ထားဝယ်မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရပြီး ဒဏ်ရာရရှိ
                        
                            
                             
 593
 
                             
                            
                            
                         
                        
သုတကျော် (NP News) - အောက်တိုဘာ ၃၁ 
တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးမှာ နေအိမ် အနီးတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရသောကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း ဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိသူ သတင်းရင်းမြစ် တစ်ဦး က NP News သတင်းဌာန သို့ ပြောသည်။
 
သေနတ်ဖြင့် ပစ်ခတ်ခံရသူ စီးပွားရေး လုပ်ငန်းရှင် ၏ အမည်မှာ ဦးကျော်ကျော်ဦး ဖြစ်ကာ ယနေ့ (အောက်တိုဘာလ ၃၁ ရက်)၊ နံနက်ပိုင်းက ဆင်ပုရပ်ကွက် ရှိ ၎င်း၏ အိမ်အနီးတွင် ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။ 
“သူကားထားတဲ့ နေရာ ကားသွားယူတဲ့ အချိန် အသင့်စောင့်ပြီး အိမ်လမ်းဘက်က ပစ်သွားတာပါ။ ဆိုင်ကယ် တစ်စီး နဲ့ လာတဲ့ အမျိုးသား နှစ်ဦး လို့ သိရပါတယ်” ဟု ၎င်းက ဆိုသည်။ 
ဦးကျော်ကျော်ဦးမှာ ဒဏ်ရာရပြီးနောက် ဆေးဝါး ကုသမှု ခံယူခဲ့ရာ လက်ရှိတွင် ကျန်းမာရေး အခြေအနေ ကောင်းမွန်သော အနေအထား ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 
“ဆေးရုံမှာ သက်သာနေပြီလို့ သိရပါတယ်” ဟု ၎င်းက ဆိုသည်။ 
လက်ရှိတွင် ကျူးလွန်သူများကို ဖမ်းမိရေး အတွက် တာဝန်ရှိသူများက ဆောင်ရွက်နေကြောင်းလည်း သိရသည်။ 
============================
Zawgyi Version
 
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၃၁ 
တနသၤာရီ တိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕မွ စီးပြားေရး လုပ္ငန္းရွင္ တစ္ဦးမွာ ေနအိမ္ အနီးတြင္ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခံရေသာေၾကာင့္ ဒဏ္ရာရရွိခဲ့ေၾကာင္း ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သိရွိသူ သတင္းရင္းျမစ္ တစ္ဦး က NP News သတင္းဌာန သို႔ ေျပာသည္။
 
ေသနတ္ျဖင့္ ပစ္ခတ္ခံရသူ စီးပြားေရး လုပ္ငန္းရွင္ ၏ အမည္မွာ ဦးေက်ာ္ေက်ာ္ဦး ျဖစ္ကာ ယေန႔ (ေအာက္တိုဘာလ ၃၁ ရက္)၊ နံနက္ပိုင္းက ဆင္ပုရပ္ကြက္ ရွိ ၎၏ အိမ္အနီးတြင္ ပစ္ခတ္ခံလိုက္ရျခင္း ျဖစ္ေၾကာင္း သိရသည္။ 
“သူကားထားတဲ့ ေနရာ ကားသြားယူတဲ့ အခ်ိန္ အသင့္ေစာင့္ၿပီး အိမ္လမ္းဘက္က ပစ္သြားတာပါ။ ဆိုင္ကယ္ တစ္စီး နဲ႔ လာတဲ့ အမ်ိဳးသား ႏွစ္ဦး လို႔ သိရပါတယ္” ဟု ၎က ဆိုသည္။ 
ဦးေက်ာ္ေက်ာ္ဦးမွာ ဒဏ္ရာရၿပီးေနာက္ ေဆးဝါး ကုသမႈ ခံယူခဲ့ရာ လက္ရွိတြင္ က်န္းမာေရး အေျခအေန ေကာင္းမြန္ေသာ အေနအထား ျဖစ္ေၾကာင္း ၎က ဆိုသည္။ 
“ေဆး႐ုံမွာ သက္သာေနၿပီလို႔ သိရပါတယ္” ဟု ၎က ဆိုသည္။ 
လက္ရွိတြင္ က်ဴးလြန္သူမ်ားကို ဖမ္းမိေရး အတြက္ တာဝန္ရွိသူမ်ားက ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။