သဲကုန်းမြို့နယ်တွင် ဆွမ်းတော်ကြီးကပ်ပွဲ ကျင်းပစဉ် PDFအဖွဲ့ဝင်များက သေနတ်များဖြင့်ဝင်‌ရောက်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

 916

Pearl (NP News)-‌ေအောက်တိုဘာ ၃၁
သဲကုန်းမြို့နယ်တွင် ဆွမ်းတော်ကြီးကပ်ပွဲ ကျင်းပစဉ် PDFအဖွဲ့ဝင်များက သေနတ်များဖြင့်ဝင်‌ေရာက်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက် ၊ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ကွင်းကြီးကျေးရွာ၌ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါကျေးရွာတွင် ဆွမ်းတော်ကြီးကပ်ပွဲအား ကျင်းပ ပြုလုပ်နေစဉ် PDF အဖွဲ့ဝင် ငါးဦးက ရွှေပန်းတောကျေးရွာမှ ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်များဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အဆိုပါနေရာအနီး ရောက်ရှိနေသည့် ကွင်းကြီးကျေးရွာနေ ဒေါ်မေဇင်ဦး (၃၆)နှစ်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပုတီးကုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပစ်ခတ်တိုက်ခိုက်မှုများ လုပ် ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
သဲကုန္းၿမိဳ႕နယ္တြင္ ဆြမ္းေတာ္ႀကီးကပ္ပြဲ က်င္းပစဥ္ PDFအဖြဲ႕ဝင္မ်ားက ေသနတ္မ်ားျဖင့္ဝင္‌ေရာက္ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦးေသဆုံး
Pearl (NP News)-‌ေေအာက္တိုဘာ ၃၁
သဲကုန္းၿမိဳ႕နယ္တြင္ ဆြမ္းေတာ္ႀကီးကပ္ပြဲ က်င္းပစဥ္ PDFအဖြဲ႕ဝင္မ်ားက ေသနတ္မ်ားျဖင့္ဝင္‌ေရာက္ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦးေသဆုံးသြားခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာ ၂၉ ရက္ ၊ ညေန ၅ နာရီ ၃၀ မိနစ္တြင္ ပဲခူးတိုင္းေဒသႀကီး၊ သဲကုန္းၿမိဳ႕နယ္၊ ကြင္းႀကီးေက်း႐ြာ၌ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အဆိုပါေက်း႐ြာတြင္ ဆြမ္းေတာ္ႀကီးကပ္ပြဲအား က်င္းပ ျပဳလုပ္ေနစဥ္ PDF အဖြဲ႕ဝင္ ငါးဦးက ေ႐ႊပန္းေတာေက်း႐ြာမွ ဆိုင္ကယ္ သုံးစီးျဖင့္ ေရာက္ရွိလာၿပီး ေသနတ္မ်ားျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အဆိုပါေနရာအနီး ေရာက္ရွိေနသည့္ ကြင္းႀကီးေက်း႐ြာေန ေဒၚေမဇင္ဦး (၃၆)ႏွစ္တြင္ က်ည္ထိမွန္ ဒဏ္ရာမ်ားရရွိခဲ့၍ ေဆးကုသႏိုင္ေရး ပုတီးကုန္းတိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ပစ္ခတ္တိုက္ခိုက္မႈမ်ား လုပ္ ေဆာင္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.