သထုံမြို့နယ်ရှိ သံကူကွန်ကရစ်အမျိုးအစားတံတားကို KNLAနှင့် PDFအဖွဲ့ က တတိယအကြိမ် မိုင်းထောင်ဖောက်ခွဲ

702

စော(NP News)- မေ ၅
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ သံကူကွန်ကရစ်အမျိုးအစားတံတားကို KNLAနှင့် PDFအဖွဲ့ က တတိယအကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အချက်အလက်များအရ သိရသည်။
KNLAနှင့် PDFအကြမ်းဖက်သမားများက ယမန်နေ့(မေလ ၄ရက်)၊ နံနက်ပိုင်းတွင် သထုံမြို့နယ်၊ ရန်ကုန်-မော်မလမြိုင်၊ ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ၁၃၅မိုင် ၇ဖာလုံနှင့် ၁၃၆မိုင်အကြား၊ အရှည် ၃၇ပေ၊ အကျယ် ၄၈ပေ၊ ခံနိုင်ဝန်တန် ၆၀ရှိ သံကူကွန်ကရစ်အမျိုးအစား တံတားအမှတ် (၄/၁၃၆)ကို မိုင်းထောင်၂ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကွန်ကရစ်တံတားမှာ ကမ်းကပ်ခုံအနီးမှ အထက်ပိုင်းကျိုးကျပျက်စီးခဲ့ပြီး မော်တော်ယာဉ်များဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်းနှင့် ထိုသို့ ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူများက ပြန်လည်ပြန်ပြုခြင်း လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါသံကူကွန်ကရစ်တံတားအား KNLAနှင့် PDFအကြမ်းဖက်သမားများက ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ရက်နေ့တွင် တစ်ကြိမ်၊ ဇူလိုင်လ ၁၆ရက်နေ့တွင် တစ်ကြိမ် မိုင်းထောင်ဖောက်ခွဲခဲ့ပြီး ယနေ့ ဖောက်ခွဲမှုမှာ တတိယအကြိမ်မြောက် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများကို လိုအပ်သည့် တုံ့ပြန်မှုများ ပြုလုပ်နိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
သထုံၿမိဳ႕နယ္ရွိ သံကူကြန္ကရစ္အမ်ိဳးအစားတံတားကို KNLAႏွင့္ PDFအဖြဲ႕ က တတိယအႀကိမ္ မိုင္းေထာင္ေဖာက္ခြဲ
ေစာ(NP News)- ေမ ၅
မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္ရွိ သံကူကြန္ကရစ္အမ်ိဳးအစားတံတားကို KNLAႏွင့္ PDFအဖြဲ႕ က တတိယအႀကိမ္ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ အခ်က္အလက္မ်ားအရ သိရသည္။
KNLAႏွင့္ PDFအၾကမ္းဖက္သမားမ်ားက ယမန္ေန႔(ေမလ ၄ရက္)၊ နံနက္ပိုင္းတြင္ သထုံၿမိဳ႕နယ္၊ ရန္ကုန္-ေမာ္မလၿမိဳင္၊ ျပည္ေထာင္စုကားလမ္းမႀကီးေပၚရွိ မိုင္တိုင္အမွတ္ ၁၃၅မိုင္ ၇ဖာလုံႏွင့္ ၁၃၆မိုင္အၾကား၊ အရွည္ ၃၇ေပ၊ အက်ယ္ ၄၈ေပ၊ ခံႏိုင္ဝန္တန္ ၆၀ရွိ သံကူကြန္ကရစ္အမ်ိဳးအစား တံတားအမွတ္ (၄/၁၃၆)ကို မိုင္းေထာင္၂ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ကြန္ကရစ္တံတားမွာ ကမ္းကပ္ခုံအနီးမွ အထက္ပိုင္းက်ိဳးက်ပ်က္စီးခဲ့ၿပီး ေမာ္ေတာ္ယာဥ္မ်ားျဖတ္သန္းသြားလာႏိုင္မႈမရွိေၾကာင္းႏွင့္ ထိုသို႔ ပ်က္စီးသြားသည့္ တံတားအား တာဝန္ရွိသူမ်ားက ျပန္လည္ျပန္ျပဳျခင္း လုပ္ငန္းမ်ားကို အျမန္ဆုံး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
အဆိုပါသံကူကြန္ကရစ္တံတားအား KNLAႏွင့္ PDFအၾကမ္းဖက္သမားမ်ားက ၿပီးခဲ့သည့္ ၂၀၂၄ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၉ရက္ေန႔တြင္ တစ္ႀကိမ္၊ ဇူလိုင္လ ၁၆ရက္ေန႔တြင္ တစ္ႀကိမ္ မိုင္းေထာင္ေဖာက္ခြဲခဲ့ၿပီး ယေန႔ ေဖာက္ခြဲမႈမွာ တတိယအႀကိမ္ေျမာက္ ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ထိုသို႔ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့သည့္ အၾကမ္းဖက္သမားမ်ားကို လိုအပ္သည့္ တုံ႔ျပန္မႈမ်ား ျပဳလုပ္ႏိုင္ေရးႏွင့္ နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံေရးလုပ္ငန္းစဥ္မ်ား တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။