမ္းမႀကီးတြင္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသား(၁)ဦး ေသဆုံးခဲ့ၿပီး (၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ဇြန္လ ၁ ရက္)၊ နံနက္(၁ဝ)နာရီခြဲဝန္းက်င္အခ်ိန္တြင္ လားရႈိးၿမိဳ႕ေရွာင္လမ္းမႀကီး၊ မိုင္တိုင္(၁၁/၁)၌ ျဖစ္ပြားခဲ့ေၾကာင္း လားရႈိးၿမိဳ႕နယ္လူငယ္လူမႈကူညီေရးအသင္းထံမွ သိရသည္။

“အတက္ကားႏွင့္ အဆင္းကားတိုက္ၾကတာပါ။ ကြၽန္ေတာ္တို႔ေရာက္တဲ့အခ်ိန္ေတာ့ လူနာေတြကလမ္းမွာျပန႔္က်ဲေနတာမို႔ လူနာကိုပဲဂ႐ုစိုက္လိုက္တာပါ။ HIJETေပၚက အမ်ိဳးသား(၄)ဦး ထိခိုက္ဒဏ္ရာရသြားပါတယ္။ တစ္ဦးကေတာ့ ေဆး႐ုံေရာက္ၿပီး (၂)နာရီအၾကာမွာ ဆုံးသြားပါတယ္”ဟု လားရႈိးၿမိဳ႕နယ္လူငယ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ေသဆုံးသူအမ်ိဳးသားသည္ အသက္(၄၅)ဝန္းက်င္အ႐ြယ္ရွိၿပီး ဦးေခါင္းတြင္ ထိခိုက္ဒဏ္ရာ ျပင္းထန္စြာရရွိခဲ့ေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။

ထိခိုက္ဒဏ္ရာရရွိသူမ်ားသည္ ေနာင္ခ်ိဳၿမိဳ႕တြင္‌ ေနထိုင္သူမ်ားျဖစ္ၾကၿပီး လက္ရွိတြင္ လားရႈိးျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.