ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အရက်ပျံသောက်ကာ အဆုံးစီရင်ရန်မှု ရန်ကုန်မြို့၌ ဖြစ်ပွား
1605
စော(NP News)-ဇွန် ၂
ရန်ကုန်မြို့၊ ကန်တော်ကြီးဥယျာဉ်အတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အရက်ပျံသောက်ကာ သတ်သေရန် ကြိုးစားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၁ ရက်) ညနေ(၄)နာရီဝန်းကျင်အချိန်တွင် ကန်တော်ကြီးဥယျာဉ်၊ ပန်းကန်လုံးကျွန်း တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒီဃာယုက လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဘာကြောင့်သတ်သေရတာလဲဆိုတော့ ယောကျ်ားနဲ့ ရန်ဖြစ်လို့တော့သိရတယ်။ အဲဒီပတ်ဝန်းကျင်က ကျွန်တော် တို့ကို ဖုန်းဆက်တာပါ။ ကျွန်တော်တို့သွားတော့ သတိမရဘူး။ သူ့ဘေးနားမှာ အရက်ပျံတွေ့တယ် အကုန်လုံး သောက်ထားတာပါ။ ကလေးကတော့ (၆)လကျော်၊ (၇)လလောက်ရှိပြီလို့ ပြောတယ်” ဟု ဒီဃာယုက လူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ မထက်ထက်ဝင်းစံဖြစ်ပြီး အသက်(၂၁)နှစ်အရွယ်သာရှိသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
အဆိုပါအမျိုသမီးအား လမ်းမတော်မြို့နယ်ရှိ ဂျပန်ဆေးရုံသို့ပို့ဆောင်ပေးထားပြီး လက်ရှိတွင် ကလေးနှင့် မိခင်နှစ်ဦးစလုံး အခြေအနေမှာ စိုးရိမ်စရာမရှိတော့ကြောင်း သိရသည်။
Zawgyi Version;
ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦး အရက္ပ်ံေသာက္ကာ အဆုံးစီရင္ရန္မႈ ရန္ကုန္ၿမိဳ႕၌ ျဖစ္ပြား
ေစာ(NP News)-ဇြန္ ၂
ရန္ကုန္ၿမိဳ႕၊ ကန္ေတာ္ႀကီးဥယ်ာဥ္အတြင္း ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦး အရက္ပ်ံေသာက္ကာ သတ္ေသရန္ ႀကိဳးစားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဇြန္လ ၁ ရက္) ညေန(၄)နာရီဝန္းက်င္အခ်ိန္တြင္ ကန္ေတာ္ႀကီးဥယ်ာဥ္၊ ပန္းကန္လုံးကြၽန္း တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ဒီဃာယုက လူမႈကူညီေရးအသင္းထံမွ သိရသည္။
“ဘာေၾကာင့္သတ္ေသရတာလဲဆိုေတာ့ ေယာက်္ားနဲ႔ ရန္ျဖစ္လို႔ေတာ့သိရတယ္။ အဲဒီပတ္ဝန္းက်င္က ကြၽန္ေတာ္ တို႔ကို ဖုန္းဆက္တာပါ။ ကြၽန္ေတာ္တို႔သြားေတာ့ သတိမရဘူး။ သူ႔ေဘးနားမွာ အရက္ပ်ံေတြ႕တယ္ အကုန္လုံး ေသာက္ထားတာပါ။ ကေလးကေတာ့ (၆)လေက်ာ္၊ (၇)လေလာက္ရွိၿပီလို႔ ေျပာတယ္” ဟု ဒီဃာယုက လူမႈ ကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမွာ မထက္ထက္ဝင္းစံျဖစ္ၿပီး အသက္(၂၁)ႏွစ္အ႐ြယ္သာရွိေသးေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။
အဆိုပါအမ်ိဳသမီးအား လမ္းမေတာ္ၿမိဳ႕နယ္ရွိ ဂ်ပန္ေဆး႐ုံသို႔ပို႔ေဆာင္ေပးထားၿပီး လက္ရွိတြင္ ကေလးႏွင့္ မိခင္ႏွစ္ဦးစလုံး အေျခအေနမွာ စိုးရိမ္စရာမရွိေတာ့ေၾကာင္း သိရသည္။