ရေးတွင် အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး

 273

ရွှေစင် (NP News) - နိုဝင်ဘာ ၁

ရေးမြို့နယ်တွင် အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့်အောက်တိုဘာ ၃၀ ရက်၊ နေ့လည် ၁၁ နာရီ ခွဲခန့်က မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကော့ပွန် ကျေးရွာအနီး၌ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သံဖြူဇရပ်မြို့နယ်၊ အနင်းကျေး ရွာတွင်နေထိုင်သော ဦးစန်းအောင်(၅၀)နှစ်သည် ရေးမြို့နယ်၊ ကော့ပွန်ကျေးရွာရှိ ၎င်းပိုင်ဥယျာဉ်ခြံမှ အနင်းကျေးရွာသို့ တစ်ဦးတည်း ခြေလျင်ပြန်လာစဉ် ကော့ပွန်ကျေးရွာ၊ ကွန်တိုင်းတံတားအနီး အရောက်၌ KNU အကြမ်းဖက်အဖွဲ့ နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား(စိစစ်ဆဲ)က ရောက်ရှိ လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်သွားခဲ့သဖြင့် ဦးစန်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Zawgyi Version:
ေရးတြင္ အၾကမ္းဖက္သမားမ်ားက ေသနတ္ျဖင့္ပစ္ခတ္မႈေၾကာင့္ အရပ္သားတစ္ဦး ေသဆုံး
ေ႐ႊစင္ (NP News) - ႏိုဝင္ဘာ ၁
ေရးၿမိဳ႕နယ္တြင္ အၾကမ္းဖက္သမားမ်ားက ေသနတ္ျဖင့္ပစ္ခတ္မႈေၾကာင့္ အရပ္သားတစ္ဦးေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ေအာက္တိုဘာ ၃၀ ရက္၊ ေန႔လည္ ၁၁ နာရီ ခြဲခန႔္က မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ ေကာ့ပြန္ ေက်း႐ြာအနီး၌ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
သံျဖဴဇရပ္ၿမိဳ႕နယ္၊ အနင္းေက်း ႐ြာတြင္ေနထိုင္ေသာ ဦးစန္းေအာင္(၅၀)ႏွစ္သည္ ေရးၿမိဳ႕နယ္၊ ေကာ့ပြန္ေက်း႐ြာရွိ ၎ပိုင္ဥယ်ာဥ္ၿခံမွ အနင္းေက်း႐ြာသို႔ တစ္ဦးတည္း ေျခလ်င္ျပန္လာစဥ္ ေကာ့ပြန္ေက်း႐ြာ၊ ကြန္တိုင္းတံတားအနီးအေရာက္၌ KNU အၾကမ္းဖက္အဖြဲ႕ ႏွင့္ PDF အၾကမ္းဖက္သမားမ်ား ပူးေပါင္းအဖြဲ႕ အင္အား(စိစစ္ဆဲ)က ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ပစ္ခတ္သြားခဲ့သျဖင့္ ဦးစန္းေအာင္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ေသနတ္ျဖင့္ ပစ္ခတ္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ ဖမ္းဆီး၍ ဥပေဒႏွင့္အညီအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္ အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.