ရွေးကောက်ပွဲပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်စာ စတေကာကပ်သူများကို အရေးယူ

 590

ချယ်ရီ (NP News) - စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန်ရည်ရွယ်၍ လှုံ့ဆော်စာ စတေကာများကို အများပြည်သူ သွားလာနေသည့်နေရာများ၌ စတေကာ ကပ်၍ လှုံ့ဆော်သူအမျိုးသား(၂)ဦးကို ဖမ်းဆီး အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၇) ရက်၊ နံနက် (၆) နာရီ (၁၅) မိနစ်အချိန်ခန့်က လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရွှေလင်ဘန်းကျေးရွာ၊ ကျန်စစ်သားလမ်းနှင့် ဦးဖိုးလှိုင်လမ်းထောင့်ရှိ လမ်းညွှန်ဆိုင်းဘုတ်၌ အလျား (၇) လက်မ၊ အနံ (၄) လက်မခန့်ရှိသည့် နောက်ခံအနီရောင်ပေါ်တွင် အဝါရောင်ဖြင့် ရွေးကောက်ပွဲအား ဆန့်ကျင်လှုံ့ဆော် ရေးသားထားသည့်စာသားပါ စတေကာတစ်ရွက်နှင့် အနက်ရောင်မဲပုံးပေါ်တွင် ကျည်ဆန်ပုံသဏ္ဌာနများပါ စတေကာတစ်ရွက်တို့ ကပ်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
တာဝန်ရှိသူများက အဆိုပါစတေကာများကို ဖယ်ရှားရှင်းလင်းပြီး ကျူးလွန်သူများကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်းမှ (ပ) (၈၁၇/၂၀၂၅)၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီး ခြင်းမှ ကာကွယ်ရေးဥပဒေပုဒ်မ (၂၃) (က) ဖြင့် အမှုဖွင့်လှစ်ကာ ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့သည့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၌ နေထိုင်သူ များဖြစ်ကြသော အသက် (၂၄) နှစ်အရွယ်ရှိ အောင်ရဲထွဋ် (ခ) ရဲထွဋ်နှင့် အသက် (၂၃)နှစ်အရွယ်ရှိ ရန်နိုင်ကြည်ဝင်း (ခ) ရန်နိုင် (ခ) အကြီးကောင်တို့ကို စက်တင်ဘာလ (၁၈) ရက်၊ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် ၎င်းတို့နေအိမ်မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့၏ ထွက်ဆိုချက်များအရ ၎င်းတို့သည် ရွေးကောက်ပွဲအား ပျက်ပြားစေရန်ရည်ရွယ်၍ စက်တင်ဘာ (၁၃) ရက်က လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာ (၁၀) နေရာ၌ ရွေးကောက်ပွဲများကိုပျက်ပြားစေရန် ရည်ရွယ်ရေးသားထားသည့် စာသားပါစတေကာများဖြင့် အသိပေး လှုံ့ဆော်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ထိုသို့ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့်စက်တင်ဘာလ (၉) ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ရွေးကောက်ပွဲ ကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်ခဲ့သူ(၁)ဦးကို ပြစ်မှုထင်ရှားသဖြင့် တောင်ကြီးမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ်(၇) နှစ်တိတိ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းလည်း ရှိသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲပ်က္ျပားေစရန္ ရည္႐ြယ္လႈံ႕ေဆာ္စာ စေတကာကပ္သူမ်ားကို အေရးယူ
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၂၀
ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာ (အေရွ႕ပိုင္း) ၿမိဳ႕နယ္တြင္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကို ပ်က္ျပားေစရန္ရည္႐ြယ္၍ လႈံ႕ေဆာ္စာ စေတကာမ်ားကို အမ်ားျပည္သူ သြားလာေနသည့္ေနရာမ်ား၌ စေတကာ ကပ္၍ လႈံ႕ေဆာ္သူအမ်ိဳးသား(၂)ဦးကို ဖမ္းဆီး အေရးယူထားေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ စက္တင္ဘာလ (၁၇) ရက္၊ နံနက္ (၆) နာရီ (၁၅) မိနစ္အခ်ိန္ခန႔္က လႈိင္သာယာ (အေရွ႕ပိုင္း) ၿမိဳ႕နယ္၊ ေ႐ႊလင္ဘန္းေက်း႐ြာ၊ က်န္စစ္သားလမ္းႏွင့္ ဦးဖိုးလႈိင္လမ္းေထာင့္ရွိ လမ္းၫႊန္ဆိုင္းဘုတ္၌ အလ်ား (၇) လက္မ၊ အနံ (၄) လက္မခန႔္ရွိသည့္ ေနာက္ခံအနီေရာင္ေပၚတြင္ အဝါေရာင္ျဖင့္ ေ႐ြးေကာက္ပြဲအား ဆန႔္က်င္လႈံ႕ေဆာ္ ေရးသားထားသည့္စာသားပါ စေတကာတစ္႐ြက္ႏွင့္ အနက္ေရာင္မဲပုံးေပၚတြင္ က်ည္ဆန္ပုံသဏၭာနမ်ားပါ စေတကာတစ္႐ြက္တို႔ ကပ္ထားသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။
တာဝန္ရွိသူမ်ားက အဆိုပါစေတကာမ်ားကို ဖယ္ရွားရွင္းလင္းၿပီး က်ဴးလြန္သူမ်ားကို လႈိင္သာယာ (အေရွ႕ပိုင္း) ၿမိဳ႕မရဲစခန္းမွ (ပ) (၈၁၇/၂၀၂၅)၊ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တား ဖ်က္ဆီး ျခင္းမွ ကာကြယ္ေရးဥပေဒပုဒ္မ (၂၃) (က) ျဖင့္ အမႈဖြင့္လွစ္ကာ ေဖာ္ထုတ္ဖမ္းဆီးႏိုင္ရန္ ေဆာင္႐ြက္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ထိုသို႔ေဆာင္႐ြက္ခဲ့ရာ ျပစ္မႈက်ဴးလြန္ခဲ့သည့္ လႈိင္သာယာ (အေရွ႕ပိုင္း) ၿမိဳ႕နယ္၊ အမွတ္ (၆) ရပ္ကြက္၌ ေနထိုင္သူ မ်ားျဖစ္ၾကေသာ အသက္ (၂၄) ႏွစ္အ႐ြယ္ရွိ ေအာင္ရဲထြဋ္ (ခ) ရဲထြဋ္ႏွင့္ အသက္ (၂၃)ႏွစ္အ႐ြယ္ရွိ ရန္ႏိုင္ၾကည္ဝင္း (ခ) ရန္ႏိုင္ (ခ) အႀကီးေကာင္တို႔ကို စက္တင္ဘာလ (၁၈) ရက္၊ ညေန ၅ နာရီဝန္းက်င္ခန႔္တြင္ ၎တို႔ေနအိမ္မွ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
၎တို႔၏ ထြက္ဆိုခ်က္မ်ားအရ ၎တို႔သည္ ေ႐ြးေကာက္ပြဲအား ပ်က္ျပားေစရန္ရည္႐ြယ္၍ စက္တင္ဘာ (၁၃) ရက္က လႈိင္သာယာ (အေရွ႕ပိုင္း) ၿမိဳ႕နယ္ႏွင့္ လႈိင္သာယာ (အေနာက္ပိုင္း) ၿမိဳ႕နယ္အတြင္းရွိ အမ်ားျပည္သူႏွင့္ သက္ဆိုင္ေသာေနရာ (၁၀) ေနရာ၌ ေ႐ြးေကာက္ပြဲမ်ားကိုပ်က္ျပားေစရန္ ရည္႐ြယ္ေရးသားထားသည့္ စာသားပါစေတကာမ်ားျဖင့္ အသိေပး လႈံ႕ေဆာ္ျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ထိုသို႔ျပစ္မႈက်ဴးလြန္သူမ်ားကို ဥပေဒႏွင့္အညီထိေရာက္စြာအေရးယူႏိုင္ေရး ဆက္လက္ ေဆာင္႐ြက္ လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
အလားတူ ၿပီးခဲ့သည့္စက္တင္ဘာလ (၉) ရက္က ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕နယ္၌ ေ႐ြးေကာက္ပြဲ ကို ပ်က္ျပားေစရန္ ရည္႐ြယ္၍ လူမႈကြန္ရက္စာမ်က္ႏွာေပၚ၌ လႈံ႕ေဆာ္ျခင္း၊ ဝါဒျဖန႔္ျခင္းမ်ား လုပ္ေဆာင္ခဲ့သူ(၁)ဦးကို ျပစ္မႈထင္ရွားသျဖင့္ ေတာင္ႀကီးၿမိဳ႕နယ္တရား႐ုံးက အလုပ္ႏွင့္ေထာင္ဒဏ္(၇) ႏွစ္တိတိ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ျခင္းလည္း ရွိသည္။

Related news

© 2021. All rights reserved.