ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၁)ဦး သေဆုံး

180

Pika (NP News) - စက်တင်ဘာ ၂ဝ
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘလိုချီစတန်ပြည်နယ်မှာ ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ (၁၁)ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အာဖဂန်နစ္စတန်၊အီရန်နိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဘလိုချီစတန်ပြည်နယ်မှာ စစ်သွေးကြွအဖွဲ့တွေ တိုးမြင့်လာမှုနဲ့အတူ ပါကစ္စတန် စစ်တပ်က အကြမ်းဖက်မှုနှိမ်းနှင်းရေးလုပ်ငန်းစဉ်တွေကို ပိုမိုလုပ်ဆောင်နေချိန်မှာပဲ ယခုလိုဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။ Dasht မြို့မှာ အရန်စစ်သားတွေလိုက်ပါလာတဲ့ယာဉ်တန်းကို အသေခံဗုံးခွဲသမားတစ်ဦးက ဖောက်ခွဲရေးပစ္စည်းတွေတင်ဆောင်လာတဲ့ ကားတစ်စီးနဲ့ဝင်တိုက်ခဲ့ရာ စစ်သား(၃)ဦး အပါအဝင် အနည်းဆုံး လူ(၅)ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းအစိုးရအရာရှိတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ခွဲထွက်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဘလိုချီစတန် လွတ်မြောက် ရေးတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ဘလိုချီစတန်ပြည်နယ်မှာ နောက်ထပ်ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပြီး အလုပ်သမား(၆)ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ခွဲထွက်ရေးအဖွဲ့တွေဟာ ဘလိုချီစတန်ပြည်သူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေကိုအဆုံးသတ်ဖို့ ရည်ရွယ်တဲ့ အနေနဲ့ ပါကစ္စတန်စစ်တပ်ကို ဆယ်စုနှစ်များစွာကြာအောင် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ပါကစၥတန္ႏိုင္ငံ အေနာက္ေတာင္ပိုင္းမွာ ေပါက္ကြဲမႈႏွစ္ခုျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၁၁)ဦး ေသဆုံး
Pika (NP News) - စက္တင္ဘာ ၂ဝ
ပါကစၥတန္ႏိုင္ငံ အေနာက္ေတာင္ပိုင္း ဘလိုခ်ီစတန္ျပည္နယ္မွာ ေပါက္ကြဲမႈႏွစ္ခုျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ (၁၁)ဦးေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အာဖဂန္နစၥတန္၊အီရန္ႏိုင္ငံတို႔နဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ဘလိုခ်ီစတန္ျပည္နယ္မွာ စစ္ေသြးႂကြအဖြဲ႕ေတြ တိုးျမင့္လာမႈနဲ႔အတူ ပါကစၥတန္ စစ္တပ္က အၾကမ္းဖက္မႈႏွိမ္းႏွင္းေရးလုပ္ငန္းစဥ္ေတြကို ပိုမိုလုပ္ေဆာင္ေနခ်ိန္မွာပဲ ယခုလိုျဖစ္ရပ္ေတြ ျဖစ္ပြားခဲ့ တာျဖစ္ပါတယ္။ Dasht ၿမိဳ႕မွာ အရန္စစ္သားေတြလိုက္ပါလာတဲ့ယာဥ္တန္းကို အေသခံဗုံးခြဲသမားတစ္ဦးက ေဖာက္ခြဲေရးပစၥည္းေတြတင္ေဆာင္လာတဲ့ ကားတစ္စီးနဲ႔ဝင္တိုက္ခဲ့ရာ စစ္သား(၃)ဦး အပါအဝင္ အနည္းဆုံး လူ(၅)ဦး ေသဆုံးခဲ့တယ္လို႔ ေဒသတြင္းအစိုးရအရာရွိေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အဲဒီတိုက္ခိုက္မႈကို ၎တို႔လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ ခြဲထြက္ေရးအဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ ဘလိုခ်ီစတန္ လြတ္ေျမာက္ ေရးတပ္ဖြဲ႕က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ဘလိုခ်ီစတန္ျပည္နယ္မွာ ေနာက္ထပ္ေပါက္ကြဲမႈတစ္ခု ထပ္မံျဖစ္ပြားခဲ့ၿပီး အလုပ္သမား(၆)ဦး ေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ခြဲထြက္ေရးအဖြဲ႕ေတြဟာ ဘလိုခ်ီစတန္ျပည္သူေတြအေပၚ ခြဲျခားဆက္ဆံမႈေတြကိုအဆုံးသတ္ဖို႔ ရည္႐ြယ္တဲ့ အေနနဲ႔ ပါကစၥတန္စစ္တပ္ကို ဆယ္စုႏွစ္မ်ားစြာၾကာေအာင္ တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။